What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာ (၁၀) ဦး

ကမ္ဘာ့အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာ (၁၀) ဦး google

ဖက်ရှင်ဒီဇိုင်နာတွေက အဝတ်အစားချုပ်တဲ့သူ သက်သက်မဟုတ်ပဲ လူတွေရဲ့ အိမ်မက် စိတ်ကူး တွေကို လက်တွေ့ အကောင်အထည် ဖော်ပေးတဲ့သူ လို့တောင် တင်စားလို့ရပါတယ်။

မင်္ဂလာဆောင်မှာ ဒီလို အဝတ်အစားဒီဇိုင်းနဲ့ပဲ ဆောင်မှာ ဆိုတဲ့ အိမ်မက်ကို ဖက်ရှင်ဒီဇိုင်နာတွေကပဲ ဖြည့်ဆည်းပေးနိုင်တာ မို့ပါ။ အခုအခါမှာတော့ ကမ္ဘာပေါ်က အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာ တွေကို သူတို့ရဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှုပေါ် အခြေခံပြီး စာရင်းပြုစုပေးထားပါတယ်။ ဒီစာရင်းမှာဆိုရင် ကမ္ဘာပေါ်က အကျော်ကြားဆုံးနဲ့ အံ့ဖွယ် ဖက်ရှင်ဒီဇိုင်နာတွေရဲ့ နာမည်တွေ ပါဝင်ပါတယ်။ Textile ပရိသတ်ကြီး ဗဟုသုတ ရစေဖို့အတွက် 2012 ခုနှစ်ရဲ့ အံ့သြဖွယ်ကောင်းလောက်အောင် တော်လွန်းတဲ့ ဒီဇိုင်နာတွေကို မျှဝေပေးချင်ပါတယ်။

(၁) Calvin Klein
Calvin Klein ရဲ့ အတိုကောက် CK ဟာ လူသိများကျော်ကြားတဲ့ Brand တစ်ခုအဖြစ် လူတွေကြားမှာ ရေပန်းစားပါတယ်။ အမေရိကန် ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Calvin Klein ဟာ 1968 မှာ CK ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ New York မြို့တော်မှာ အမျိုးသား၊ အမျိုးသမီး ကုတ်အင်္ကျီ ရောင်းတဲ့ စတိုးဆိုင်တစ်ခုကို ဖွင့်လှစ်ခြင်းဖြင့် သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကို စတင်ခဲ့ပါတယ်။ လက်လျော့အရှုံးပေးဖို့ လုံးဝမစဉ်းစားပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းကို တိုးချဲ့ခဲ့ပြီး ဖက်ရှင်လောကမှာ လုပ်ပိုင်ခွင့် အာဏာတွေ ရရှိလာခဲ့ပါတယ်။ Calvin Klein ဟာ 2012 ခုနှစ်မှာ ကမ္ဘာနံပါတ် ၁ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာခဲ့တာက တကယ်ကိုပဲ ထိုက်တန်ပါတယ်။

Calvin Klein

 

(၂) Donatella Versace

သူမဟာ Versace Group ရဲ့ အကြီးအကဲဒီဇိုင်နာ တစ်ယောက် အဖြစ် သာမက ဒုတိယဥက္ကဌရာထူးကိုပါ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Donatella ဟာ သူမရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ကြော်ငြာဖို့ နာမည်မရသေးတဲ့ တက်သစ်စမော်ဒယ်လေးတွေကို အသုံးပြုမယ့်အစား နာမည်ကြီးမင်းသား၊ မင်းသမီးတွေကို အသုံးပြုခဲ့တဲ့ ပထမဆုံး ဖက်ရှင်ဒီဇိုင်နာ တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ Hollywood မှာ ကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ Brand Promoting လုပ်ပေးဖို့အတွက် Madonna, Jennifer Lopez, Christiana Aguilera, Demi Moore အစရှိတဲ့ နာမည်ကျော်ကြားသူတွေကို  ရွေးချယ်ခဲ့ပါတယ်။

Donatella Versace

 

Read: စက်ချုပ်ရန် လိုအပ်သော ပစ္စည်းများ

(၃) Valentino Garavani
သူတော့ နာမည်ကျော်ကြားတဲ့ Valentino Spa Brand ရဲ့ တည်ထောင်သူတစ်ယောက် ဖြစ်ပါတယ်။ သူက အီတလီဒီဇိုင်နာ တစ်ယောက် ဖြစ်ပြီး သံသယဖြစ်စရာ မလိုလောက်အောင် တော်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ Valentino ဟာ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး Celebrities တချို့ရဲ့ အဝတ်အစားဒီဇိုင်း ဖန်တီး ချုပ်လုပ်သူ အဖြစ် လူသိများပါတယ်။ မင်းသမီး Margaret၊ ဘယ်လ်ဂျီယံ ဘုရင်မ Paola၊ Jacqueline Kennedy နဲ့ Elizabeth Taylor တို့လို ကျော်ကြားတဲ့သူတွေက သူမရဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်ကြပါတယ်။

Valentino Garavani1

 

