What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတွင်းခံမတ်စ်

ဂျပန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးအတွက် မတ်စ်ကို ခပ်ကြာကြာ မချွတ်စတမ်း တပ်ရသူတွေအတွက် ရည်ရွယ်ပြီး အတွင်းခံမတ်စ်တွေ ထုတ်လုပ်ရောင်းချမှု စတင်ပါတယ်။

အဲဒီအတွင်းခံမတ်စ်တွေကို'Cleanse Inner Mask’ လို့ အမျိုးအစားအမည် သတ်မှတ်ခေါ်ဝေါ်ထားပါတယ်။

အမျိုးသမီး အဝတ်အစား brand ဖြစ်တဲ့ ayumi.mitsukane က ထုတ်လုပ်ဖြန့်ချိပါတယ်။

ဒီမတ်စ်က မတ်စ်အတွင်းမျာ ရှိနေတဲ့ အစိုဓာတ်နဲ့ ချွေးတို့ကို စုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမျိုးအတွက် အထူးသင့်လျော်ပါတယ်။

ပိုးကာကွယ်ပေးမယ့် မတ်စ်ကို မတပ်ခင် အတွင်းခံမတ်ကို နေရာတကျ တပ်ရပါတယ်။ ပြီးတော့မှာ ဝတ်နေကျ မတ်စ်ကို တပ်ရမှာ ဖြစ်ပါတယ်။ ထွက်လေမှာ ပါလာတဲ့ အစိုဓာတ်ကိုလည်း သိမ်းပေးတာကြောင့် မတ်စ်တပ်ထားစဉ် မျက်မှန်အခိုးရိုက်တာကို ကာကွယ်တားဆီးပေးပါတယ်။

ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၀ ဝန်းကျင် ဖြစ်ပါတယ်။

Source: readyfor.jp

 

Screenshot_2021-08-16_214009.jpg

 

 

Screenshot_2021-08-16_214231.jpg

 

 

 

 Japan_Launches_Underwear_Version_Of_Masks_Called_Inner_Masks.gif

 

Read 748 times
Rate this item
(0 votes)