What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ ပတ်သတ်ပြီးအမြဲလေ့လာဖြစ်တယ် ရွှေမှုံရတီ

ဖက်ရှင်နဲ့ ပတ်သတ်ပြီးအမြဲလေ့လာဖြစ်တယ် ရွှေမှုံရတီ facebook

အနုပညာပိုင်းမှာလဲ ထူးချွန်ပြီး ဖက်ရှင်ပိုင်းမှာလဲ အမိုက်စားဖက်ရှင်တွေနဲ့ မြင်တွေ့ရတတ်သူကရွှေမှုံရတီပါ။သူမကို ဖက်ရှင်နဲ့ ပတ်သတ်ပြီးမေးမြန်းထားပါတယ်။

နိုင်ငံခြားတွေပါတွေထွက်ပြီးဖက်ရှင် trend တွေလေ့လာဖြစ်တယ်။ လေ့လာမှလဲရမှာလေအနုပညာရှင်တွေကဖက်ရှင်နဲ့ ပတ်သတ်ပြီး အရမ်းဂရုစိုက်ရမယ်။တချက်လေးမှမှားလို့မရဘူး။ကိုယ်လဲအသက်ငယ်တုန်းမှာလေ့လာရမယ်။ မကြီးစိုးအမြဲပြောလေ့ရှိတယ်။ ငယ်တဲ့အချိန်မှာလုပ်လို့ရတာမှန်သမျှကြိုးစားပြီးတော့လုပ်နိုင်တာကို အသက်ငယ်ငယ်ရွယ်ရွယ်မှာလုပ်။မကြီးတို့အသက်ရောက်ရင် သမီးဘာမှလုပ်လို့မရတော့ဘူးတဲ့ ။သမီးလုပ်ရင်ပြောခံရမယ်တဲ့။သမီးအသက်အ၇ွယ်နဲ့ လိုက်ဖက်တာကို သမီးလုပ်ပါတဲ့လူကြီးမတန်ပါနဲ့။ ကလေးကကလေးလိုနေပါလို့မကြီးကသဲကို ပြောလေ့ရှိတယ်။ မကြီးပြောတာကို အမြဲနားထောင်တယ်။ ဆယ်ကျော်သက်မှာသွားမယ့် trend တခုရောက်အောင်သွားနေတဲ့ သဘောပါဘဲ။2018ရောက်လာရင် နိုင်ငံခြားမှာဖက်ရှင်တွေဘယ်လိုပြောင်းသွားမလဲညီမတို့မသိနိုင်ဘူးလေ။ အရှည်ကနေအတိုဖြစ်သွားနိုင်တယ်။ အဲ့အပေါ်မှာ လိုက်ပြီးပြောင်းမှာဘဲ။ ညီမအမြဲလေ့လာနေတဲ့ သူတယောက်ဆိုတော့ တမျိုးနဲ့ တမျိုးမတူအောင်ပြောင်းသွားဖို့ရှိပါတယ်။ အဓိကခေတ်ရေစီးကြောင်းပေါ့။ ညီမကလွတ်လွတ်လပ်လပ်နေရတာဝတ်ရတာကြိုက်တယ်။ free style ဖြစ်မှာမျိုးကိုဘဲေ၇ွးချယ်ဖြစ်တယ်။နိုင်ငံခြားသွားတာဘဲဖြစ်ဖြစ်ပေါ့ပေါ့ပါးပါးမိတ်ကပ်မပါ ဘောင်းဘီတိုလေးနဲ့ ခရီးသွားစတိုင်မျိုးသွားရတာ သဘောကျတယ်။ ဓါတ်ပုံရိုက်ရင်တော့လည်းလှလှပပနဲ့ ဖက်ရှင်တခုအနေနဲ့ဝတ်ရိုက်တယ်။နေရာဒေသတွေတော့ကွာတာပေါ့နော်။တတ်နိုင်သလောက်တော့  ညီမအင်္ကျီပါးပါးလေးတွေဝတ်ရတာသဘောကျတယ်။ လို့ ရွှေမှုံရတီကပြောပါတယ်။

source :the radar 

Read 1789 times
Rate this item
(0 votes)