ဒီဇိုင်းဆန်းဆန်းတွေချုပ်တတ်ပြီး ငယ်စဉ်ထဲက အချုပ်အလုပ်ကို ၀ါသနာပါခဲ့ သူက ဒီဇိုင်နာ အာကာဟိန်းပါ။အမျိုးသားဒီဇိုင်နာဆိုပေမယ့် အချုပ်မှာသေသေသပ်သပ်နဲ့ ချုပ်လုပ်တတ်ပြီး ဒီဇိုင်းပညာတွေကို လဲ ပညာဒါနအနေနဲ့ ရော သင်တန်းတွေပါဖွင့်လှစ်သင်ကြားပေးနေတဲ့ ဒီဇိုင်နာ အာကာဟိန်းကို တွေ့ဆုံခိုက် ဒီဇိုင်းကြောင်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့…………
-ဘယ်အချိန်ကစပြီးဒီဇိုင်းတွေကို စိတ်ဝင်စားခဲ့တာလဲ?
အလယ်တန်းကျောင်းသားဘ၀ကတည်းကထင်ပါတယ်။ပိတ်စအတိုအထွာတွေကို လက်နဲ့သီပြီးဂါဝန်တွေ အင်္ကျီတွေချုပ်ခဲ့ဖူးပါတယ်။
-ဒီဇိုင်းပညာကိုဘယ်မှာလေ့လာသင်ယူခဲ့လဲ?
အခြေခံပိုင်းကိုတော့ DoZoမှာ သင်ယူခဲ့ပြီးအဆင့်မြင့်ပိုင်းတွေကို တော့ ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ fashion design school တွေမှာသင်ယူခဲ့ပါတယ်။
-ဒီဇိုင်နာ အလုပ်ကကိုယ့်အတွက် ဘယ်လောက်အရေးပါလဲ?
အဓိကကတော့စိတ်ကူးဥာဏ်ပေါ့လေ။ဒီစိတ်ကူးဥာဏ်ကိုအကောင်အထည်ဖော်လက်တွေ့ကျကျလှုပ်ရှားနိုင်ဖို့ကလေ့လာသင်ယူမှုပါ။ဒီဇိုင်နာကောင်းတယောက်ဖြစ်ချင်ရင်တော့ အဆက်မပြတ်လေ့လာသင်ယူနေဖို့လိုပါတယ်။
-ဒီဇိုင်းကောင်းဖြစ်ဖို့ဘယ်လိုအချက်တွေလိုအပ်ပါလဲ?
လူတယောက်နဲ့ တယောက်အကြိုက်ချင်းမတူညီတဲ့ အတွက် ဒီဇိုင်းကာလာတွေလဲကွဲပြားပါတယ်။ဒါပေမယ့် အဓိကကတော့ ၀တ်စုံတစုံကခဏတာတောက်ပပြီးရေရှည်အကြည့်မခံတဲ့ဒီဇိုင်းမျိုးမဖြစ်ဖို့တော့ လိုတာပေါ့လေ။ဘယ်လောက်ဘဲ ဘာဒီဇိုင်းတွေခေတ်ထလာထလာ ရိုးရှင်းပြီးElegant ဖြစ်တဲ့ ၀တ်စုံမျိုးကိုတော့ ရေရှည်မယှဉ်ပြိုင်နိုင်ပါဘူး။
-ဒီဆိုင်ရဲ့ အားသက်ချက်ကဘာများဖြစ်မလဲ။
အဓိက customer နဲ့ လိုက်ဖက်မယ့် အရောင်နဲ့ ဒီဇိုင်းကိုစဉ်းစားပေးပါတယ်။ customer ရဲ့ အကြိုက်နဲ့ ထပ်တူကျဖို့ဘဲလမ်းညွှန်ပါတယ်။
-ဒီဇိုင်းသစ်တခုဖန်တီးတဲ့ အခါစိတ်ကူးနဲ့ လက်တွေ့တထပ်တည်းကျရဲ့လား။ကွဲလွဲသွားတာမျိုးရှိလား။
အများအားဖ်ြင့တော့တထပ်တည်းကျအောင်ဖန်တီးဖြစ်ပါတယ်။ တခါတလေတော့ customer ရှားပါးပြီးလိုချင်တာရှာမတွေ့တဲ့ အချိန်မျိုးတွေမှာပုံစံပြောင်းဖြစ်လိုက်ရတာမျိုးတွေတော့ရှိပါတယ်။
-ဒီဇိုင်းတွေup dateဖြစ်ဖို့ဘယ်လိုလေ့လာလဲ။
ဒီဇိုင်းတွေ up dtae ဖြစ်ဖို့အတွက်အဓိကကတော့အွန်လိုင်းကနေဘဲလေ့လာဖြစ်တာများပါတယ်။ မွမ်းမံတန်းတွေကို တော့ တနှစ်ကို တကြိမ်လောက်BKKမှာကျောင်းသွားတက်ရင်းလေ့လာဖြစ်ပါတယ်။
-customer တွေကို အမှတ်တရစကားလေးပြောပေးပါဦး။
ဒီအချိန်ထိအားပေးနေတဲ့ customer တွေကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဆိုင်လိပ်စာကတော့ အမှတ်(၉၆၉)၊သူဇိတာ(၁)လမ်း၊၂ရပ်ကွက်၊မြောက်ဥက္ကလာပရန်ကုန်မှာဖွင့်လှစ်ထားပါတယ်။ လာခဲ့ဖို့လဲဖိတ်ခေါ်ပါတယ်။