What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာမြစန္ဒာမောင်နှင့် အင်တာဗျူး

ငယ်စဉ်ထဲက သူများကို လှစေချင်သည့် စိတ်ဖြင့် အင်္ကျီလှလှလေးတွေ ချုပ်ပေးချင်သူက ဒီဇိုင်နာမြစန္ဒာမောင်ပါ။ သူ့ကိုတော့ ဒီဇိုင်းကြောင်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့ ..............

-ဘယ်အချိန်ကစပြီးဒီဇိုင်းတွေကိုစိတ်ဝင်စားခဲ့တာလဲ။

ဒီဇိုင်းပညာကို စိတ်ဝင်စားတာက ငယ်ငယ်ထဲကလို့တော့ပြောလို့ရပါတယ်။အင်္ကျီပုံလေးတွေဆွဲမယ် သူများကိုလှလှလေးဆင်ပေးချင်တဲ့စိတ်ကငယ်ငယ်လေးထဲကရှိခဲ့တာပါ။

-ဒီဇိုင်းပညာကို ဘယ်မှာလေ့လာသင်ယူခဲ့လဲ။

လက်ဦးဆရာတွေကတော့ညီမရဲ့အစ်မဝမ်းကွဲတွေပေါ့ ပြီးတော့ ဆရာမဒေါ်ခင်မျိုးဝင်း (M-1အကယ်ဒမီ)မှာသင်တန်းတက်တယ် သင်တန်းဆင်းတော့မကြာဘူးဆိုင်ဖွင့်ဖြစ်တယ် ပြီးတော့ ဘန်ကောက်က BNK studio ဒီဇိုင်နာသင်တန်းကျောင်းမှာလေ့လာသင်ယူခဲ့ပါတယ် ခုလဲ မမြဲလေ့လာသင်ယူနေဆဲပါ

-ဒီအလုပ်ကကိုယ့်အတွက် ဘယ်လောက်အရေးပါလဲ။

ဒီအလုပ်က ညီမအတွက်တော့ 100%အရေးပါ တယ် က်ုယ်စိတ်ကြိုက်ရွေးချယ်ပြီူခုပ်ဖြစ်တာဆိုတော့ ပျော်ပါတယ် ဝင်ငွေအားဖြင့်လဲ ထိုက်တန်တဲ့ အတိုင်းအတာရှိတော့ ကျေနပ်စရာကောင်းတဲ့ အတွက် အရမ်းအရေးပါတဲ့ အလုပ်ပါ

30623824 1792245107499129 239728620443009024 o

-ဒီဇိုင်းကောင်းတခုဖြစ်ဖို့ဘယ်လိုအချက်တွေကအရေးပါလဲ။

ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကကျတာတော့ စိတ်ရှည်ရမယ် စိတ်စေတနာအပြည့်နဲ့ အလုပ်ပေါ်အာရုံထားရမယ်ပေါ့ ပြီးတော့ ကိုယ့်ရဲ့ ဖန်တီးမှုတွေကအမြဲ update ဖြစ်နေရမယ် ချုပ်ရိုးချုပ်သားတွေက သပ်ရပြီး Cuttings ကောင်းရမယ် သူတို့ရဲ့ ကိုယ်ပိုင်style တွေကနေကွဲထွက်လွန်းတဲ့ ဝတ်စုံတွေကို ရှောင်ရမယ်ပေါ့ ညီမကတော့ ဒါတွေအဓိကလိုအပ်တယ်လို့ ထင်ပါတယ်

-ဒီနေ့အချိန်မှာ ဒီဇိုင်းအသစ်အဆန်းတွေအမျိုးမျိုးမြင်တွေ့နေရပါတယ်။ဘယ်လိုဒီဇိုင်းမျိုးကရေရှည်တည်တံ့တဲ့ ဒီဇိုင်းဖြစ်မယ်ထင်ပါသလဲ။

