What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာအလုပ်ကို တကယ်ချစ်ပြီး အနစ်နာခံ စိတ်ရှည်ပြီးအချိန်ကုန်ခံနိုင်မှ ဒီအလုပ်ကို လုပ်စေချင်တယ် ဒီဇိုင်နာ grace lynn

ဒီဇိုင်နာအလုပ်ကို တကယ်ချစ်ပြီး အနစ်နာခံ စိတ်ရှည်ပြီးအချိန်ကုန်ခံနိုင်မှ ဒီအလုပ်ကို လုပ်စေချင်တယ် ဒီဇိုင်နာ grace lynn facebook

ဒီဇိုင်နာgrace lynn  ကို ဒီဇိုင်းပညာတွေလေ့လာဖြစ်ပုံ နဲ့ သင်ယူဖြစ်ပုံတွေကို မေးမြန်းထားပါတယ်။ သူမကတော့ လှည်းတန်း၊ဗဟိုလမ်းမှာ  Grace fashion & design ဆိုပြီးဖွင့်ထားပါတယ်။

-ဒီဇိုင်းပညာကို ဘယ်အချိန်ကစတင်လေ့လာဖြစ်တာပါလဲ။

ဒီဇိုင်းပညာကို ၂၀၁၀ ကတည်းက နေလေ့လာခဲ့ပါတယ်။

-ဒီဇိုင်းပညာကို ဘယ်ကနေသင်ယူခဲ့တာပါလဲ။

ဒီဇိုင်းပညာကို ဒီဇိုင်နာ မိုင်ကေသီ ဆီကနေ စပြီးသင်ယူခဲ့ပါတယ်။ ပြီးမှ သင်တန်းတိုတွေ အများကြီး တက်ဖြစ်တယ်။ လစ်လမ်းက ဖွင့်တဲ့ အစိုးရကျောင်းမှာလဲ သင်တန်း ၅ ခုလောက်ဆင်းဖူးတယ်။ နောက် ရက်တို ဆယ်ရက်တွေ တလခွဲတွေ တက်တယ်။

-အခက်အခဲတွေရှိရင်။

အခက်အခဲတွေရှိရင် ကိုယ့်ဆရာသမားတွေ senior တွေဆီက အကြံညဏ်ယူဖြစ်ပါတယ်။

-ဒီဇီုင်းနဲ့ ပတ်သတ်ပြီးဘယ်လိုလေ့လာဖြစ်လဲ။

အခုက အင်တာနက်ပေါ်ကနေ လေ့လာဖြစ်တာများတယ်။ စာအုပ်တွေလဲ အများကြီးဖတ်ပြီးလေ့လာဖြစ်ပါတယ်။

-သင်တန်းကျောင်းဖွင့်ထားတာရှိရင်ပြောပြပေးပါဦး။

ဒီဇိုင်နာသင်တန်းတွေ ဒီနှစ်ကစလို့ ဖွင့်နေပါပြီ။ လူတော့ သိပ်မသိကြသေးဘူး။ နွေရာသီတုန်းကတော့ ပညာဒါန ဖွင့်တာ အများကြီး လာတက်ကြတယ်။ သင်တန်းကြေး အခမဲ့ပေါ့။ သင်တာက သုံးလွှာ လေးလွှာ ဂျိပ်ထမီ ချုပ်နည်း ဒီ ၃ ခုကို အခမဲ့သင်ပေးနေတယ်။ အခုလဲ တလ ကို ၄ ရက် ပညာဒါန ပေးနေပါတယ်။ သင်တန်းဆက်ချင်တယ်ဆိုရင်တော့ ဘာသာစုံ ၃ သိန်းယူပါတယ်။ ဂျပန်စင်တီမီတာနဲ့ သင်ပေးတာပါ။ သတို့သမီး ရင်ခံ ရက်တိုသင်တန်းတွေလဲ ဖွင့်တယ်။ အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ဖုန်း095172396 09767672396

