What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara ထူေထာင္သူ အပုိင္း(၂)

ဖက္ရွည္ထည္မ်ား ျပသထားသည့္ မွန္ခန္းထဲမွာ ၾကက္ဖၿမီးေကာက္ေပါက္ အရွင္တစ္ေကာင္ကုိ ထည့္ထားၿပီး လမ္းသြားလမ္းလာေတြ သူ႔ဆုိင္ကုိ ဂ႐ုျပဳမိေအာင္ လုပ္ခဲ့သည္ဟု ၾသတီဂါက ေျပာျပခဲ့ဖူးသည္။

Zara ထူေထာင္သူ အပုိင္း(၁) ဖတ္႐ႈရန္လင့္ခ္

Zara ထူေထာင္သူ အပုိင္း(၁)

ၾသတီဂါသည္ စတုိးဆုိင္ကုိ လူစည္ကားသည့္ေနရာကုိ ေရြးခ်ယ္ၿပီး ဖြင့္လွစ္သည္။ ၁၉၇၅ ခုႏွစ္တြင္ အဦးဆုံး Zara ဆုိင္ကုိ ဖြင့္လွစ္ခဲ့ရာ၌ လာကုိယူနာၿမိဳ႕၏ လူစည္ကားေသာ လမ္းေထာင့္တစ္ေနရာကုိ ေရြးခ်ယ္ခဲ့သည္။ ထုိ႔ေနာက္ သူ႔စတုိးဆုိင္ကုိ လူအမ်ား သတိမူမိေအာင္ အမ်ဳိးမ်ဳိး ႀကံဆလုပ္ကုိင္ခဲ့သည္။

Zara ေအာင္ျမင္တုိးတက္လာခဲ့ရာ တစ္ဆယ္ႏွစ္အၾကာတြင္ ၀န္ထမ္းဦးေရ ၅၀၀ ေက်ာ္ျဖင့္ လုပ္ကုိင္ေနသည့္အျဖစ္သုိ႔ ေရာက္ရွိသည္။ စပိန္ႏုိင္ငံတစ္လႊားတြင္ လက္လီစတုိးဆုိင္မ်ား ဖြင့္လွစ္ထားသည္။

ၾသတီဂါသည္ ေဒသခံမ်ားတြင္ တတ္ကၽြမ္းသည့္ ပန္းထုိးသူမ်ား၊ အပ္ခ်ဳပ္သမမ်ား ရွိေနပါလ်က္ ၎အရင္းအျမစ္ကို အျပည့္အ၀ အသုံးျပဳျခင္း မရွိသည္ကုိ သတိျပဳမိခဲ့သည္။ ထုိအမ်ဳိသမီးမ်ားသည္ အသိအကၽြမ္းမ်ား၊ နီးစပ္သူမ်ားတုိ႔ကုိသာ အခေၾကးေငြအနည္းငယ္ျဖင့္ ပန္းထုိးေပးျခင္း၊ အ၀တ္အစားခ်ဳပ္ေပးျခင္းမ်ား ျပဳၾကသည္က မ်ားသည္။ ထုိအမ်ဳိးသမီးမ်ားကုိ သူက စည္း႐ုံးၿပီး Zara တြင္ အလုပ္လုပ္ဖုိ႔ တုိက္တြန္းသည္။ ခ်ဳပ္ခ၊ ပန္းထုိးခမ်ား ေကာင္းေကာင္းေပးမည္။ အလုပ္ပုံမွန္ ရရွိေနေစမည္။ လုပ္စရာ မ်ားမ်ားစားစားလည္း ရရွိေစရမည္ဟု သူက ကတိေပးသည္။ အာမခံသည္။

