What's new

×

Warning

JUser: :_load: Unable to load user with ID: 845


GoT မှ Daenerys ရဲ့ ဇာတ်ဝတ်ဇာတ်စား လျို့ဝှက်ချက်များ

Game of Thrones ကာလရှည်ကြာ အောင်မြင်မှုကို ထိန်းထားနိုင်တာဟာ ထုတ်လုပ်သမျှအပိုင်းတိုင်း အရည်အသွေး အဘက်ဘက်မှာ မြင့်မားလို့ ဆိုတာ ငြင်းစရာအကြောင်း မရှိဘူး။ အဲဒီလို မြင့်မားတဲ့ အရည်အသွေးတွေထဲမှာ တစ်ခုက ဇာတ်ကောင်တွေ ၀တ်စားဆင်ယင်တဲ့ ဇာတ်ဝတ်ဇာတ်စားတွေဟာလည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။


အထူးသဖြင့် ရှေးခေတ်ဝတ်စုံတွေဟာ ပရိသတ်အဖို့ တကယ်ပဲ အစစ်ဖြစ်မယ်လို့ ယုံမိတဲ့အထိဖြစ်အောင် ပီပြင်ဖို့ လိုပါတယ်။ အဲဒီလို အစစ်ဖြစ်မယ်လို့ မမြင်ရင် အဲဒီဇာတ်ကားဟာ ပေါ့ရွှတ်ရွှတ်နဲ့ ဖြစ်နေတာကို ရာဇ၀င်ကားတွေ ကြည့်ဖူးသူတိုင်း သိကြပါတယ်။ ရှေးခေတ် အ၀တ်အစားကို တုပ ၀တ်ထားတယ်လို့ ပရိသတ်ရဲ့ အမြင်မှာ မြင်နေသရွေ့တော့ ဇာတ်ဝတ်ဇာတ်စားတွေကို သည်းခံပြီး ဇာတ်လမ်းကို ကြည့်နေရတာ ကြုံဖူးကြမှာပါ။
Game of Thrones ရဲ့ ဇာတ်ဝတ်ဇာတ်စားတွေအတွက် ကျေးဇူးပြုပေးသူကတော့ ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်နာ မစ်ရှဲ ကလပ်ပ်တန် Michele Clapton ဖြစ်ပါတယ်။

michele clapton compressed


သူက Game of Thrones စလုံးရေစကတည်းက ဇာတ်ဝတ်ဇာတ်စားတွေကို ဖက်ရှင်ဒီဇိုင်းတွေ ထုတ်ပေးခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ၀က်ဘ်ဆိုက်က ဒီမှာပါ

http://www.micheleclapton.com/

 

သူက Season 5 အထိ လုပ်ကိုင်ပေးခဲ့ပြီး Season 6 မှာ နားတယ်။ သူ မပါဘူး။ Season 7 ကျမှ သူ ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။

fashion in the seven kingdoms toppage

“ဇာတ်ကောင်တွေက ကျမအဖို့တော့ တကယ့်လူတွေလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာကို ကျမ လုပ်ကိုင်လာတာ အတော်ကြာသွားပြီလေ”
လို့ သူက ပြောပြပါတယ်။
Season 7 မှာ သူပြန်လာလုပ်ကိုင်တော့ စစ်ဘုရင်မ Daenerys ရဲ့ အမည်းရောင် ၀တ်စုံအမျိုးမျိုး ဖန်တီးပေလိုက်တယ်။

Season တိုင်းမှာ Daenerys ၀တ်စားပုံက သူ့ဘ၀ ကျောက်ခဏချထားတဲ့နေရာအရ ပြောင်းလဲနေတယ်။

ပထမဆုံးမှာ သူက အပျိုစင်။ အလွန်သိမ်မွေ့နူးညံ့တဲ့ အပျိုလေး။


နောက်တော့ Dothraki ဘုရင်မ။ နောက်တော့ ကျေးကျွန်တွေ လွတ်မြောက်စေသူ။

နယ်မြေအမျိုးမျိုးရဲ့ ကျေးကျွန်းတွေရဲ့ အ၀တ်အစားမျိုးဆန်ဆန်တွေ သူဝတ်ဆင်တယ်။

blue

dany breaker of chains

Khal Drogo ကို သတိတရဖြစ်နေတဲ့ကာလမှာ လွမ်းဆွတ်မှုတွေ ရှိနေခဲ့တာ ကျန်ခဲ့ပြီ။

လွမ်းဆွတ်တဲ့ အပြာရောင်တွေ ၀တ်နေခဲ့ရာမှ Daenerys ဘ၀အသစ်ပုံပြောင်းသွားတယ်။

အဖြူရောင်တွေ ၀တ်ဆင်စေတယ်။ ခိုမီးခိုးရောင်တွေ ၀တ်တာလည်း ရှိမယ်။ “သူက မုဆိုးမ ဖြစ်ခဲ့ရာမှ ပါဝါ ရှိတဲ့သူ ဖြစ်လာတယ်။

