What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်အသားပေးတဲ့ ရုပ်ရှင်အတွက် မင်းသမီး ၂ ဦးကိုStylistလုပ်ပေးသူ ဖြိုးသီဟနှင့် အင်တာဗျူး

သုဒြာရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်ရိုက်ကူးထားသည့် Reflection ဇာတ်ကားကြီးဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရပြီး ဇာတ်ကားထဲ က ဖက်ရှင်တွေကလဲ အရမ်းကို ဖက်ရှင်ကျတာတွေ့ရပါတယ်။ ဒီလိုဖက်ရှင်ကျဖို့ကို ထုတ်လုပ်ရေးက သိန်းပေါင်းများစွာ အကုန်ကျခံရိုက်ကူးခဲ့တယ်လို့လဲ သိရပါတယ်။ ဒီဇာတ်ကားအတွက် မင်းသမီး၂ယောက်ကို stylist လုပ်ပေးထားသူက ဖြိုးသီဟပါ

။ ဖြိုးသီဟ ကို ဇာတ်ကားအတွက် စီစဉ်ပေးဖြစ်ပုံများကို မေးမြန်းထားတာကတော့ 

-Reflectionဇာတ်ကားမှာ စီစဉ်ပေးဖြစ်တာကိုလေကိုပြောပြပေးပါအုံး။

Reflectionကားမှာ ကျွန်တော် မအူဝဲ (အိန္ဒြာကျော်ဇင်)နဲ့ မခိုင်ကြီး(ထွန်းအိန္ဒြာဗိုလ်)ကို ကျွန်တော် တကားလုံး အတွက် ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီး စီစဉ်ပေးထားပါတယ်။မခိုင်ကိုကျတော့အဓိကကျတဲ့ အခန်းတွေမှာ မိတ်ဆက်ပေးဖြစ်ပါတယ်။မအူဝဲကိုကျတော့ဇာတ်ကားရဲ့တကားလုံးအစအဆုံးစီစဉ်ပေးဖြစ်တာပေါ့။မအူဝဲရဲ့ ကမ်းလန်းချက်နဲ့စီစဉ်ပေးဖြစ်တာပါ။

-မခိုင် (ထွန်းအိန္ဒြာဗိုလ်)ကိုကျတော့ဘယ်လိုဖက်ရှင်မျိုးလေတွေစီစဉ်ပေးပြီးတော့မအူဝဲကိုကျတော့ဘယ်လိုဖက်ရှင်မျိုးလေတွေကို စီစဉ်ပေးထားတာလည်းအကို။

မခိုင်ကိုကျတော့ထွေးထွေးထူးထူးမလုပ်ထားပါဘူး။သူရဲ့ဇာတ်ညွှန်းတွေကိုဖတ်ပြီးကိုယ်လုပ်ရမဲ့ကရိုက်တာကဘာလဲဆိုတာကိုကြည့်ပြီးတော့စီစဉ်ပေးဖြစ်ပါတယ်။မခိုင်ကိုကတော့ထွေးထွေးထူးထူးသိပ်လုပ်လို့လည်းမရပါဘူးအသက်အရွယ်ကြောင့်ပါ။မအူဝဲကိုကျတော့သူကအငယ်သုံးယောက်ထဲမှာအကြီးဆုံးဖြစ်ပါတယ်။မအူဝဲရဲ့ပုံစံကို အငယ်တွေလိုလဲလုပ်လိုမရပါဘူး။အရမ်းကြီးလဲဖေါ်လို့မရဘူးကာရိုက်တာအရမိန်းမလဲဆန်ရမယ် ဇာတ်ဝင်ခန်းအရကြမ်းသင့်တဲ့နေ ရာမှာလည်းကြမ်းရမယ်အဲ့အပေါ်ကိုမူတည်ပြီးတော့ Themeလေး တစ်ခုဘဲအသုံးပြုထားတာပါ။

29136062 2041979896071330 8356597830769932057 n29216015 2043411882594798 4404718504661078064 n