သူရဲေကာင္းႏွင့္ လူညစ္
Zara ေအာင္ျမင္တုိးတက္လာသည္ႏွင့္အမွ် အိမ္တြင္းလက္မႈအျဖစ္ လုပ္ကုိင္ၾကေသာ အပ္ခ်ဳပ္သမမ်ား၊ ပန္းထုိးသူမ်ား ၀င္ေငြေကာင္းလာၾကသည္။ ၾသတီဂါ၏ Zara အတြက္ လုပ္ကုိင္သူမ်ား မ်ားလာသည္။ ၾသတီဂါက လက္ရာေကာင္းေကာင္းႏွင့္ အခ်ိန္မီ ခ်ဳပ္ဖုိ႔ ကတိေတာင္းယူထားသည္။ ေရပန္းစားသည့္ ဖက္ရွင္ကုိ သိသိခ်င္း ျမန္ျမန္ဆန္ဆန္ ခ်ဳပ္လုပ္ၿပီး ထုတ္လုပ္ကာ Zara ဆုိင္မ်ားတြင္ ခ်က္ခ်င္း စင္တင္ၿပီး ေရာင္းခ်ေပးႏုိင္ေနေစသည္။ လာကုိယူနာၿမိဳ႕တည္ရွိရာ ဂဲလီစီယာေဒသတြင္း အလုပ္အကုိင္မ်ား ရရွိၾကၿပီး ၀င္ေငြလည္း မွန္ေနၾကသျဖင့္ ေဒသစီးပြားတက္သည္။ ၾသတီဂါသည္ စီးပြားေရးသူရဲေကာင္းတစ္ဦး အျဖစ္ ၾကည္ညိဳေလးစားခံရသည္။ သုိ႔ေသာ္ သူက ေက်ာ္ၾကားျခင္းေၾကာင့္ ပုဂၢလိက တစ္ကုိယ္ေရ လြတ္လပ္မႈ ထိခုိက္မည္ကုိ မလုိလားေခ်။ သုိ႔ျဖစ္ရာ သူ႔ဓာတ္ပုံကုိ ေဖာ္ျပခြင့္ မေပးခဲ့သည္မွာ ၂၀၀၁ ခုႏွစ္အထိ ျဖစ္သည္။


အျခားတစ္ဖက္၌ တန္ရာတန္ေၾကး မေပးဘဲ ညစ္ေလ့ရွိသည္ဟု ၾသတီဂါကုိ စြပ္စြဲသူမ်ားလည္း ရွိေနသည္။ ကုမၸဏီ အဆင္ေျပဖုိ႔ကုိသာ ၾကည့္ၿပီး အထည္ခ်ဳပ္ လုပ္္ငန္းငယ္မ်ားကုိ စာနာေထာက္ထားျခင္း မရွိဟု အျပစ္တင္ခံရျခင္္းမ်ားလည္း ရွိသည္။ ျပႆနာ အႀကီးအက်ယ္ တက္ခဲ့သူမွာ မာရီယာ ဂရာနာျဖစ္သည္။
၁၉၉၈ ခုႏွစ္တြင္ သူမကုိ Zara မွ ေဘာင္းဘီရွည္ အေျမာက္အျမား ခ်ဳပ္လုပ္ေပးရန္ အလုပ္အပ္ႏွံခဲ့သည္။ သုိ႔ျဖစ္ရာ မာရီယာက ဘဏ္ေခ်းေငြ ရယူၿပီး လက္ရွိထက္ ပုိက်ယ္၀န္းသည့္ အထည္ခ်ဳပ္႐ုံတစ္ခု အျမန္စီစဥ္ကာ စက္အသစ္မ်ား တပ္ဆင္သည္။ အပ္ခ်ဳပ္သမ ၂၅ ဦး ငွားရမ္းသည္။ ေျခာက္ႏွစ္တုိင္တုိင္ Zara ၏ အပ္ထည္မ်ား ခ်ဳပ္ေပးခဲ့သည္မွာ အဆင္ေျပခဲ့သည္။
‘‘ျပႆနာ လုပ္လာတာက သူတုိ႔က အမွာစာေပးတာ မျဖစ္ႏုိင္တာေတြ ခုိင္းလာတယ္။ ေဘာင္းဘီ အထည္ ၁၅၀ ကုိ ေန႔ခ်င္းၿပီး ခ်ဳပ္ေပးရမယ္တဲ့။ ေနာက္ေတာ့ စကပ္ေတြ ခ်ဳပ္ခုိင္းတယ္။ ေနာက္ေတာ့ ၀တ္စုံေတြ ခ်ဳပ္ခုိင္းတယ္။ ခ်ဳပ္ရတဲ့ဟာေတြအတြက္ သုံးရတဲ့ စက္ေတြက မတူဘူး။ အဲလုိ အမ်ဳိးအစား ေျပာင္းတုိင္း စက္ေတြ လုိက္ေျပာင္းၿပီး ၀ယ္တပ္ဖုိ႔ဆုိတာ ဘယ္တြက္ေျခကုိက္ေတာ့မလဲ။ ကၽြန္မမွာ အဲဒီလုိ စက္အမ်ဳိးမ်ဳိး လုိက္မေျပာင္းႏုိင္ေတာ့ အမွာစာေတြ ျငင္းရတယ္။ ဒီေတာ့ ရတဲ့အလုပ္က နည္းလာတယ္’’