ဒီဇိုင်နာနဲ့အပ်ကြတယ်ဆိုတာက သီးသန့်လေးဝတ်ချင်လို့ အပ်ကြတာဆိုတော့ ညီမကတော့ Copy တွေရှောင်ပါတယ် copy ယူတယ်ဆိုရင်တောင့် ကိုယ်ပိုင် Creation နဲ့ဖန်တီးပေးပါတယ် အရမ်းcreation တွေများပြီးရှုပ်ရှက်ခတ်နေတာတွေကိုရှောင်ရမယ် ဝတ်လိုက်ရင် စမတ်ကျပြီး ရိုးရိုးလေးနဲ့ အမြင်ဆန်းတာလေးတွေကဘဲ အမြဲဆန်းသစ်နေစေတဲ့ ဒီဇိုင်းတွေပေါ့

30656228 1792245374165769 4070746745900892160 n

-ဒီဆိုင်ရဲ့ အားသာချက်ကဘာဖြစ်မလဲ။

ကိုယ့်ရဲ့ အားသာချက်ကတော့ သူတို့အပေါ်ကို စိတ်စေတနာအပြည့်နဲ့ ဖန်တီးပေးပါတယ် ကိုယ့်ဖန်တီးပေးတာနဲ့ သူတို့ပေးတာနဲ့တန်အောင် ဒီဇိုင်းပိုင်းမှာလဲ အမြဲ ဂရုစိုက်ပြီး သေချာလုပ်ပေးပါတယ် အဓိကကတော့ စိတ်ရှည်ရပေးရတယ်ပေါ့ ဒါတွေကကိုယ့်ရဲ့အားသာချက်တွေလို့ပြောရမှာပါ

-2018မှာ ဘယ်လိုဒီဇိုင်းတွေကခေတ်စားမယ်ထင်လဲ။

2018မှာ အရောင်ဖျော့လေးတွေ ကခေတ်စားလာနိုင်ပါတယ် Nut color လေးတွေပေါ်မှာ hands made လေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာလေးတွေ ဒီ2018 ရဲ့လူကြိုက်များမယ့်ဒီဇိုင်းတွေဖြစ်မယ်လို့ ထင်ပါတယ်

-ဒီဇိုင်းသစ်တခုဖန်တီးတဲ့ အခါစိတ်ကူးနဲ့ လက်တွေ့ တထပ်တည်းကျရဲ့ လား။ကွဲလွဲသွားတာမျိုးရှိလား။

အသစ်တစ်ခုဖန်တီးတဲ့အခါ ကိုယ့်ရဲ့စိတ်ကူးတွေကို Customers တွေကိုအရင်ချပြတယ်ပေါ့နော်ပြီးရင် သူတို့ကြိုကိဆာလေးနဲ့ ကိုယ်ရဲ့ဖန်တီးမှုကိုအမြဲညှိပြီး ဖန်တီးတာမို့ customers တွေရဲ့အကြိုက်နဲ့တော့အမြဲထပ်တူကျပါတယ်

30594236 1792243424165964 3712174709635284992 n

-ဒီဇိုင်းတွေ update ဖြစ်ဖို့ဘယ်လိုလေ့လာလဲ။

အခုခေတ်ကိုက Fashion ခေတ်ပေါ့နော် လူတိုင်းက Fashion ကိုအလေးထားလာကြပြီ ကိုယ်ပိုင်စတိုင်နဲါကိုယ်ပိုင်ဟန်လေးတွေ နဲ့ဝတ်လာကြတော့ အမြဲဆန်းသစ်ပြီး update ဖန်တီးနေအောင်အမြဲလေ့လာကြိုးစားနေပါတယ်လိုပါ။

-customer တွေကို အမှတ်တရစကားလေးပြောပေးပါဦး။

၅နှစ်တာကာလအတွင်ူမှာ အမြဲအားပေးခဲ့ကြတဲ့ customers တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ် သူတို့တွေရဲ့ အစဉ်အားပေးမှုကြောင့်တာယနေ့ထိရပ်တည်နေတာပါ ဒီထက်အများကြီးဖန်တီးနိုင်အောင်လဲ အမြဲကြိုးစားနေမှာမို့ ညီမကိုအားပေးကြပါဦးနော် ဒီကနေတဆင့် လို့ပြောူချင်ပါတ ကျေးဇူးတင်ပါတယ်။

Read 3119 times
Rate this item
(1 Vote)