-မအူဝဲရဲ့ဖက်ရှင်ကတော့ခေတ်နဲ့သင့်လျော်ပြီးအရမ်းမိုက်တယ်၊ဒါတွေကိုဘယ်လိုလေ့လာပြီးစီစဉ်ပေးဖြစ် တာလဲ။

အဓိက ကတော့ဇာတ်ညွှန်းပုံစံအရဖိုက်တင်းခန်း ဆို ဖိုက်တင်းခန်း၊ကျားထိုးတဲ့အခန်းဆိုကျားထိုးတဲ့ပုံစံအတိုင်း အခြားသူများနဲ့မတူအောင်လှနေအောင်၊ထင်ပေါ်တဲ့ ပုံစံလည်းဖြစ်ရမယ်၊Smart ဖြစ်တဲ့ပုံစံ၊ရိုးရှင်းတဲ့ပုံစံဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။ရှပ်ရှင်ကကျတော့MTVတွေနဲ့မတူ အောင်လုပ် ရတာပါ။MTVတွေကို ဖက်ရှင်Showလိုဘဲကိုယ်လုပ်ချင်တဲ့ပုံစံတွေအတိုင်းလုပ်လို့ရပါတယ်။ ရှပ်ရှင်က ကျတော့ဇာတ်ဝင်ခန်းနဲ့ဇာတ်ကားပေါ်မှာလည်းမူတည်ပါတယ်။ပြီးတော့နိုင်ငံတစ်နိုင်ငံရဲ့အနေအထားနဲ့ပရိတ်သတ်တွေလက်ခံနိုင်အောင်လည်းစီစဉ်ပေးရတာဖြစ်ပါတယ်။ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတွေအပေါ်မူတည်ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေတစ်ခါတည်းရန်ကုန်ကနေဝယ်သွားရပါတယ်။လူစားထိုးတဲ့အခါမအူဝဲအတွက် အဆင်ပြေအောင်စီစဉ်ပေးထားပါတယ်။လူစားထိုးလို့ထိုးမှန်းမသိအောင်ကို စီစဉ်ပေးထားပါတယ်။ ကျနော်ကကျတော့ငယ်ငယ်ထဲဖက်ရှင်ရယ်လို့ မဟုတ်ဘူး Crativity ပေါ့။ဖက်ရှင်ကို ကျွန်တော် အဓိကမထားပါဘူး။stylist လို့သာမြန်မာပြည်မှာခေါ်ဝေါ်နေကြတာပေါ့။ကျနော်ကတော့ art –director ဘက်ဆိုရင်တော့ ပိုမှန်မယ်ပေါ့။ဖက်ရှင်ဘက်မှာတော့သိပ်မရှိဘူးart Directing ရဲ့အောက်မှာဘဲရှိ တာပါ။ဘာလိုလဲဆိုတော့ကျနော်ကဖက်ရှင်တစ်ခုဘဲကိုစိတ်ဝင်စားတာမဟုတ်ဘဲ ကာလာအချိတ်အဆက်ကအစ သွားတဲ့ theme နဲ့lighting အလင်းအမှောင်ကိုကအစလေ့လာပါတယ်။MTV တစ်ခုကြည့်ပြီးဆိုလျှင်လည်းသူတို့ဘာဝတ်ထားလည်ဆိုတာကိုမကြည့်ဘူး။အစကနေအဆုံးသတို့ ဘယ်theme နဲ့ သွားထားလဲ။အလင်းအမှောင်ကိုပြုလုပ်ထားလည်း၊ဘယ်လို မျိုးလုပ်ထားလည်းဒါတွေအစ ကျနော်လေ့လာပါတယ်။ကျောင်းတွေပါတွေ ကျွန်တော် သွားတက်ထားတာတွေမရှိဘူး ဒါတွေကိုလေ့လာဖို့အတွက်ပိုက်ဆံပေးပြီး သင်တဲ့ကာလ တစ်ခုထက် ကျနော်သင်ယူထားတာက ပိုပါတယ်။

