What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက္ယားထည္ ဒီဇုိင္းဆရာမ

ZAWGYI+UNICODE

ေဂဟဖက္ရွင္မ်ား ေခတ္စားလာရာ၌ ဖက္ယားထည္လည္း တစ္ခု အပါအ၀င္ျဖစ္သည္။

ဖက္ယား (nettle)သည္ အေလ့က်ေပါက္သည့္အပင္မ်ဳိး ျဖစ္သည္။ မုိးေရ လုံလုံေလာက္ေလာက္ ရထားလွ်င္ ဆက္လက္ရွင္သန္ႏုိင္သည္။

ပုိးသတ္ေဆး သုံးဖုိ႔ မလုိေခ်။ အပင္မ်ားကုိ ၾသဂုတ္လတြင္ ရိတ္သိမ္းၿပီးေသာအခါ အပင္ျပန္ႀကီးထြားသည္။

သုိ႔ျဖစ္ရာ ဖက္ယားစုိက္ခင္းတစ္ခုသည္ ၇ ႏွစ္ ဆက္တုိက္ ရိတ္သိမ္း၍ ရသည္။

brandnetels

ခ်ည္ကုိ ၀ါဂြမ္းမွ ထုတ္ယူၿပီ အထည္လုပ္ၾကသည္။ အ၀တ္အထည္မ်ားတြင္ အၾကမ္းအားျဖင့္ ထက္၀က္ေက်ာ္သည္ ၀ါဂြမ္းခ်ည္ျဖင့္ ထုတ္လုပ္ထားၾကသည္။ အေၾကာင္းမွ ၀ါမွ ခ်ည္ငင္ရသည္မွာ လြယ္ကူေသာေၾကာင့္ ျဖစ္သည္။
၀ါပင္ စုိက္ခင္းမ်ားသည္ သဘာ၀ ပတ္၀န္းက်င္ ထိခုိက္သည့္ ျပႆနာ ရွိသည္။ ေျမဆီလႊာ ဆုတ္ယုတ္ပ်က္စီးေစသည္။ ပုိးသတ္ေဆးမ်ား သုံးစြဲရသည္။ ေရလည္း မ်ားမ်ားစားစား လုိသည္။


ဖက္ယားခ်ည္ကုိ ေရွးယခင္က သုံးစြဲခဲ့ၾကသည္။ ၁၉ ရာစုက်မွ ၀ါခ်ည္ ေပၚေပါက္လာၿပီး လြယ္ကူျခင္း၊ ေဈးသက္သာျခင္းတုိ႔ေၾကာင့္ ဖက္ယားခ်ည္ သုံးစြဲမႈ တိမ္ေကာသြားခဲ့သည္။

ဖယ္ယားပင္ကုိ လူႀကိဳက္နည္းရသည္မွာ အနံ႔အသက္ မေကာင္းေသာေၾကာင့္ ျဖစ္သည္။
၂၀၀၀ ျပည့္ႏွစ္၀န္းက်င္တြင္ ဖက္ရွင္ေလာကထဲသုိ႔ ဖက္ယားထည္မ်ား ျပန္လည္ေရာက္ရွိလာသည္။ ဖက္ယားခ်ည္ ထုတ္လုပ္သည့္ နည္းပညာမ်ားလည္း တုိးတက္ေကာင္းမြန္လာသည္။

