What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ခေတ်တစ်ခါက ဖက်ရှင်တွေကို ပြန်လည်ဆန်းသစ်ပြီး ဝတ်ဆင်လာကြတဲ့ အနုပညာရှင်တွေ

အနုပညာရှင်တွေဟာ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ဖက်ရှင်တွေကို ပဲ့ကိုင်သူတွေလို့တင်စားရမှာပါ။ သူတို့ ဝတ်ဆင်လိုက်တဲ့ဖက်ရှင်တွေတိုင်းဟာ အဟောင်းလေး ကအကောင်းလေး လို့ပြောရလောက်အောင် တစ်ခတ်တစ်ခါက ဖက်ရှင်တွေကို ပြန်လည်ဆန်းသစ်စေနိုင်ခဲ့ပါတယ်။

ပရိတ်သတ်တွေအားလုံးက အနုပညာရှင်တွေဝတ်ဆင်တဲ့ပုံစံတွေအတိုင်းလိုက်ဝတ်ဆင် ချင်ကြတယ်ဆိုတာတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ယနေ့ခတ် အနုပညာရှင်တွေ ဝတ်ဆင်နေကြတဲ့ အလန်းဆုံးဖက်ရှင်တွေဆိုတာ တစ်ခေတ်တစ်ခါက ဖက်ရှင်တွေကို ပြန်လည်မှီငြမ်းထားတာဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံတွေကို ကြည့်ရင် အနုပညာရှင်တွေ ပြန်လည်ဆန်းသစ်ခဲ့တဲ့ တစ်ခါတစ်ခါက ဖက်ရှင် တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

၁- Tinted Sunglasses

t min

Tinted sunglass တွေဟာ ၉၀ ခုနှစ်ဝန်းကျင်က အရမ်းခေတ်စားခဲ့တဲ့ အရောင်ပါတဲ့မျက်မှန်တွေပဲဖြစ်ပါတယ်။ ယနေ့ခတ်မှာတော့ အနုပညာရှင်တွေလဲ အရောင်ပါတဲ့ မျက်မှန်တွေကို ပြန် သုံးလာတာတွေ့ရပါတယ်။

၂- ခေါင်းလောင်းဘောင်ဘီ

flare pant min

ခေါင်းလောင်းဘောင်ဘီတွေဟာ ၉၀ ခုနှစ်ထက်ရှေးကျတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ယခုခတ်အနုပညာရှင်တချို့ဟာလဲ ခေါင်းလောင်းဘောင်ဘီတွေကို ပြန်လည်ဆန်းသစ်ခဲ့ကြတာ တွေ့ရပါတယ်။

Retro Style ကို အထာကျအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်များ

၃- ဂျင်းဂျာကင်

jean jacket min

၉၀ ခုနှစ်က ဂျင်းဂျာကင်တွေ ကိုပြန် ဝတ်ဆင်ကြဖို့ ဘယ်တုန်းကမှ နောက်မတွန့်ခဲ့ကြပါဘူး။ အခုခေတ်မှာလဲ ဂျင်းတွေဟာ ဆရာကျတဲ့ဖက်ရှင်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

၎- သက္ကလပ်ဦးထုတ်ပြား

felt hat min

သက္ကလပ်ဦးထုတ်ပြားတွေက ခေတ်ဆန်းလွယ်၊ ခေတ်တိမ် လွယ် တဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အစကတော့ ၁၉၉၀ ခုနှစ်ဝန်းကျင်ကပါ။ သူတို့တွေခေတ်စားနေလားဆိုတာ အကဲခတ်ဖို့ဆိုရင် အနုပညာရှင်တွေ ဝတ်ဆင်နေတဲ့ ဖက်ရှင်း လမ်းကြောင်းကိုကြည့်လိုက်ရုံပါပဲ။

၅- ခေါင်းပတ်

scarf min

၁၉၆၀ နဲ့ ၁၉၇၀ မှာ ခေါင်းပတ်တွေနဲ့လန်းတဲ့ဖက်ရှင်တွေကို ပေါများစွာတွေ့မြင်ခဲ့ရပါတယ်။ ဖြတ်သန်းလာတဲ့ခေတ်တစ်လျောက်မှာလဲ ခေါင်းပတ် ဝတ်ဆင်တဲ့ဖက်ရှင်တွေ မျက်ခြေမပြတ်တွေ့ရပြီး အခုခတ် အနုပညာရှင်တွေလဲ နှစ်ခြိုက်စွာ ပြန်လည်ဆန်းသစ်နေကြပြန်ပါတယ်။

၆- Bomber ဂျာကင်

bomber jacket min

Bomber ဂျာကင်တွေကို အခုခေတ်လူငယ်ပိုင်း အရွယ်တွေမှာ ပြန်တွေ့လာရပါပြီ။ သူကတော့ ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ တစ်ခေတ်ထခဲ့တဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။

၇- ခါးမြင့်ဂျင်းဘောင်းဘီ

high waist jean min

ခါးမြင့်ဂျင်းဘောင်ဘီတွေကို ၁၉၉၀ နဲက ၁၉၈၀ ဝန်းကျင်မှာ အသက်အရွယ်အလတ်ပိုင်းအမျိုးသမီးတွေဝတ်ဆင်ခဲ့ကြပါတယ်။ အခုခေတ်အနုပညာရှင်တွေမှာတော့ လူငယ်ပိုင်းအမျိုးသမီးတွေဝတ်ဆင်လာကြတာတွေ့ရပါတယ်။

၉- ရှေ့လွယ်အိတ်

crossbody min

တောင်ကိုရီးယားအနုပညာရှင်တွေ လေဆိပ်ဆင်းတဲ့အခါ တွေ့ရတဲ့ ကိုယ်ကိုသိုင်းလွယ်ထားတဲ့ရှေ့လွယ်အိတ် အသေးစားလေးတွေဟာ ၉၀ ခုနှစ်နဲ့ ၈၀ ခုနှစ်ဝန်းကျင်က ဖက်ရှင်ဖြစ်ပါတယ်။

၁၀- ဂျင်းပြဲ

jeean min

၁၉၉၀ ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတ မင်းမူခဲ့တဲ့အချိန်မှာ ဂျင်းအပြဲ ဖက်ရှင်ဟာ သူနဲ့အတူ ရေပန်းစားလာခဲ့တဲ့ဖက်ရှင်ဖြစ်ပါတယ်။ အခုခေတ်မှာလဲ မျိုးဆက်သစ်အနုပညာရှင်တွေကို ဂျင်းအပြဲ ဖက်ရှင်တွေနဲ့ မကြာမကြာတွေ့ရတတ်ပါတယ်။

 

Source:mingalarbar

Read 1428 times
Rate this item
(1 Vote)