What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာယုံးယုံး

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာယုံးယုံးက ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

ဒီနှစ် အကယ်ဒမီကို ကိုခန့်စည်သူ ၊ပိုင်ဖြိုးသု၊တာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်း ၊မချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ကို အမချုပ်ပေးမှာပါ။အရင်နှစ်တွေကလဲ ကိုခန့်စည်သူ ၊ပိုင်ဖြိုးသု ၊နန်းမြတ်ဖြိုးသင်းတို့ကို ချုပ်ပေးတယ် ဒီနှစ်တော့ မချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ကို ပါချုပ်ပေးမှာပါ။ချုပ်ပေးမယ့် ပုံစံလေးတွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ accessories တွေ အများကြီးနဲ့ ကျောက်တွေအများကြီးနဲ့ မဟုတ်ဘဲရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးတွေဘဲ လုပ်ထားပါတယ်။ နောက်mrtv -4က presenter မောင်လေး၁၀ယောက်နဲ့ညီမလေး၁၅ယောက်ကို လဲချုပ်ပေးမှာပါ။ကို ခန့်ကတော့ black & white ဘဲဖြစ်မယ်။ မင်းသမီးတွေက တော့အရောင်ဖျော့ဖျော့လေးတွေ ဘဲဖြစ်မယ်။ အပြာဖျော့တို့ ပန်းခရမ်းဖျော့တို့ သခွါးဖျော့လေးတွေ ပေါ့။အမျိုးသားတွေအတွက် တိုက်ပုံကို အရမ်းအဆန်းကြီးတွေမလုပ်ထားပါဘူး။ နှစ်တိုင်းအကယ်ဒမီပွဲအတွက် ဒီဇိုင်းတွေကို ရှင်းရှင်းလေးတွေဘဲချုပ်ပေးဖြစ်ပါတယ်။ အကယ်ဒမီကို မင်းသားမင်းသမီးရော အမတို့ ဖက်ရှင် ဒီဇိုင်နာတွေေ၇ာ အရမ်းဘဲ စိတ်ဝင်စားပါတယ်။ အ၀တ်အစားကိုလဲ လေးအနက်ထားတယ်။အဓိကကအရမ်းတွေ ဆန်းကြလွန်းတော့ အမအနေနဲ့ အဲ့လို ဆန်းတာတွေ မလုပ်တာပါ။ရင်ဖုံးဆိုလဲ ရင်ဖုံး ရိုးတာလေးတွေ၊ခါးဆိုလဲ ခါးတောင်လေးနည်းနည်းထည့်မယ်။အဲ့ လောက်ဘဲ ဆန်းပြီးလုပ်တယ်။အဲ့တာကလဲ အမတို့နဲ့ မင်းသားမင်းသမီးတိုင်ပင်ပြီးလုပ်တယ်။ အစတွေကို လဲမန္တလေးယဉ်သူထိုက်ကနေပံ့ပိုးကူညီပေးထားပါတယ်။ နန်းမြတ်ရဲ့ ၀တ်စုံရော ပိုင်းဖြိုးငုဝတ်စုံရောက လက်ဝင်ပါတယ်။ ထွက်လာရင် simpleလေးတွေဘဲ ထွက်မှာ ဒါပေမယ့် cutting က ခက်ပါတယ်။ အမသေချာနဲ့ လှလှလေးလုပ်ပေးထားပါတယ်။ အမအနေနဲ့ ခက်ခဲတယ်။ ဒါပေမယ့် ထွက်လာရင်တော့ ရိုးရိုးလေးတွေဘဲထွက်မှာပါ။ အမွှေးတွေတို့စီးကွင့်တွေတို့ တော့ ရှုပ်တာမျိုးတွေပါမှာမဟုတ်ပါဘူး။

ယခုလက်ရှိမှာတော့ ဒီဇိုင်နာယုံးယုံးဟာ မြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာ များထဲတွင် နာမည်ကြီးနေသူတယောက်ဖြစ်ပြီး သင်တန်းသူသင်တန်းများကို လဲ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။

 

ဒီဇိုင်နာယုံးယုံးနှင့်အင်တာဗျူး ဖတ်ရှုရန်လင့်ခ်

yone yone

Read 1150 times
Rate this item
(0 votes)