ဖက္ယားသည္ အနံ႔အသက္မေကာင္းသည္မွာ မွန္ေသာ္လည္း အပင္မွ ခုတ္ျဖတ္ယူၿပီးေသာအခါ အေျခာက္ခံၿပီး ဖိအားေပးလုိက္ၿပီးသည့္အခါ အနံ႔ေပ်ာက္သြားသည့္ ခ်ည္ကုိ ထုတ္ယူ၍ ရသည္။

sustainable textile 3
၂၀၁၀ ခုႏွစ္တြင္ Netl မွ ပညာရွင္ဂ်ာရြန္ဘုိစ္က ေခတ္ေပၚ ဖက္ယားခ်ည္ ထုတ္လုပ္နည္းကုိ ေအာင္ျမင္စြာ တီထြင္ႏုိင္ခဲ့သည္။
ဖက္ယားခ်ည္သည္ ၀ါခ်ည္အတုိင္း ခုိင္ခန္႔ၿပီး အေလးခ်ိန္မွာ ၀ါခ်ည္၏ ထက္၀က္ေအာက္တြင္သာ ရွိသည္။ အျခားခ်ည္မ်ားျဖစ္ေသာ ၀ါခ်ည္၊ ႏုိင္လြန္၊ သုိးေမြးခ်ည္၊ လုိင္နင္ အစရွိသည္တုိ႔ႏွင့္ ေရာေႏွာရက္လုပ္၍ ရသည္။
ဒတ္ခ်္ ဒီဇုိင္းနာ ဆရာမ ရုိင္းေနး(Rianne de Witte)က ဖက္ယားခ်ည္ပါေသာ ဖက္ရွင္ထည္မ်ားကုိ နက္တဲႏွင့္ ပူးေပါင္းၿပီး ထုတ္လုပ္ခဲ့ရာ အထူးတလည္ ေရာင္းေကာင္းခဲ့သည္။
‘‘က်မက အထည္အလိပ္မွာ ဆန္းသစ္တီထြင္မႈေတြရဲ႕ ေနာက္ကုိ လုိက္ရတာ ႀကိဳက္တယ္’’ လုိ ႐ုိင္းေနးက ေျပာပါတယ္။
သူမသည္ ကုမၸဏီအခ်ဳိ႕အတြက္ ဒီဇုိင္းနာအလုပ္မ်ား လုပ္ကုိင္ခဲ့ၿပီး ယခုအခါ နာမည္ရ ဒီဇုိင္းနာ ဆရာမတစ္ဦး ျဖစ္ေနၿပီျဖစ္သည္။ အထည္မ်ားအတြက္ သူမ၏ အမည္တံဆိပ္ျဖစ္ေသာ ‘rianne de witte’ ကုိ တံဆိပ္ကပ္ၿပီး အ၀တ္အစားမ်ား ထုတ္လုပ္ေပးေနၾကၿပီ ျဖစ္သည္။ Netl အဖြဲ႕ႏွင့္ ၂၀၀၇ ခုႏွစ္တြင္ ကန္ထ႐ုိက္ခ်ဳပ္ခဲ့သည္။
‘‘ေဗြေဆာ္ဦးအေနျဖင့္ သုိးေမြးဖက္ယားထည္ ႏွစ္မ်ဳိး စတင္မိတ္ဆက္ခဲ့တယ္။ လုံး၀ အသစ္အဆန္း ျဖစ္ေနတယ္။ လူေတြရဲ႕ စိတ္ထဲ အ၀တ္အစားဟာလည္း သဘာ၀ပတ္၀န္းက်င္ကုိ မထိလုိက္တဲ့ ေဟပေျပလည္တဲ့ဟာ ျဖစ္ရမယ္ဆုိတဲ့ အယူအဆ ႏုိးၾကားသြားေစခဲ့ပါတယ္။ လူေတြ ၀တ္ခ်င္စိတ္ ရွိသြားေစမယ့္ဟာမ်ဳိး ျဖစ္ေအာင္ က်မတုိ႔ အရည္အေသြးေကာင္းေကာင္းျဖင့္ ထုတ္လုပ္တယ္’’ ဟု သူမက ရွင္းျပခဲ့ပါသည္။

sustainable textile 5

 