ၿခံဳငုံ၍ ၾကည့္ပါက Inditex သည္ ဂဲလီစီယာေဒသတြင္ ယူရုိ ၂.၅ ဘီလ်ံဖုိး အလုပ္အပ္ႏွံေၾကာင္း၊ အလုပ္အကုိင္ေပါင္း သုံးေသာင္းႏွစ္ေထာင္ ဖန္တီးေပးေနေၾကာင္း ကုမၸဏီမွ ထုတ္ျပန္ေၾကညာၿပီး တုံ႔ျပန္ေျဖရွင္းခဲ့သည္။
ယခုအခါ Zara သည္ ၀န္ထမ္းေပါင္း တစ္သိန္းေျခာက္ေသာင္းကုိ ကမ႓ာတစ္လႊားရွိ ၎၏ စတုိးဆုိင္မ်ားတြင္ ခန္႔ထားသည္။ ၎တုိ႔အတြက္ ဆုေၾကးစုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၇၂၃ သန္းေက်ာ္ ေပးခဲ့သည္။ ၀န္ထမ္းဦးေရ ၆၀၀၀ ၀န္းက်င္သည္ လာကုိယူနာၿမိဳ႕ရွိ ဌာနခ်ဳပ္တြင္ လုပ္ကုိင္လ်က္ ရွိသည္။ ဒီဇုိင္းထုတ္လုပ္ေရးဌာန၊ သုိေလွာင္ေရးဌာန အစရွိသည့္ ဌာနမ်ားအၾကား ၀ကၤပါသဖြယ္ ျဖစ္ေနေသာ လုိဏ္ေခါင္းမ်ားျဖင့္ ဆက္သြယ္ေပးထားသည္။
ဒီဇုိင္းထုတ္ျခင္း၊ စမ္းသပ္၀တ္ဆင္ေစျခင္းတုိ႔ကုိ ရက္တုိတုိျဖင့္ အၿပီးအျပတ္ လုပ္ကုိင္သည္။ အဆင္မေျပသည္မ်ား ရွိလွ်င္ ခ်က္ခ်င္းမြမ္းမံျပင္ဆင္သည္။ ထုိ႔ေနာက္ ဒီဇုိင္းမ်ားကုိ အတည္ျပဳေပးၿပီး အျမန္ဆုံးၿပီးစီးေအာင္ ခ်ဳပ္ၿပီး ကမ႓ာတစ္လႊားရွိ စတုိးဆုိင္မ်ားေပၚသုိ႔ တင္သည္။ Zara သည္ အသြက္ဖက္ရွင္ Fast Fashion ဆုိသည့္ ဖက္ရွင္ထည္ထုတ္လုပ္နည္းကုိ ေမြးဖြားႀကီးရင့္ေစခဲ့ေပသည္။

 

Zara ထူေထာင္သူ အပုိင္း(၃) ဖတ္႐ႈရန္လင့္ခ္

Zara ထူေထာင္သူ အပုိင္း(၃)

 

Unicode

Zara ထူထောင်သူ အပိုင်း(၂)
=========================
ဖက်ရှည်ထည်များ ပြသထားသည့် မှန်ခန်းထဲမှာ ကြက်ဖမြီးကောက်ပေါက် အရှင်တစ်ကောင်ကို ထည့်ထားပြီး လမ်းသွားလမ်းလာတွေ သူ့ဆိုင်ကို ဂရုပြုမိအောင် လုပ်ခဲ့သည်ဟု သြတီဂါက ပြောပြခဲ့ဖူးသည်။

Zara ထူထောင်သူ အပိုင်း(၁) ဖတ်ရှုရန်လင့်ခ်

Zara ထူေထာင္သူ အပုိင္း(၁) 

သြတီဂါသည် စတိုးဆိုင်ကို လူစည်ကားသည့်နေရာကို ရွေးချယ်ပြီး ဖွင့်လှစ်သည်။ ၁၉၇၅ ခုနှစ်တွင် အဦးဆုံး Zara ဆိုင်ကို ဖွင့်လှစ်ခဲ့ရာ၌ လာကိုယူနာမြို့၏ လူစည်ကားသော လမ်းထောင့်တစ်နေရာကို ရွေးချယ်ခဲ့သည်။ ထို့နောက် သူ့စတိုးဆိုင်ကို လူအများ သတိမူမိအောင် အမျိုးမျိုး ကြံဆလုပ်ကိုင်ခဲ့သည်။