တော်ရုံနဲ့တော့ သေဘေးကို မတွေ့တော့တဲ့သူ။ ဒီတော့ ကျွန်မက သူ့ကို သူတစ်ပါးတို့က မထိဝံ့တဲ့သူအဖြစ် ပုံဖော်ဖို့ အဖြူရောင်တွေ ပြောင်းသုံးတယ်။

အဖြူနဲ့ မီးခိုးပျော့တို့က အပြောင်းအရွေ့ကို အဓိပ္ပာယ်ဖော်ပေးတယ်” လို့ ကလက်ပ်တွန်က ရှင်းပြတယ်။

 

grey pale

 

ကလက်ပ်တွန်က ၀တ်စုံမှာ လျှို့ဝှက်ချက်တစ်ခု ထည့်ထားတယ်။

အဲဒါက ဘောင်းဘီရှည်နဲ့ သားရေဖိနပ်ဖြစ်ပါတယ်။


“အပေါ်မှာ ဘယ်လို ၀တ်စုံကို ဒီဇိုင်းထုတ်ထုတ် အတွင်းမှာ ကျမ အမြဲ ဘောင်းဘီရှည် ထည့်ပေးတယ်။ ဘာလို့လဲဆိုတော့ သူ့စိတ်ဝိညာဉ်သဘောမှာ အန္တရာယ်တစ်ခုခု ကျရောက်နိုင်တယ်ဆိုတာ အမြဲသတိရှိနေတယ်။ အရေးကြုံလာရင် ငါပြေးလွှားနိုင်ဖို့ လိုတယ်ဆိုတာ သူ့စိတ်မှာ အမြဲကိန်းအောင်းနေတယ်။ ဒီတော့ အလှပဆုံး ၀တ်စုံကိုပဲ ၀တ်ဝတ်၊ အောက်ဖက်မှာ အရှည်လျားဆုံးဝတ်စုံကိုပဲဝတ်ဝတ် သူက အမြဲ သားရေဖိနပ်နဲ့ ဘောင်းဘီရှည်ကို ၀တ်ထားတယ်။ အပေါ်ဝတ်စုံက ဘုရင်မ။ အတွင်းမှာ အရေးကြုံရင် ရင်ဆိုင်ဖို့ စီစဉ်ထားတယ်”

နောက်ထပ် လျှို့ဝှက်ချက်ကတော့ လည်ပင်းပေါက် ဖြစ်ပါတယ်။
လည်ပင်းပေါက်တွေ ဟိုက်ထားမယ် ကျယ်ထားမယ်။ ပေါ်အောင် ဖော်ထားပေမဲ့ အဲဒီ လည်ပင်းပေါက် ထိပ်ဖက်မှာ အပိတ်တစ်တန်းထည့်ပေးထားတယ်။ စည်းလွတ်ဝါးလွတ် ဖော်တာ မဟုတ်ဘူး။ အချုပ်အထိန်းရှိတယ်။ လာမထိနဲ့ ဆိုတဲ့သဘောကို ပြသတယ်။
“သူက ဖော်တယ်။ လှစ်ဟတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ အဲဒီလို မဟုတ်ဘူး။ မိန်းမသား တစ်ဦးအနေဖြင့် ဆွဲဆောင်တယ်။ ဒါပေမဲ့ စိတ်ခိုင်မာတဲ့ အထိန်းအကွပ် ရှိနေတယ်”

whit grey

 

ကလက်ပ်တွန်က Daenerys ကို မာမာထန်ထန် ပိုဖြစ်စေလိုတယ်။ ဒါပေမဲ့ သံချပ်ကာ ရင်ကာအင်္ကျီ ၀တ်ဆင်ခိုင်းလို့ မဖြစ်ဘူး။ မာထန်တဲ့ မိန်းမသားတစ်ဦးအဖြစ်ဖြင့်သာ ဇာတ်သဘောအရ ဆက်ရှိနေတယ်။ ဒီတော့ လည်ပင်းပေါက်မှာ အဆင်တန်ဆာဆင်ပေးပြီး သတ္တုရဲ့ မာကြောမှုဖြင့် အားဖြည့်တင်းပေးထားလိုက်တယ်လို့ ပြောပြခဲ့ပါတယ်။

jewelary

 

Season 8 ကျရင် ဘယ်လိုအရောင်တွေနဲ့ costume ဒီဇိုင်း ဘယ်လိုတွေ ထုတ်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။

ချက္က၀ါ

Read 1308 times
Rate this item
(0 votes)