ခ်ည္ထုတ္သည့္ ဖက္ယား အဓိကအားျဖင့္ သုံးမ်ဳိး ရွိသည္။ ေနရာေဒသကုိ အစြဲျပဳၿပီး အမည္တြင္သည္။ ဥေရာပဖက္ယား၊ ဟိမ၀ႏၲာဖက္ယားႏွင့္ ဂ်ပန္ဖက္ယား (Ramie)
တုိ႔ျဖစ္ၿပီး ဂ်ပန္ဖက္ယားခ်ည္ကုိ ဂ်ပန္ႏွင့္ တ႐ုတ္တုိ႔တြင္ စီးပြားျဖစ္ထုတ္လုပ္ၿပီး ဖက္ယားခ်ည္ သုံးမ်ဳိးတြင္ အေကာင္းဆုံးဖုိက္ဘာမွ်င္ ျဖစ္သည္။

 

UNICODE

ဖက်ယားထည် ဒီဇိုင်းဆရာမ
================
ဂေဟဖက်ရှင်များ ခေတ်စားလာရာ၌ ဖက်ယားထည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

ဖက်ယား (nettle)သည် အလေ့ကျပေါက်သည့်အပင်မျိုး ဖြစ်သည်။ မိုးရေ လုံလုံလောက်လောက် ရထားလျှင် ဆက်လက်ရှင်သန်နိုင်သည်။ ပိုးသတ်ဆေး သုံးဖို့ မလိုချေ။ အပင်များကို သြဂုတ်လတွင် ရိတ်သိမ်းပြီးသောအခါ အပင်ပြန်ကြီးထွားသည်။ သို့ဖြစ်ရာ ဖက်ယားစိုက်ခင်းတစ်ခုသည် ၇ နှစ် ဆက်တိုက် ရိတ်သိမ်း၍ ရသည်။

ချည်ကို ဝါဂွမ်းမှ ထုတ်ယူပြီ အထည်လုပ်ကြသည်။ အဝတ်အထည်များတွင် အကြမ်းအားဖြင့် ထက်ဝက်ကျော်သည် ဝါဂွမ်းချည်ဖြင့် ထုတ်လုပ်ထားကြသည်။ အကြောင်းမှ ဝါမှ ချည်ငင်ရသည်မှာ လွယ်ကူသောကြောင့် ဖြစ်သည်။
ဝါပင် စိုက်ခင်းများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည့် ပြဿနာ ရှိသည်။ မြေဆီလွှာ ဆုတ်ယုတ်ပျက်စီးစေသည်။ ပိုးသတ်ဆေးများ သုံးစွဲရသည်။ ရေလည်း များများစားစား လိုသည်။