Zara အောင်မြင်တိုးတက်လာခဲ့ရာ တစ်ဆယ်နှစ်အကြာတွင် ဝန်ထမ်းဦးရေ ၅၀၀ ကျော်ဖြင့် လုပ်ကိုင်နေသည့်အဖြစ်သို့ ရောက်ရှိသည်။ စပိန်နိုင်ငံတစ်လွှားတွင် လက်လီစတိုးဆိုင်များ ဖွင့်လှစ်ထားသည်။

သြတီဂါသည် ဒေသခံများတွင် တတ်ကျွမ်းသည့် ပန်းထိုးသူများ၊ အပ်ချုပ်သမများ ရှိနေပါလျက်၎င်းအရင်းအမြစ်ကို အပြည့်အဝ အသုံးပြုခြင်း မရှိသည်ကို သတိပြုမိခဲ့သည်။ ထိုအမျိုသမီးများသည် အသိအကျွမ်းများ၊ နီးစပ်သူများတို့ကိုသာ အခကြေးငွေအနည်းငယ်ဖြင့် ပန်းထိုးပေးခြင်း၊ အဝတ်အစားချုပ်ပေးခြင်းများ ပြုကြသည်က များသည်။ ထိုအမျိုးသမီးများကို သူက စည်းရုံးပြီး Zara တွင် အလုပ်လုပ်ဖို့ တိုက်တွန်းသည်။ ချုပ်ခ၊ ပန်းထိုးခများ ကောင်းကောင်းပေးမည်။ အလုပ်ပုံမှန် ရရှိနေစေမည်။ လုပ်စရာ များများစားစားလည်း ရရှိစေရမည်ဟု သူက ကတိပေးသည်။ အာမခံသည်။

သူရဲကောင်းနှင့် လူညစ်
Zara အောင်မြင်တိုးတက်လာသည်နှင့်အမျှ အိမ်တွင်းလက်မှုအဖြစ် လုပ်ကိုင်ကြသော အပ်ချုပ်သမများ၊ ပန်းထိုးသူများ ဝင်ငွေကောင်းလာကြသည်။ သြတီဂါ၏ Zara အတွက် လုပ်ကိုင်သူများ များလာသည်။ သြတီဂါက လက်ရာကောင်းကောင်းနှင့် အချိန်မီ ချုပ်ဖို့ ကတိတောင်းယူထားသည်။ ရေပန်းစားသည့် ဖက်ရှင်ကို သိသိချင်း မြန်မြန်ဆန်ဆန် ချုပ်လုပ်ပြီး ထုတ်လုပ်ကာ Zara ဆိုင်များတွင် ချက်ချင်း စင်တင်ပြီး ရောင်းချပေးနိုင်နေစေသည်။ လာကိုယူနာမြို့တည်ရှိရာ ဂဲလီစီယာဒေသတွင်း အလုပ်အကိုင်များ ရရှိကြပြီး ဝင်ငွေလည်း မှန်နကြေသဖြင့် ဒေသစီးပွားတက်သည်။ သြတီဂါသည် စီးပွားရေးသူရဲကောင်းတစ်ဦး အဖြစ် ကြည်ညိုလေးစားခံရသည်။ သို့သော် သူက ကျော်ကြားခြင်းကြောင့် ပုဂ္ဂလိက တစ်ကိုယ်ရေ လွတ်လပ်မှု ထိခိုက်မည်ကို မလိုလားချေ။ သို့ဖြစ်ရာ သူ့ဓာတ်ပုံကို ဖော်ပြခွင့် မပေးခဲ့သည်မှာ ၂၀၀၁ ခုနှစ်အထိ ဖြစ်သည်။


