What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လေယာဉ်ပေါ်မှာ ဒီဇိုင်းထုတ်တဲ့ Birkin အမျိုးသမီးသုံး လက်ကိုင်အိတ်

တစ်အိတ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၉,၀၀၀ အထက်မှာ ရှိတဲ့ ဘာကင် Birkin အမျိုးသမီးသုံး လက်ကိုင်အိတ်ကို ၁၉၈၄ ခုနှစ်မှာ စတင်တီထွင်ခဲ့ပါတယ်။

တီထွင်ဖို့ စိတ်ကူးကို ကောင်းကင်မှာ အစပြုခဲ့တယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ဗြိတိန် သရုပ်ဆောင်မင်းသမီး ဂျိန်း ဘာကင် Jane Birkin က အမီး Hermès ဖက်ရှင်တိုက် အကြီးအကဲအဖြစ် ၁၉၇၈ ခုနှစ်မှ ၂၀၀၆ အထိ လုပ်ကိုင်ခဲ့သူ ယွန်းလူဝီ ဒူးမတ် Jean-Louis Dumas နဲ့ ဘေးချင်းကပ် ထိုင်ခုံမှာ ထိုင်တယ်။ သူက လက်ကိုင်အိတ်တွေ အဆင်မပြေတဲ့အကြောင်း ပွစိပွစိ ပြောတယ်။ သူက အသက်မကြီးသေးတဲ့ မိခင်တစ်ဦးဖြစ်တာကြောင့် စတိုင်လ်ကျကျ လက်ကိုင်အိတ်ကို သုံးချင်တယ်။ ပြီးတော့ ကလေးငယ်အတွက် နို့ဘူးကို အိတ်ထဲမှာ ထည့်သယ်ချင်တယ်။ အဲဒီနှစ်ချက်စလုံး အဆင်ပြေတဲ့အိတ် သူရှာလို့ မရတာကို ပြောပြတယ်။ ယွန်းလူဝီ ဒူးမတ်က မွေးရာပါ ဖန်တီးဉာဏ်ထက်သန်တဲ့သူဆိုတော့ ပြဿနာကို ကြားသိရတဲ့အခါ အမျိုးသမီးသုံး လက်ကိုင်အိတ်တစ်လုံးကို ဒီဇိုင်းဆွဲတယ်။ လေးထောင့်ကျကျ အိတ်ပုံစံဖြစ်ပြီး အထဲမှာ ပစ္စည်းထည့်ဖို့ နေရာများများ ရှိနေတယ်။ အိတ်မှာ ခေါက်အဖုံးပါပြီး အဖုံးကို ပိတ်ထားဖို့ အချုပ်ခလုတ်လည်း ထည့်ပေးထားတယ်။ ကလေးအတွက် နို့ဘူးတွေ ထည့်ဖို့ အဆင်ပြေနေစေတဲ့ လေးထောင့်အိတ် ဖြစ်ပါတယ်။ အိတ်အမည်ကိုလည်း မင်းသမီးရဲ့ အမည်ကို သုံးစွဲလိုက်ပြီး ဘာကင် Birkin လို့ အမည်တွင်တယ်။ 

လေးထောင့်ပုံ ရိုးရိုးရှင်းရှင်း ပုံပန်းသဏ္ဍာန်ကို ယနေ့အထိ ဆက်လက်ထိန်းသိမ်းထားတယ်။ ခရီးသွားတဲ့အခါ စတိုင်လ်ကျကျ လက်မှာ ဆွဲကိုင်သွားနိုင်ပြီး ပစ္စည်းတွေ ထည့်ဖို့လည်း အဆင်ပြေလို့ လေယာဉ်ခရီးဖြင့် ခရီးသွားလာသူတွေအဖို့ အဆင်ပြေနေတဲ့ Birkin အမျိုးသမီးသုံး လက်ကိုင်အိတ် ဖြစ်ပါတယ်။ 

Read 1013 times
Rate this item
(0 votes)