ဒီဇိုင်နာမျိုးမင်းစိုးဟာဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းဒီဇိုင်နာတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်သလို ထိပ်တန်း မင်းသား မင်းသမီးတွေရဲ့ လက်စွဲဒီဇိုင်နာအဖြစ်လည်း လျှမ်းလျှမ်းတောက်
အောင်မြင်မှုရနေတဲ့ ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။
သူ့ကို ၁၉၇၆ ဂျွန်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့အမေဟာ အိမ်မှာ နေရင်း စက်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်ပြီး ကိုမျိုးမင်းစိုးကို ငယ်ငယ်လေးထဲက အင်္ကျီ ဘယ်လို ချုပ်လဲ ဆိုတာကို ပြပေးခဲ့ပြီတော့ သူဟာ လွယ်လွယ်ကူကူပဲ တတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဖက်ရှင်ဒီဇိုင်နာ မဟုတ်သေးပဲ စက်ချုပ်တဲ့သူတစ်ယောက် အဖြစ်ပဲ ရှိနေခဲ့တာပါ။
Read: လူအများကြားမှာ တောက်ပပေါ်လွင်နေတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ဖို့
ကိုမျိုးမင်းစိုးက အဝေးသင်ကျောင်းသားဘဝမှာ ဖက်ရှင်ဆိုင်တစ်ခုမှာ အလုပ်ဝင်ခဲ့ပြီးတော့ ဖက်ရှင်အကြောင်းကို လေ့လာခဲ့ပါတယ်။ သူ ဘွဲ့ရပြီးတဲ့အချိန်မှာ ဖက်ရှင်ဒီဇိုင်းအကြောင်းကို လေ့လာခဲ့ပြီးတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်လာတာပါ။
အုပ်စုလိုက်ဖက်ရှင်ရှိုးပွဲတွေမှာ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီး၍ သူဟာ နာမည်ကျော်ကြားလာခဲ့ပြီး ပြည်တွင်းဖက်ရှင်မဂ္ဂဇင်းတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
ဒီဇိုင်နာမျိုးမင်းစိုး လက်ထွက်ဒီဇိုင်းတွေဟာဆိုရင် အရှိန်အဝါတစ်ခုနဲ့ တောက်ပနေလေ့ ရှိတာကြောင့်လည်း လူကြိုက်များပြီး အများက လေးစားရတဲ့ ဒီဇိုင်နာတစ်ဦးအဖြစ် နှစ်တွေအကြာကြီး ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဇိုင်နာမျိုးမင်းစိုးက အကယ်ဒမီပေးပွဲအတွက် ဒီဇိုင်းတွေဖန်တီးပုံကို “ဒီနှစ်မှာဆိုရင်တော့ နန်းဆုကို လုံးဝမထင်ထားတဲ့ ပုံစံလေးပေါ့။ အဲဒါလေး ဖန်တီးထားပါတယ်။ အရင်ကတော့ ပန်းချီတွေလည်း အရမ်းများပြီး ရွှေချည်ထိုးတွေလည်း အရမ်းများပြီ နန်းဆန်ဆန်တွေလည်း အရမ်းများပြီဆိုတော့ ဒီနှစ်မှာတော့ beauty ဖြစ်တဲ့ပုံစံလေးနဲ့ Attraction ရှိတဲ့ပုံစံလေးတွေဖန်တီးမှာပါ” လို့ ပြောပြထားပါတယ်။
ဒီဇိုင်နာမျိုးမင်းစိုးကတော့ အလှူအတန်း လုပ်ရတာကို ဝါသနာပါပြီး အဲ့လိုလှူဖို့အတွက်ကိုလည်း ပိုက်ဆံစုတဲ့အလေ့အကျင့်ကို ငယ်ငယ်လေးထဲက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တစ်နေ့တစ်နေ့ကို ပိုက်ဆံတစ်သိန်း စုဗူးထဲကို ထည့်လေ့ရှိပါတယ်လို့ ပြောပြထားပါတယ်။
Author - SYH
Myanmar Textile and Garment Directory