အခြားတစ်ဖက်၌ တန်ရာတန်ကြေး မပေးဘဲ ညစ်လေ့ရှိသည်ဟု သြတီဂါကို စွပ်စွဲသူများလည်း ရှိနေသည်။ ကုမ္ပဏီ အဆင်ပြေဖို့ကိုသာ ကြည့်ပြီး အထည်ချုပ် လုပ်ငန်းငယ်များကို စာနာထောက်ထားခြင်း မရှိဟု အပြစ်တင်ခံရခြင်းများလည်း ရှိသည်။ ပြဿနာ အကြီးအကျယ် တက်ခဲ့သူမှာ မာရီယာ ဂရာနာဖြစ်သည်။
၁၉၉၈ ခုနှစ်တွင် သူမကို Zara မှ ဘောင်းဘီရှည် အမြောက်အမြား ချုပ်လုပ်ပေးရန် အလုပ်အပ်နှံခဲ့သည်။ သို့ဖြစ်ရာ မာရီယာက ဘဏ်ချေးငွေ ရယူပြီး လက်ရှိထက် ပိုကျယ်ဝန်းသည့် အထည်ချုပ်ရုံတစ်ခု အမြန်စီစဉ်ကာ စက်အသစ်များ တပ်ဆင်သည်။ အပ်ချုပ်သမ ၂၅ ဦး ငှါးရမ်းသည်။ ခြောက်နှစ်တိုင်တိုင် Zara၏ အပ်ထည်များ ချုပ်ပေးခဲ့သည်မှာ အဆင်ပြေခဲ့သည်။
‘‘ပြဿနာ လုပ်လာတာက သူတို့က အမှာစာပေးတာ မဖြစ်နိုင်တာတွေ ခိုင်းလာတယ်။ ဘောင်းဘီ အထည် ၁၅၀ ကို နေ့ချင်းပြီး ချုပ်ပေးရမယ်တဲ့။ နောက်တော့ စကပ်တွေ ချုပ်ခိုင်းတယ်။ နောက်တော့ ဝတ်စုံတွေ ချုပ်ခိုင်းတယ်။ ချုပ်ရတဲ့ဟာတွေအတွက် သုံးရတဲ့ စက်တွေက မတူဘူး။ အဲလို အမျိုးအစား ပြောင်းတိုင်း စက်တွေ လိုက်ပြောင်းပြီး ဝယ်တပ်ဖို့ဆိုတာ ဘယ်တွက်ခြေကိုက်တော့မလဲ။ ကျွန်မမှာ အဲဒီလို စက်အမျိုးမျိုး လိုက်မပြောင်းနိုင်တော့ အမှာစာတွေ ငြင်းရတယ်။ ဒီတော့ ရတဲ့အလုပ်က နည်းလာတယ်’’

ခြုံငုံ၍ ကြည့်ပါက Inditex သည် ဂဲလီစီယာဒေသတွင် ယူရို ၂.၅ ဘီလျံဖိုး အလုပ်အပ်နှံကြောင်း၊ အလုပ်အကိုင်ပေါင်း သုံးသောင်းနှစ်ထောင် ဖန်တီးပေးနေကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ကြေညာပြီး တုံ့ပြန်ဖြေရှင်းခဲ့သည်။
ယခုအခါ Zara သည် ဝန်ထမ်းပေါင်း တစ်သိန်းခြောက်သောင်းကို ကမ္ဘာတစ်လွှားရှိ၎င်း၏ စတိုးဆိုင်များတွင် ခန့်ထားသည်။၎င်းတို့အတွက် ဆုကြေးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၂၃ သန်းကျော် ပေးခဲ့သည်။ ဝန်ထမ်းဦးရေ ၆၀၀၀ ဝန်းကျင်သည် လာကိုယူနာမြို့ရှိ ဌာနချုပ်တွင် လုပ်ကိုင်လျက် ရှိသည်။ ဒီဇိုင်းထုတ်လုပ်ရေးဌာန၊ သိုလှောင်ရေးဌာန အစရှိသည့် ဌာနများအကြား ဝင်္ကပါသဖွယ် ဖြစ်နေသော လိုဏ်ခေါင်းများဖြင့် ဆက်သွယ်ပေးထားသည်။
ဒီဇိုင်းထုတ်ခြင်း၊ စမ်းသပ်ဝတ်ဆင်စခြေင်းတို့ကို ရက်တိုတိုဖြင့် အပြီးအပြတ် လုပ်ကိုင်သည်။ အဆင်မပြေသည်များ ရှိလျှင် ချက်ချင်းမွမ်းမံပြင်ဆင်သည်။ ထို့နောက် ဒီဇိုင်းများကို အတည်ပြုပေးပြီး အမြန်ဆုံးပြီးစီးအောင် ချုပ်ပြီး ကမ္ဘာတစ်လွှားရှိ စတိုးဆိုင်များပေါ်သို့ တင်သည်။ Zara သည် အသွက်ဖက်ရှင် Fast Fashion ဆိုသည့် ဖက်ရှင်ထည်ထုတ်လုပ်နည်းကို မွေးဖွားကြီးရင့်စေခဲ့ပေသည်။

 

Zara ထူထောင်သူ အပိုင်း(၃) ဖတ်ရှုရန်လင့်ခ်

 

Zara ထူထောင်သူ အပိုင်း(၃)

Read 1073 times
Rate this item
(0 votes)