What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူငယ်တွေကြားမှာ ရေပန်းစားလာနိုင်သည့် 2021 Export Quality Fashion

လက်ရှိ 2021 Fashion Stream မှာ စီးမျောနေဆဲ ဖြစ်သည့် Gucci , Prada , Coach အစရှိသည့် နာမည်ကြီး Brand တွေက ဘယ်လာတယ်လို့ ထင်ပါသလဲ၊ ဟုတ်ပါတယ်၊ ဒီ Brand တွေအကုန်လုံးက မြန်မာနိုင်ငံက ထွက်ကြတာပါ။

ပိတ်စ ကုန်ကြမ်းက အစ Cutting, Label အဆုံး မြန်မာနိုင်ငံမှာရှိသည့် စက်ရုံများတွင် အစအဆုံးချုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနေကြတာ ဖြစ်ပါသည်။ အဆိုပါ Brand တွေမှာ Made in Myanmar ဆိုသည့် အမှတ်အသားနှင့်ပင် အလွန်ပင် ဂုဏ်ယူစရာကောင်းနေပြီ ဖြစ်ပါသည်။

Export ထည်ဆိုသည်မှာ Shipping မမှီခြင်း၊ Error ချုပ်ရိုးလွဲခြင်း၊ ကတ်ကြေးရာများပါခြင်း အစရှိသည့် အနာအဆာ အနည်းငယ်ပါသည့် အထည်များကို Price Tag နှင့် Label ဖြုတ်ပြီး ပြည်တွင်းတွင် ပြန်‌ရောင်းကြခြင်းဖြစ်ပါသည်။

ယခုလက်ရှိတွင် ပြည်တွင်းတွင် ချုပ်သည့် Export Quality အထည်များ၏ စိတ်ဝင်စားမှုသည် မြင့်တက်လျက်ရှိပြီး ဈေးကွက်အင်အားများသည်လည်း တောင့်တင်းလာပြီ ဖြစ်ပါသည်။

လူငယ်များကြားတွင်လည်း "ဟင်... ဘာလို့ Brand ကြီးဝတ်နေတော့မှာလဲ ဒီ Quality မျိုးနဲ့ဆို Export ပဲ ပျော်ပျော်ကြီး ပေးဝတ်တော့မယ်" "Quality ကောင်းကလည်းကောင်းတယ်၊ Brand တစ်ထည်နေရာမှာ ဒီငွေပမာဏနဲ့ပဲ နောက်တစ်မျိုး ထပ်ဝယ်လို့ရနေပြီလေ " ဆိုသည့် မိမိ ဘတ်ဂျက်ကို ချွေတာနိုင်မည့် ချိန်ခွင်ဖက်မှ နေ၍ ချိန်ဆဝတ်ဆင်လာကြပြီ ဖြစ်ပါသည်။

ဒါကြောင့် လူငယ်များ ဘာကြောင့် ဒီ Export အထည်တွေကို ပိုပြီး မျက်စိကျလာကြလဲ ဆိုတာ ဆန်းစစ်ကြည့်ရအောင်

- နိုင်ငံတကာ နာမည်ကြီး Brand များ၏ Casual Wears များ၊ အဝတ်အစားကအစ ဖိနပ် အိတ်အဆုံး နိုင်ငံခြားကို ပို့တဲ့ အရည်အသွေးအတိုင်း Quality ကောင်းကောင်းဝတ်ဆင်ရခြင်း၊

- နာမည်ကြီး Brand တော်တော်များများ၏ Logo Tag မှာ Made In Myanmar ဆိုတာ သိပ်ဂုဏ်ယူစရာကောင်းပြီး အဲ့ဒီလို၊ ကိုယ့်နိုင်ငံကချုပ်ပြီး ထုတ်ပြီး နိုင်ငံခြားကို သွင်းမယ့် Quality မျိုး ဝတ်ဆင်ရခြင်း။

- ဘေထုတ်် လမ်းဘေးထည်ကဲ့သို့ အပေါစားတွေလို ဝတ်ပြီးသား တစ်ပတ်နွမ်းမဟုတ်ဘဲ စက်ရုံချုပ် နိုင်ငံခြားပို့မည့် အသားအကောင်းဆုံး အသစ်တွေကို error အနည်းဆုံး အကောင်းဆုံးအနေအထားမှာ ဝတ်ဆင်ရခြင်း။

- ကျန်တဲ့ Quality အကုန်တူနေပြီး ဈေးနှုန်းက ၁၀ ဆ ၁ ဆလောက်တန်ပြီးသက်သာခြင်း။

- International Quality ဖြစ်သည့် အပြင် Size Chart အစုံရှိခြင်း။

- တစ်ထည်တစ်ခါဝယ်ပြီးရင် တစ်သက်လုံး ဝတ်လို့ရတဲ့ထိ အသား၊ အရည်အသွေး၊ချုပ်ရိုး အကုန် ပေးရတဲ့ဈေးထက် မက တန်တန်ပြန်နိုင်ခြင်း။

ဒါကြောင့် Quality တူနေသည့် အပြင် မြန်မာနိုင်ငံထွက်သည့် အထည်များကို အားမပေးဘဲ ဘာကြောင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများကို ‌အားပေးနေကြဦးမှာလဲနော်။

ပြည်တွင်းဖြစ် ကို အားပေးပါ။ Made in Myanmar ကို ဂုဏ်ယူပါ။

Read 1039 times
Rate this item
(0 votes)