What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Taylor Swift ရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အယူအဆတွေ

ဖက်ရှင်ချစ်တဲ့သူ ပျိုမေတို့အတွက် သီချင်းဆိုလည်းကောင်း၊ အရမ်းလည်းအောင်မြင်၊ ချစ်စရာလည်းကောင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ တေလာဆွစ် ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး တခြားသူတွေနဲ့မတူတဲ့ အယူအဆလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ယုံကြည်မှုရှိတဲ့ကိုယ်နေဟန်ထား

1 min

ဘယ်လောက်လှပြီး တန်ဖိုးကြီးတာတွေပဲ ၀တ်ဝတ် ယုံကြည်မှုရှိတဲ့ ကိုယ်နေဟန်ထားသာမရှိဘူးဆိုရင် အဲ့ဒီဖက်ရှင်ကပေါ်လွင်မှာမဟုတ်ဘူးလို့ သူမက ယူဆထားပါတယ်။ သူမကတော့ ကိုယ်နေဟန်ထားကို ယုံကြည်မှုအပြည့်ရှိအောင်အမြဲနေတာမို့ ဖက်ရှင်ကျပြီး ကြည့်ကောင်းနေတာပါ။

(၂) အနီရောင်နှုတ်ခမ်းနီနဲ့ Cat eye

2 min

တေလာဆွစ်လို့ပြောလိုက်တာနဲ့ နီရဲနေတဲ့ နှုတ်ခမ်းလေးတွေနဲ့ စူးရှတဲ့ Cat eye လေးကိုပြေးမြင်ရပါတယ်။ အဲ့ဒီ cat eye နဲ့ အနီရောင်နှုတ်ခမ်းတွေက သူမအတွက် ဖက်ရှင် supplement တွေပါပဲတဲ့။

(၃) ဆံပင်တိုရင်မလှဘူးလို့ဘယ်သူပြောလဲ

3 min

တေလာဆွစ်ရယ်လို့ စသိကြတုန်းက ရှည်လျားတဲ့ ငွေရောင်ဆံပင်အတွန့်လေးတွေနဲ့ဆိုပေမယ့် နောက်ပိုင်းမှာတော့ သူမက အဲ့ဒီ ပုံစံကို လုံးဝဖျောက်ပစ်လိုက်ပြီး ဆံပင်အတိုလေးနဲ့ ချေပြခဲ့တာပါ။ ဆံပင်တိုရင်မလှဘူးလို့ဘယ်သူပြောလဲလို့ ပြောခဲ့ပါတယ်။ တေလာ့အတွက် short hair, don’t care ဆိုတာ အပြောသက်သက်မဟုတ်ပါဘူးနော်။

မြွေသားရေ ကျောပိုးအိတ်ကို ထပ်လွယ်ပြခဲ့တဲ့ Taylor Swift

(၄) ၁၉၅၀ ခုနှစ်ဖက်ရှင်လေးအနည်းငယ်ထည့်

4 min

သူမရဲ့ သီချင်း MTV တွေတိုင်းမှာ အရင် ၁၉၅၀ တုန်းက အရာသာမျိုးအနည်းငယ်ပါနေတာကို သတိထားကြည့်ရင်သိနိုင်ပါတယ်။ သူမက vintage ပုံစံလေးတွေကို နှစ်ခြိုက်သူပါ။ တေလာဖက်ရှင်အတိုင်းဝတ်ချင်တယ်ဆိုရင်တော့ ၁၉၅၀ တုန်းက ခေတ်စားခဲ့တဲ့ပုံစံလေးတွေကို မှီငြမ်းကြည့်ပါနော်။

(၅) သူငယ်ချင်းမတွေဆီကအကြံဉာဏ်တောင်း

5 min

ဒါကတော့ သူမရဲ့ အကောင်းဆုံးဖက်ရှင်အကြံပြုချက်ပါပဲ။ကိုယ့်ကိုတကယ်ချစ်ခင်တဲ့ သူငယ်ချင်းမတွေဆိုတာ ကိုယ်ဘာနဲ့လိုက်တယ်၊ ဘာကြိုက်တယ်ဆိုတာကိုအသိဆုံးပါ။ ဒါကြောင့် သူတို့ရဲ့အကြံကိုယူတာက ဘယ်တော့မှမမှားပါဘူးဆိုပြီး တေလာက ခံယူထားပါတယ်။ ပျိုမေတို့လည်း ကိုယ်တိုင်မစဉ်းစားတတ်တော့ရင် သူငယ်ချင်းတွေကို အကြံတောင်းပါ။

 

Source:aunty may

Read 1100 times
Rate this item
(1 Vote)