26805278 2011324952470158 2780903936675021497 n26992760 2015735662029087 1158734964245607763 n

-Reflectionဇာတ်ကားနဲ့ပက်သက်ပြီးအခက်အခဲလေးတွေကိုပြောပြပေးပါအုံး။

ဇာတ်ကားစရိုက်တဲ့အချိန်ကပိတ်ရက်တွေက များခဲ့ပါတယ်။ဇာတ်ကားရိုက်ဖို့အတွက်ကြိုပြောထားတာလည်းရှိပါတယ်။တကယ်တမ်းကျတော့ကားရိုက်ဖို့အရမ်းနီးကပ်သွားတော့ ပြင်ဆင်ဖို့အတွက်ကိုရန်ကုန်မှာကျနော်ဆိုင်မှာဘဲအားလုံးကိုစုပြုံပြီးယူတော့အဆင်မပြေဘူး ကျနော်ကလည်း အခန်းတစ်ခန်းရှာရတာပေါ့။အဒါနဲ့မအူဝဲကို တစ်ရက် ဇာတ်ကားရဲ့ဘယ်အခန်းမှာ ဘာဝတ်ရမလဲဆိုတာကိုကြည့်ပြီးတော့ ဝတ်ခိုင်းခဲ့ရတာပေါ့။အဲ့ထဲကနေ အဆင်ပြေပြီးလိုက်ဖက်မဲ့ဖက်ရှင် လေးတွေကိုသက်သက်ဖယ်ထားပြီးမကြိုက်တဲ့ဟာတွေပြန်ဖယ်လိုက်တာပေါ့။အဲ့ဒီကဖက်ရှင်ဒီဇိုင်းအဝတ်အစားတွေရှားသွားပေါ့။ပြီးတော့ရန်ကုန်မှာလည်းဖြစ်နေတော့ဆိုင်တစ်ဆိုင်ထဲမှာဘဲစုပီးယူလိုက်ကျတော့ ကျွန်တော်တို့ တော်တော်ရှာဖို့ခက်သွားတယ်။ မိုက်တာတွေဆိုယူပီးသွားပီ ကားထဲက မင်းသမီးတွေအတွက် ယူထားပြီးပီ အဲ့ဆိုင်ကပြောလို့ပေါ့ ။အဲ့တာကြောင့် မတူအောင်ကိုယ့် themeနဲ့ ကိုယ် ရှာပေးခဲ့ပါတယ်။

19247637 2015735555362431 2998425219944769464 n

တကယ်တော့ဇာတ်ကားရိုက်ဖို့ရက်ကပ်နေတော့တော်တော်ကို အခက်ခဲရှိခဲ့ပါတယ်။နောက်ထပ်အခက်အခဲတွေက ကိုယ်ရွေး ထားတဲ့ဒီဇိုင်းတွေကိုပြောပြရပါတယ်။မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် တူသွားမှာဆိုတဲ့အတွက်ပါ။ ကျနော်တို့ကStylistလည်းဖြစ်တဲ့အတွက် မအူဝဲကိုပြင်ဆင်ပေးဖို့အတွက်နဲနဲတော့ခက်ပါတယ်။အခုခေတ်မှာ ကျတောတို့ဖက်ရှင်ပိုင်းက နဲနဲ Hotလာတော့ မအူဝဲနဲ့ကျအဆင်မပြေပါဘူး။မအူဝဲကိုကျတော့ တည်ငြိမ်တဲ့ပုံစံဒီဇိုင်းတွေပြုလုပ်ပေးရမှာဆိုတဲ့အတွက်ပါ။မအူဝဲ ကိုခေတ်နဲ့အညီဖက်ရှင်လည်းကျရမယ်တည်ငြိမ်တဲ့ပုံစံဖြစ်တဲ့အဝတ်တွေ ကိုရှာရတာတော့နဲနဲအခက်ခဲ ရှိတာပေါ့။

Read 1698 times
Rate this item
(1 Vote)