(၄) Giorgio Armani
1975 နောက်ပိုင်းမှာ Armani Brand ကိုထူထောင်ပြီးနောက် ဖက်ရှင်လမ်းကြောင်းသစ်ကို ဖော်ပေးခဲ့တဲ့ ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ဒီဇိုင်းတွေကို ၀တ်ဆင်ဖို့ မော်ဒယ်ရွေးချယ်တဲ့ခါမှာ ၁၈ အောက်ကို လုံးဝ မရွေးချယ်သင့်ဘူးဆိုတဲ့ အဆိုကို စတင် အကောင်အထည် ဖော်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Giorgio Armani

 

(၅) Coco Chanel
သူမက ဖက်ရှင်လုပ်ငန်းအတွက် ဦးဆောင်သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမဟာ ပြင်သစ်ဒီဇိုင်နာ တစ်ဦး ဖြစ်ပြီးတော့ သူမရဲ့ Chanel Brand နဲ့အောင်မြင်လာသူ တစ်ဦးလဲ ဖြစ်ပါတယ်။ သူမကို ရာစုနှစ်တစ်ခုရဲ့ အရေးပါဆုံး တစ်ဦးတည်း ဖက်ရှင်ဒီဇိုင်နာတစ်ဦး အဖြစ် Time မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

coco chanel

 

(၆) Ralph Lauren
သူဟာ ကမ္ဘာမှာ မကြုံဖူးမတွေ့ဖူးလောက်အောင်ေ တ်ာတဲ့ ဒီဇိုင်နာတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက Polo Ralph Lauren brand ကို စတင် မိတ်ဆက်ခဲ့ပြီး သူရဲ့ အကောင်းဆုံး ဒီဇိုင်းများကြောင့် လူသိပိုများ လာခဲ့ပါသည်။ 1982 ခုနှစ်မှာ သူဟာ Water Polo တံဆိပ်နဲ့အတူ ထူးဆန်းသော  ရှပ်အကျီကို စတင် မိတ်ဆက်ခဲ့သောကြောင့် လူသိများလာခဲ့ပါတယ်။

Ralph Lauren

 

(၇) Tom Ford
သူက Gucci ကို အဆိုးဆုံး အခြေအနေများထဲမှ ပြန်လည် ဆွဲထူခဲ့သူပဲ ဖြစ်ပါတယ်။ သူက Tom Ford ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ယောက်ျားလေး အ၀တ်အစားနဲ့ အသုံးဆောင် ပစ္စည်းတွေရဲ့ ဈေးကွက်ကို လွှမ်းမိုးထားနိုင်သူပဲ ဖြစ်ပါတယ်။

tom

 

(၈) Kate Spade
New York မှာ ရှိတဲ့ Kate Spade brand ကိုပူးတွဲတည်ထောင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူမက Arizona State University မှ ပေးအပ်တဲ့ Journalism ဘွဲ့ကို ရရှိခဲ့ပါတယ်။Kate Spade ဟာ သူမရဲ့ ထူးခြားလှတဲ့ လက်ကိုင်အိတ်ဒီဇိုင်းနဲ့ လူသိများခဲ့ပါတယ်။

Kate Spade

 

(၉) Betsey Johnson
သူမရဲ့ ဒီဇိုင်းတွေက မိန်းမဆန်ပြီးတော့ ထူးထူးဆန်းဆန်း ဒီဇိုင်းတွေနဲ့ ကမ္ဘာလုံးတစ်ဝှမ်းမှာ နာမည်ကျော်ကြားလာသူ ဖြစ်ပါတယ်။သူမဟာ ၀တ်စုံတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို နက်နက်နဲနဲ သိရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့နာမည်ကို 2002 ခုနှစ် Fashion Walk of Fame မှာ ဖော်ပြခြင်းခံခဲ့ရပြိးနောက် သူမရဲ့ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ လက်ကိုင်အိတ်၊ လည်စီးပုဝါ၊ accessories၊ ဦးထုပ်တွေကို စတင် မိတ်ဆက်ခဲ့ပါတယ်။

betsey johnson

 

(၁၀) Marc Jacobs
သူဟာ ဒီဇိုင်းပညာကို Parson College မှာ သင်ယူနေစဉ်မှာပဲ သူဟာ သိုးမွေးဆွယ်တာ ထိုးရောင်းခဲ့ပါတယ်။ အချိန်မရှိတဲ့ကြားက အပတ်တကုပ်ကြိုးစားမှုတို့ကြောင့် သူက ကျော်ကြားသူ တစ်ယောက် ဖြစ်လာပါတယ်။ Marc ဟာ ၂၀၁၀ ခုနှစ်တစ်ကမ္ဘာလုံးမှာရှိတဲ့ အကျော်ကြားဆုံး အယောက် ၁၀၀ စာရင်းထဲတွင် ပါဝင်လာတာကို Time မဂ္ဂဇင်းကနေ ဖော်ပြပေးခဲ့ပါတယ်။

Marc Jacobs

Myanmar Textile and Garment Directory

Read 9604 times
Rate this item
(1 Vote)