မြန်မာပြည်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားမြေမှထွက်ရှိသော ပတ္တမြားရတနာကို ကံကောင်းခြင်းနံမိတ်လေးတွေယူဆောင်လာပေးတဲ့Dream catchersလေးနဲ့ပေါင်းစပ်ပြီးမြန်မာမှုပြန်လည်ပြုလုပ်ပြီးဖန်တီးပေးထားတဲ့ ပတ္တမြားဝေသီ အိမ်မက်ပန်းချီဝတ်စုံ ကို
6th Miss Universe Myanmar ပြိုင်ပွဲအကြို National Costume Competition & Natiinal Gift Auction တွင် ဒီဇိုင်နာအိပုံ့မှ Miss universe mogyok 2017အတွက် ဖန်တီးပေးခြင်းနဲ့ ပတ်သတ်ပြီးမေးမြန်းထားပါတယ်။
-အမဒီဝတ်စုံထွင်ဖို့စတင် ရခဲ့တဲ့စိတ်ကူး
ဟုတ် အမဒီဝတ်စုံလေးက miss universe mogok အတွက် ချုပ်ပေးဖြစ်ခဲ့တာပါ Mogokကိုယ်စားပြုတွက်ချုပ်ပေးရမယ်ဆိုတော့ ကိုယ်အရင်ဆုံးမျက်လုံးထဲတန်းမြင်လိုက်တာ ပတ္တမြားပေါ့နော် အရင်နှစ်ကnational custom တွေလေ့လာကြည့်တော့ 2016 က လီဆူးဝတ်စုံနဲ့ပြိုင်ပွဲဝင်ထားတာတွေ့တော့ ပတ္တမြားကိုပဲthemeယူပြီးချုပ်ဖြစ်သွားတာ ။
-အမပတ္တမြားနဲု့ ထွင်ဖြစ်တဲ့အကြောင်းလေး
ပတ္တမြားဆိုတော့ ခမ်းနားတဲ့ကျောက်မြတ်ရတနာဖြစ်တယ် အမကလဲဒီဇိုင်းတွေကို ရှုပ်တာတွေသိပ်မကြိုက်ဘူး။ အဲဒီတော့ထိုင်မသိမ်းပဲချုပ်မယ်ဆုံးဖြတ်လိုက်တယ်။နောက်ပြီးဝတ်စုံမှာdream catcherထည့်သုံးထားတယ် dream catcherဆိုတာလူတိုင်းနှစ်သက်ကြတယ် အတိတ်နိမိတ်ကောင်းစေတယ် ဆိုပြီးအဆောင်အဖြစ်ရောfashionအနေနဲ့ရော သဘောကြကြတယ်လေ အတိတ်နမိတ် ကောင်းစေတဲ့အဆောင်ယောင်လေးအဖြစ်ထည့်သုံးထားတာပါ။
-ဆုရော ရလားအမ
ဆုကတော့မရဘူး မမှန်းလဲမမှန်းရဲဘူး အမဝတ်စုံကရိုးရှင်းတယ်လေ ဆုရဖို့ဆိုတာထက် အလှပဆုံးဖြစ်အောင်တော့တတ်နိုင်တဲ့ဖက်ကပါဝင်ဖြစ်တာပါ NCဆိုတာလဲအမပထမဦးဆုံးပါဝင်ဖူးတာပါ အတွေ့ကြုံသစ်တွေလဲရတယ် ncနဲ့ပွဲတွက်ထွင်ရတာဘာကွာလဲဆိုတော့ NC ဆိုတာ တစ်နိုင်ငံလုံးကစောင့်ကြည့်နေကြတဲ့ပွဲဖြစ်လို့ကိုယ်တစ်ခုခုလွဲချော်သွားရင်ပိုပြောခံရမှာအဲဒါကိုတော့စိတ်ထဲစိုးရိမ်မိတာပေါ့။ အဓိကကကိုယ်ကိုယ်စားပြုချုပ်ပေးရတဲ့ဒေသအတွက်မျက်နှာငယ်မှာလဲစိုးတယ် အဲဒီအတွက်တတ်နိုင်တဲ့ဖက်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးထားပါတယ်။
-နောက်ရော ncထွင်ဖို့ ရှိလား
နောက်ထပ်NCတွေထွင်ဖို့ကအများကြီးလေ့လာရဦးမယ် အမထင်တယ်အခါခွင့်သင့်ရင်တော့ချုပ်ဖြစ်မှာပါ။