ဖက်ယားချည်ကို ရှေးယခင်က သုံးစွဲခဲ့ကြသည်။ ၁၉ ရာစုကျမှ ဝါချည် ပေါ်ပေါက်လာပြီး လွယ်ကူခြင်း၊ ဈေးသက်သာခြင်းတို့ကြောင့် ဖက်ယားချည် သုံးစွဲမှု တိမ်ကောသွားခဲ့သည်။ ဖယ်ယားပင်ကို လူကြိုက်နည်းရသည်မှာ အနံ့အသက် မကောင်းသောကြောင့် ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် ဖက်ရှင်လောကထဲသို့ ဖက်ယားထည်များ ပြန်လည်ရောက်ရှိလာသည်။ ဖက်ယားချည် ထုတ်လုပ်သည့် နည်းပညာများလည်း တိုးတက်ကောင်းမွန်လာသည်။ ဖက်ယားသည် အနံ့အသက်မကောင်းသည်မှာ မှန်သော်လည်း အပင်မှ ခုတ်ဖြတ်ယူပြီးသောအခါ အခြောက်ခံပြီး ဖိအားပေးလိုက်ပြီးသည့်အခါ အနံ့ပျောက်သွားသည့် ချည်ကို ထုတ်ယူ၍ ရသည်။
၂၀၁၀ ခုနှစ်တွင် Netl မှ ပညာရှင်ဂျာရွန်ဘိုစ်က ခေတ်ပေါ် ဖက်ယားချည် ထုတ်လုပ်နည်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။
ဖက်ယားချည်သည် ဝါချည်အတိုင်း ခိုင်ခန့်ပြီး အလေးချိန်မှာ ဝါချည်၏ ထက်ဝက်အောက်တွင်သာ ရှိသည်။ အခြားချည်များဖြစ်သော ဝါချည်၊ နိုင်လွန်၊ သိုးမွေးချည်၊ လိုင်နင် အစရှိသည်တို့နှင့် ရောနှောရက်လုပ်၍ ရသည်။
ဒတ်ချ် ဒီဇိုင်းနာ ဆရာမ ရိုင်းနေး(Rianne de Witte)က ဖက်ယားချည်ပါသော ဖက်ရှင်ထည်များကို နက်တဲနှင့် ပူးပေါင်းပြီး ထုတ်လုပ်ခဲ့ရာ အထူးတလည် ရောင်းကောင်းခဲ့သည်။
‘‘ကျမက အထည်အလိပ်မှာ ဆန်းသစ်တီထွင်မှုတွေရဲ့ နောက်ကို လိုက်ရတာ ကြိုက်တယ်’’ လို ရိုင်းနေးက ပြောပါတယ်။
သူမသည် ကုမ္ပဏီအချို့အတွက် ဒီဇိုင်းနာအလုပ်များ လုပ်ကိုင်ခဲ့ပြီး ယခုအခါ နာမည်ရ ဒီဇိုင်းနာ ဆရာမတစ်ဦး ဖြစ်နပြေီဖြစ်သည်။ အထည်များအတွက် သူမ၏ အမည်တံဆိပ်ဖြစ်သော ‘rianne de witte’ ကို တံဆိပ်ကပ်ပြီး အဝတ်အစားများ ထုတ်လုပ်ပေးနကြပြေီ ဖြစ်သည်။ Netl အဖွဲ့နှင့် ၂၀၀၇ ခုနှစ်တွင် ကန်ထရိုက်ချုပ်ခဲ့သည်။
‘‘ဗွေဆော်ဦးအနဖြေင့် သိုးမွေးဖက်ယားထည် နှစ်မျိုး စတင်မိတ်ဆက်ခဲ့တယ်။ လုံးဝ အသစ်အဆန်း ဖြစ်နေတယ်။ လူတွေရဲ့ စိတ်ထဲ အဝတ်အစားဟာလည်း သဘာဝပတ်ဝန်းကျင်ကို မထိလိုက်တဲ့ ဟေပပြေလည်တဲ့ဟာ ဖြစ်ရမယ်ဆိုတဲ့ အယူအဆ နိုးကြားသွားစေခဲ့ပါတယ်။ လူတွေ ဝတ်ချင်စိတ် ရှိသွားစေမယ့်ဟာမျိုး ဖြစ်အောင် ကျမတို့ အရည်အသွေးကောင်းကောင်းဖြင့် ထုတ်လုပ်တယ်’’ ဟု သူမက ရှင်းပြခဲ့ပါသည်။

ချည်ထုတ်သည့် ဖက်ယား အဓိကအားဖြင့် သုံးမျိုး ရှိသည်။ နေရာဒေသကို အစွဲပြုပြီး အမည်တွင်သည်။ ဥရောပဖက်ယား၊ ဟိမဝန္တာဖက်ယားနှင့် ဂျပန်ဖက်ယား (Ramie)
တို့ဖြစ်ပြီး ဂျပန်ဖက်ယားချည်ကို ဂျပန်နှင့် တရုတ်တို့တွင် စီးပွားဖြစ်ထုတ်လုပ်ပြီး ဖက်ယားချည် သုံးမျိုးတွင် အကောင်းဆုံးဖိုက်ဘာမျှင် ဖြစ်သည်။

Read 1119 times
Rate this item
(0 votes)