What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယူကရိန်း ဒီဇိုင်နာ Ksenia Schnaider ရဲ့ ဂျင်းစတိုင်သစ်

ဂျင်းဘောင်းဘီ အတို ၀တ်ရင်ကောင်းမလား၊ အရှည်ဝတ်ရင်ကောင်းမလား။ ဂျင်းစကပ် ၀တ်ရင်ကောင်းမလား။

တောင်တောင်အီအီ စဉ်းစားနေဖို့ မလိုအောင် ယူကရိန်းနိုင်ငံမှ အမျိုးသမီး ဖက်ရှင်ဒီဇိုင်နာ Ksenia Schnaider က အဖြေတစ်ခု ပေးလိုက်တာ အောင်မြင်သွားတယ်။

Schnaider  က စကပ်၊ ဘောင်းဘီတို့နဲ့ ဂျင်းတို့ ပေါင်းစပ်မှု ကွန်ဘို combo လို့ အမည်ပေးထားတယ်။ သူ့ရဲ့ ဂျင်းဘောင်းဘီတွေက တစ်မူထူးနေတယ်။ တစ်ထည်တည်း ချုပ်ထားတာ မဟုတ်ဘူး။ ဂျင်းပုံစံဟောင်း သုံးထည်ကို တွဲချုပ်ပေးထားတယ်။

 

ခေတ်စကားနဲ့ ဘောင်းဘီအတိုကို jorts လို့ ခေတ်စကားနဲ့ ခေါ်ကြတာမို့ ဒီစတိုင် ရေပန်းစားလာတော့ jorts over jeans  လို့ အမည်တွင်တယ်။
လွန်ခဲ့တဲ့ လပိုင်းတုန်းက Dua Lipa က Schnaider ရဲ့ ဂျင်းကို ၀တ်ပြီး Instargram မှာ ပုံတင်ခဲ့တယ်။

 

Dua

dua lapa

 

နောက်တော့ Bella Hadid နဲ့ Gigi Hadid တို့ ၀တ်ပြထားတဲ့ ပုံတွေ Instargram ထပ်တက်လာခဲ့ပြီးတဲ့နောက်မှာ ရေပန်းစားသွားတယ်။

bella hadid

Schnaider က ၂၀၁၆ ခုနှစ်တုန်းက ဂျင်းဖက်ရှင်တွေ လုပ်ကိုင်ခဲ့ဖူးပေမဲ့ ပရိသတ် မရခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်ကျမှ စပြီး ပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ ပထမအသုတ်ကို အွန်လိုင်းမှာ တင်ပြီး ရောင်းချတော့ ၇၂ နာရီအတွင်း အကုန်ရောင်းရလို့ ပစ္စည်းပြတ်သွားတယ်။ “အဲဒီတုန်းက Bella က ၀တ်ပြလိုက်တော့ ဆိုရှယ်မီဒီယာပေါ်မှ သူ့ ပရိသတ်တွေက ၀ယ်ယူအားပေးလိုက်ကြတာ” လို့ Schnaider က ၀န်ခံပါတယ်။ အဲဒီဝယ်ယူသူတွေဟာ သူ့ပရိသတ်မဟုတ်တာ သေချာနေတယ်လို့လည်း သူက ပြောပါတယ်။

making jean

old jean

 

အခုစတိုင်ကို ချုပ်လုပ်ရောင်းချဖို့ ၀တ်ပြီးသား ဂျင်းအဟောင်းတွေကို တစ်ဖန်ပြန်လည် သုံးစွဲထားပါတယ်။ အဲဒါကြောင့် ၀ယ်လိုအား တက်သလောက်တော့ ထုတ်လုပ်မှုအပိုင်းမှာ လိုက်ပြီး ပိုများများ ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ Schnaider က ပြောပါတယ်။

jean style

Read 1118 times
Rate this item
(0 votes)