What's new

×

Warning

JUser: :_load: Unable to load user with ID: 846


ချုပ်လုပ်ချိန်ပေါင်း ၁၂၀၀၀ ကျော် ကြာမြင့်ခဲ့သည့် The Beauty and the Beast ဇာတ်ကား မှ ဂန္ဓ၀င် ဂါဝန်

ချုပ်လုပ်ချိန်ပေါင်း ၁၂၀၀၀ ကျော် ကြာမြင့်ခဲ့သည့် The Beauty and the Beast ဇာတ်ကား မှ ဂန္ဓ၀င် ဂါဝန် GOOGLE

ယနေ့ Myanmar Textile Directory မှာ မိတ်ဆက်ပေးမှာကတော့ ယခုတစ်ပတ်အတွင်း ရုံတင်ပြသတော့မှာဖြစ်တဲ့ The Beauty and the Beast

ဇာတ်ကားမှ ဇာတ်ဝင်အကျများကို မည်သို့ ဘယ်လိုပြင်ဆင်ချုပ်လုပ်ခဲ့ပုံများကို တင်ပြပေးမှာဖြစ်ပါတယ်။

The Beauty and the Beast ဇာတ်ကားမှ အကျများကို အကယ်ဒမီဆုရရှိထားသည့် ၀တ်စုံဒီဇိုင်နာ Jacqueline မှ တီထွင် ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဇာတ်ကားထဲမှ ရွာသားများ၏ ၀တ်စုံမှစ၍ မင်းသမီး၏ ပွဲတက်ဂါဝန်အထိကိုပါ ဇာတ်ဝင်အကျများအဖြစ် ဒီဇိုင်းဆွဲခဲ့သူတစ်ဦးဖြစ်ပါတယ်။

၎င်းဝတ်စုံများအနက်မှ Jacqueline ၏ အထင်ရှားဆုံးဝတ်စုံကတော့ The Beauty and the Beast ဇာတ်ကား၏ ဂန၀င် အ၀ါရောင် ကပွဲဝတ်စုံပဲဖြစ်ပါတယ်။ ထိုအကျကို မင်းသမီး Emma Watson က ၀တ်ဆင်ခဲ့ပြီး ယင်းဝတ်စုံဝတ်ဆင်ရမှုအပေါ် ယုံကြည်မှုအပြည့်နှင့် ကျေနပ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

၎င်းအကျကို အထပ်ထပ်သော အ၀ါရောင်အစများဖြင့် ချုပ်လုပ်ခဲ့ပြီး စုစုပေါင်း အစကုန်ကျမှု ၁၈၀ ပေ အထိ ရှိပြီး အ၀ိုင်းပုံသဏ္ဍာန် ချုပ်ရန်အတွက် လိုအပ်သော အပ်ချည်မျှင်ပေါင်း ၃၀၀၀ ပေအထိ အသုံးပြုခဲ့ပါတယ်။

၎င်းဝတ်စုံ၏ ပထမနှစ်ထပ်ကို ရွှေရောင်သစ်ရွက်ပုံစံ pattern များကို ရိုက်နှိပ်ခဲ့ပြီး ၂၁၆၀ ရှိသော Swarovski Crystals ကျောက်များကို အသုံးပြု၍ အလှဆင်ခဲ့ပါတယ်။ ထိုဝတ်စုံကို ချုပ်လုပ်ရန် နာရီပေါင်း ၁၂၀၀၀၀ ကျော် ကြာမြင့်ခဲ့ပြီး များစွာသော ဒီဇိုင်းများကိုလည်း စဉ်းစားခဲ့ကြောင်း သိရှိရပါတယ်။

Read 13485 times
Rate this item
(5 votes)