What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာပြည်စိုးအောင်

 မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင် ဒီဇိုင်နာပြည်စိုးအောင်က ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

ဒီနှစ်အတွက် တော့ ကျွန်တော်ဖန်တီးပေးဖြစ်မယ့် သူတွေကတော့ မင်းသမီးအငယ်ထဲက ဆိုခြူးရယ် ၊လီလီကျော်ခိုင်ရယ်၊ဆောင်းဝတ်ရည်မေရှိမယ် အကြီးထဲကဆို လှမျိုးသဉ္ဖာနွယ်ရှိမယ်။သူတို့ကလဲ အမြဲတမ်းချုပ်ပေးနေသူတွေပါ။အမျိုးသားတွေကလဲပြောထားတယ် အောင်မင်းခန့် တို့ ရှိမယ် ပုဆိုးတွေကတော့ အဆင်သင့်ပါဘဲ တိုက်ပုံတွေဘဲကျန်တာပေါ့။နောက်ရွှေကြိုအမျိုးသားလေးတွေကို ချုပ်ပေးဖို့တာဝန်ယူထားပါတယ်။ အမျိုးသားတွေ က သိပ်ဆန်းလို့လဲ မရဘူးလေ။ အရမ်းအဆန်းကြီးတွေ မလုပ်ထားပါဘူး။အမျိုးသားဆိုတော့ တည်တည်ခန့်ခန့်ညားညားပုံစံလေးတွေဖြစ်အောင်တော့ ချုပ်ထားပါတယ်။ ဟိုအရင်တုန်းက မင်းသမီးကြီးတွေ ရဲ့ ဒီဇိုင်းတွေ နိုင်ငံခြားက ရှိုးပွဲတွေကြည့်ပြီး နောက်ကျမှ ကိုယ်တတ်ထားတဲ့ အတ်ပညာ ကိုယ်တတ်ထားတဲ့ ကပ်တင်ပညာတွေ နဲ့နည်းပညာတွေနဲ့ ပူးပေါင်းပြီးအသစ်တဖန်ဖြစ်အောင်ပြန်ပြီးတော့ လုပ်နေပါတယ်။ကျွန်တော် ဒီလောကထဲစရောက်ထဲက အကယ်ဒမီဖက်ရျင်တွေ ချု့်ဖြစ်တယ်။ မိတ်ကပ်ခင်စန်းဝင်းဆီက မင်းသမီးတွေ ကို ချုပ်ပေးဖြစ်တယ်။ စချုပ်တာက အူဝဲ(အိန္ဒြာကျော်ဇင်)ကိုချုပ်ပေးဖြစ်တယ်။ မိုးဟေကို တို့ နန်းစုတို့ ၀ိုင်းစုတို့ အများကြီးပါဘဲချုပ်ပေးဖြစ်ပါတယ်။ နောက်ပိုင်း သတို့သမီးတွေ ချုပ်ပးရတာများတော့ ကိုယ့်ရဲ့ ကလေးတွေကို မလုပ်ပေးဖြစ်တလဲ များတဲ့ နှစ်တွေလဲ ရှိပါတယ်။ ခုခေတ် မျိုးဆက်သစ်ဒီဇိုင်နာတွေလဲပေါ်ထွက်လာတော့ သူနဲ့ ပတ်သတ်ရာ တွေမှာလဲ ချုပ်ကြတာများပါတယ်။ ပွဲနေ့ပွဲလာတွေ ကားရိုက်အတွက် ၀တ်စုံတွေ ကျတော့ ကျွန်တော်က မချုပ်ပေးဖြစ်ခဲ့ဘူး။ချုပ်လဲ မချုပ်ပေးနိုင်ခဲ့ဘူး။ အခု လို အကယ်ဒမီ ပွဲကျတော့ မှ သမီးရေ ချုပ်ပေးမယ် ဆိုပြီးနေရာ ၀င်မယူချင်ဘူး။သူတို့လုပ်ပေးနေကျ သူတွေအပေါ် ကျွန်တော်က အရမ်းအနိုင်ကျင့်သလို ဖြစ်မှာ ဆိုးတဲ့အတွက် အဲ့ ကျမှကျွန်တော်က နာမည်တွေလိုချင်လို့ လုပ်တယ်ဖြစ်မှာဆိုးလို့ ကျွန်တော် မလုပ်ပါဘူး။ဒါပေမယ့် အနုပညာရှင်တွေ အကူအညီလိုအပ်ရင်တော့ ကျွန်တော် ကူညီပေးပါတယ်။

ယခုလက်ရှိမှာတော့ ဒီဇိုင်နာပြည်စိုးအောင်ဟာ မြန်မာနိုင်ငံ၏နာမည်ကြီးဒီဇိုင်နာ များထဲတွင် နာမည်ကြီးနေသူတယောက်ဖြစ်ပြီး သင်တန်းသူသင်တန်းများကို လဲ သင်တန်းများဖွင့်လှစ်ပြီး သင်ကြားပြသပေးနေသူတယောက်ပါ။

Read 1265 times
Rate this item
(1 Vote)