-အခုခေတ်ဒီဇီုင်နာတွေရော ချုပ်ဆိုင်တွေရောပေါများလာတဲ့ အပေါ်အမြင်နဲ့ ။ကိုယ်တိုင်ရော ဘယ်လိုထိုးဖောက်ပီးဒီဇိုင်းတွေလုပ်ဖြစ်လဲ။

အခုခေတ် ဒီဇိုင်နာတွေ သင်တန်းတွေ အရမ်းများလာတယ်။ ဒါ ကောင်းပါတယ်။ တချို့ သင်တန်းတွေက သေချာမသင်ပေးတာတွေ ပြန်ကြားနေရတယ်။ တချို့ လဲ သေချာ သင်ကြားပေးကြပါတယ်။ ကိုယ့်အလုပ်ကို စေတနာပါပါနဲ့လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ ကျွန်မကတော့ ကိုယ့်ဖောက်သည်စိတ်တိုင်းကျတဲ့အထိ လုပ်ပေးတယ်။ သင်တန်းဆိုလဲ စေတနာ အပြည့်နဲ့ သင်ကြားပေးတယ်။ တခါတခါ အဆင်မပြေမှုတွေနဲ့ တွေ့ရလဲ စိတ်ဓာတ်မကျဘဲ ခံနိုင်ရည်ရှိရှိနဲ့ ခုချိန်ထိ ချီတက်နေပါတယ်။

-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ်ထင်လဲ။

ဒီဇိုင်နာကောင်းဖြစ်ဖို့အတွက် အရင်ဆုံး ကိုယ့်အလုပ်ကို ကျွမ်းကျင်မှုရှိရမယ်။ ဝေဖန်မှုတွေ ခံနိုင်ရမယ်။ စဉ်ဆက်မပြတ် သင်ယူလေ့လာနေရမယ်။ ကိုယ့်အလုပ်ကို တကယ်ချစ်ပြီး စေတနာ ထားနိုင်ရမယ်။ အချိန်တွေလဲ အများကြီးပေးနိုင်ရမယ်။ နောက်ဆုံးက စိတ်ရှည်သည်းခံရမယ်။ အချက်တွေကတော့ အများကြီးပါ။

-မျိုးဆက်သစ်ဒီဇိုင်လေးတွေကို အကြံပေးစကားပြောပေးပါဦး။

မျိုးဆက်သစ် ဒီဇိုင်နာတွေကို ပြောချင်တာက သင်ယူပါ။ လေ့လာပါ။ အချိန် အနည်းဆုံး ၂ နှစ်ကနေ ၃ နှစ်လောက် သေချာလေ့လာပါ။ ကိုယ်ကျွမ်းကျင် ပိုင်နိုင်ပြီဆိုမှ အလုပ်လက်ခံပါ။ စိတ်ရှည်သည်းခံပါ လို့ပြောချင်ပါတယ်။


-အချုပ်ပလုပ်ကို အမျိုးသမီးတွေတတ်ထားသင့်ပါသလား။ဘာကြောင့်လဲ။

အချုပ်အလုပ်က အမျိုးသမီးတွေ တပ်ထားသင့်ပါတယ်။ အနည်းဆုံး ကိုယ့် အင်္ကျီ ချုပ်တတ်မယ် စက်နင်းတတ်မယ်ဆို စက်ဆိုင်တွေဆီ စိတ်ပင်ပန်းခံ အပ်နေစရာမလိုဘူး။ ကိုယ့်အိမ် မှာ စက်လေးတလုံးရှိပြီး စက်နင်းတတ်ရင် မိသားစု အဝတ်အစား အပေါက်အပြဲက အစ ကိုယ်တိုင်လုပ်နိုင်တယ်။ ကျွမ်းကျင်လာရင် အိမ်ပြင်မထွက်ဘဲ တပိုင်တနိုင် စီးပွားရေးလုပ်နိုင်တယ်။ နောက်အများကြီးပါ။ အမျိုးသမီးတွေ တတ်သင့်ပါတယ်။

20707778 1379368258844953 844505386 n20668165 1379368658844913 1280554791 n

Read 1682 times
Rate this item
(0 votes)