What's new

×

Warning

JUser: :_load: Unable to load user with ID: 846


Harry Potter ဇာတ်ကားမှ အ၀တ်အစားဒီဇိုင်းဖန်တီးသူ Jany Temime အကြိုက်ဆုံး ဖက်ရှင်များ

အရမ်းမှော်ဆန်တဲ့ Harry Potter ဇာတ်ကားလို့ စဉ်းစားလိုက်တာနဲ့တပြိုင်နက် မှော်ဌက်တွေ၊

အစားအသောက် ပွဲကြီးတွေ၊ လူတွေ၊ အဆောက်အဦးတွေအပြင်၊ ဇာတ်ကားထဲက ဇာတ်ဆောင်တွေဝတ်ဆင်ထားတဲ့ အ၀တ်အစားတွေကိုမှာ မြင်ယောင်လာမှာပါ။ ဒီဇာတ်ကားထဲက အ၀တ်အစားတွေရဲ့ Costume Designer ဟာ Jany Temime ဖြစ်ပြီး သူဟာဆိုရင် James Bond ဇာတ်ကားဖြစ်တဲ့ Spectre နဲ့ Skyfall တို့ ဒီဇိုင်နာတစ်ဦး လည်းဖြစ်ပါတယ်။

ဒီနေ့တော့ Jany ရဲ့ Harry Potter ဇာတ်ကားထဲက အကြိုက်ဆုံးဒီဇိုင်းတွေကို တင်ပြလိုက်ပါတယ်။

၁. Hermione ရဲ့ Goblet of Fire ကားမှခရစ်စမတ် ည၀တ်စုံ

သူမကတော့အတန်းထဲမှာ စာအတော်ဆုံးပါပဲ။ ပြီးတော့ ဂျွတ်ဆတ်ဆတ်ကောင်မလေးဖြစ်ပြီး၊ ယောကျာ်းလေးတွေနဲ့ ပေါင်းတာများတဲ့ကောင်မလေး အဖြစ်သရုပ်ဆောင်ရတာပါ။ ဒီယောကျာ်းဆန်တဲ့ ကောင်မလေးကို အရမ်းလှတဲ့ ပန်းရောင်ဝတ်စုံလေးနဲ့ တွေ့အချိန်မှာ ငေးသွားလောက်တဲ့ ဇာတ်ဝင်ခန်းမှာ ပါဝင်တာပါ။ ဒီဝတ်စုံလေးက သူမရဲ့ sweet 16 ၀တ်စုံလေးပါပဲ။

hermione yule ball gown 1496957236

၂. Beauxbtons တို့ရဲ့ ယူနီဖောင်းဝတ်စုံ (Goblet of Fire)

ကျွန်မတို့ကပြင်သစ်လူမျိုးဆိုတော့ အင်္ဂလန်မှာဆိုရင် လူတွေက ယူနီဖောင်းတစ်ခုထဲကိုပဲ ၀တ်ပြီး၊ ပြင်သစ် ကျောင်းမှာဆိုရင် အရာအားလုံးအတွက် မတူညီတဲ့ ယူနီဖောင်းတွေရှိပါတယ်။ လမ်းလျောက်ထွက်ရင် ဦးထုတ် သေးသေးလေးဝတ်ပြီး၊ ဟင်းချက်ရင်တော့ apron ကိုဝတ်ကြပါတယ်။ ဒီတော့ ကျောင်းသူတွေကို ပိုးသားနဲ့ လုပ်ထားတဲ့ အ၀တ်အစားကို ၀တ်စေချင်ပြီး၊ အင်္ကျီဒီဇိုင်းကိုလည်း ဒီလိုပဲ ဆွဲလိုက်ပါတယ်။

2

၃. Dolores Umbridges ရဲ့ ပန်းရောင်ဝတ်စုံ (Order of the Phoenix)

ဇာတ်ကားထဲမှာ သူမကို ပိုမိုဝစေချင်တော့၊ အ၀တ်အစားထဲမှာ ၀အောင်ပြုပြင်ထားပါတယ်။ ပြီးတော့ လမ်းလျောက်တဲ့အခါမှာ ဘဲနဲ့တူစေချင်တော့ အောက်ပိုင်းကို ၀တဲ့ပုံလုပ်ထားပြီး၊ ပန်းနုရောင်ကို အသုံးပြုထားပါတယ်။ ပြီးတော့ ပန်ရောင်ဟာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လေ ပိုမိုလိုက်ဖက်လေပါပဲ။

3

၎. Luna Lovegood ရဲ့ ခရစ်စမတ် ပါတီ ၀တ်စုံ (Half-Blood Prince)

Luna ဟာတကယ့်ကို ထူးခြားစရိုက်နဲ့ သူလေးပါပဲ။ အရမ်းကို ထူးခြားသူဆိုတာနဲ့ Luna ကိုပြေးမြင်တာပါပဲ။ သူမကို ကြည့်လိုက်တာနဲ့ ခရစ်စမတ်သစ်ပင်လေးကို ပြေးမြင်အောင် ၀တ်စုံဒီဇိုင်းကို ဖန်တီးထားတာပါ။ အရမ်းကို တော်ပနေပြီး၊ သူမဟာ သူမ၀တ်စုံအပြင်၊ သရုပ်ဆောင်ရတဲ့ စရိုက်ကိုပါ နှစ်သက်သူပါ။

4

၅. Luna Lovegood ရဲ့ Gryffindor ဦးထုပ် (Half-Blood Prince)

Evanna နဲ့ အတူတူဖန်တီးခဲ့တာပါ။ သူမဟာ Ron ရဲ့ပရိတ်သတ်ဖြစ်ပြီး၊ နောက် Quidditch ပွဲအတွက် ခြင်္သေ့ ဦးထုတ်ကိုလိုချင်တယ်ပြောတော့ သူမစတင်ဖန်တီးခဲ့ပါတယ်။ သူမဟာ Constume ဌာနကို ကြိုက်သူလေးပါပဲ။

5

Source: Cosmopolitan

Read 7324 times
Rate this item
(2 votes)