What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြွေသားရေ ကျောပိုးအိတ်ကို ထပ်လွယ်ပြခဲ့တဲ့ Taylor Swift

၂၀၁၆ တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စလေးကို တေလာဆွတ်ဖ် ကိုအားပေးတဲ့ပရိတ်သတ်တွေတိုင်း သိကြမယ်ထင်ပါတယ်။ ကမ္ဘာကျော် ပေါ့စတား အဆိုတော် တေလာဆွတ်ဖ်နဲ့ ပြဿနာအချို့ရှိခဲ့ကြတဲ့ Kanye West နဲ့ ဇနီး Kim Kardashian တို့ရဲ့ အဟောင်းဇာတ်တွေအကြောင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက နယူးယောက်မြို့မှာ မြွေသားရေ ကျောပိုးအိတ် ကို လွယ်ပြခဲ့ချိန်မှာ တွစ်တာပေါ် တင်ဝုန်းခဲ့တဲ့ ကင်ကာဒီရှန် ရဲ့ မြွေမ လို့ သမုတ်ခြင်းကိုခံရပါတယ်။ ၂၀၁၆ တုန်းက အဲ့ဒီကျောပိုးအိတ်ကို Kanye West က သူ့ရဲ့သီချင်းစာသားမှာ “I fell like me and Taylor might have sex/I made that b**ch famous” ဆိုတဲ့ သီချင်းထွက်ပြီးတဲ့နောက်မှာ လွယ်ပြခဲ့တာပါ။

4 min

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ တေလာဆွတ်ဖ် ကတော့ အဲ့ဒီလို သမုတ်တာ၊ လှောင်တာတွေ၊ နှိမ့်ချတာတွေကို တောင် ဂရုမစိုက်ဘဲ ၂၀၁၈ World Tour မှာ စင်မြင့်တစ်ခုလုံး မြွေရုပ်တွေထား ပြီး အောင်ပွဲခဲ့သူပါ။ တေလာရဲ့ Reputation Tour ကို ကြည့်လိုက်ရင် လူမြင်ထင်သာတဲ့ အရာတိုင်းဟာ မြွေရုပ်တွေနဲ့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ သူမရဲ့ဖျော်ဖြေပွဲကို ပရိတ်သတ်တွေကို “နေရာတကာမှာ ဘာလို့မြွေတွေ တွေ့နေရတာလဲ လို့ ယူတို့တွေ အံ့သြရင် အံ့သြနေကြမှာပေါ့” လို့စင်မြင့်ထက် မြွေရုပ်ထုကြီးနောက်ခံထားပြီး ပြောတတ်ပါသေးတယ်။

2 min

ဒါတင်မကသေးဘဲ တေလာ ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကမြွေမ လို့ အပြောခံခဲ့ရတဲ့ မြွေသားရေ ကျောပိုးအိတ် ကိုပဲ လွယ်ပြီး အပြင်ထွက်လာတာတွေ့ခဲ့ရပါတယ်။ ဒါက မြွေမ လို့သမုတ်ခံရခြင်း နှစ်နှစ်ပြည့် နှစ်ပတ်လည် ကို လှလှပပ အထှာကျကျ ကျင်းပခြင်း တစ်မျိုးလား လို့ ပရိတ်သတ်တွေက မှတ်ချက်ပေးနေကြပါတယ်။ တေလာ လွယ်ပြခဲ့တဲ့ အိတ်လေးကတော့ ကိတ်စပိတ် ရဲ့ Brand ဖြစ်ပါတယ်။

1 min

ဝေဖန်မှုတွေများခဲ့တဲ့ Celine ပလတ်စတစ် လက်ကိုင်အိတ်

3 min

 

Source:mingalarbar

Read 1253 times
Rate this item
(1 Vote)