What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တူညီတဲ့ဝတ်စုံတစ်ခုတည်းကိုပဲ ပုံစံကွဲပြားအောင် ဝတ်ဆင်တတ်တဲ့ Cambridge မြို့စားကတော် Kate Middleton

Cambridge မြို့စားကတော် Kate Middleton ဟာဆိုရင် အဝတ်အစားမျိုးစုံကို မထပ်အောင် ဝတ်ဆင်လို့ရပေမဲ့ တူညီတဲ့ဝတ်စုံတစ်ခုတည်းကိုပဲ ပုံစံကွဲပြားအောင် ဝတ်ဆင်တတ်ပါတယ်။ သူမရဲ့ ဝါကြွားခြင်းမရှိဘဲ အခုလိုအနေအထိုင်သိုသိပ်တာတွေကြောင့် ဗြိတိန်ပြည်သူလူထုတွေရဲ့မေတ္တာကို ခံယူထားရတာပေါ့။

နို့နှစ်ရောင်ဝတ်စုံ

white dress min

ဒီဝတ်စုံလေးကို ၂၀၁၅ တုန်းက မင်းသမီးလေး Charlotte ရဲ့ ရေဖျန်းမင်္ဂလာ နာမည်ပေး ကင်ပွန်းတပ်အခမ်းအနားမှာ တစ်ကြိမ်၊ ၂၀၁၆ တုန်းက ဘုရင်မကြီးရဲ့ မွေးနေ့မင်္ဂလာအခမ်းအနားမှာ တစ်ကြိမ်၊ ၂၀၁၈ မေလတုန်းက မင်းသား Harry နဲ့ Meghan Markle တို့ရဲ့ လက်ထပ်ပွဲအခမ်းအနားမှာ တစ်ကြိမ်ဝတ်ဆင်ခဲ့ပါတယ်။ ဦးထုပ်နဲ့ ဆံပင်စတိုင်လေးတွေပဲ ပြောင်းလဲထားတာကို တွေ့ရမှာပါ။

အနီရောင်ဝတ်စုံ

red dress min

ဦးထုပ်နဲ့ ရင်ထိုးလေးမတူတာကလွဲရင် ဝတ်စုံကတော့ တစ်ထည်တည်းပါပဲ။

မြစိမ်းရောင်ဝတ်စုံ

green dress min

ဦးထုပ်၊ ခါးပတ်နဲ့ လက်ဝတ်ရတနာတွေ မတူပေမဲ့ ဝတ်စုံတစ်ထည်တည်းပါပဲ။

ဇာပန်းထည် အင်္ကျီ

lace dress min

၂၀၁၂ မှာ ဝတ်ဆင်ထားတုန်းက ခါးမှာ ခါးပတ်ပြားလေးပတ်ထားပြီး ၂၀၁၄ မှာ ပြန်လည်ဝတ်ဆင်ပြန်တော့ ခါးပတ်ပြားလေးဖြုတ်ထားတာကို တွေ့ရမှာပါ။ ဦးထုပ်ကလည်း မတူပါဘူး။

ထုံးခြောက်ရောင်ဝတ်စုံ

dress min

ဒီဝတ်စုံလေးကို ပထမဆုံးဝတ်တာကတော့၂၀၀၆ ခုနှစ်မှာ ကျင်းပတဲ့ မင်္ဂလာပွဲအခမ်းအနားတစ်ခုမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက မင်းသား William ရဲ့ ကြင်ယာတော် မဖြစ်သေးပါဘူး။ ဦးထုပ်၊ ရင်ထိုးနဲ့ လက်ဝတ်ရတနာများကသာ ဝတ်စုံကို အမြင်မရိုးအောင် ကူညီပေးခဲ့တာပါ။

အစိမ်းရောင် ကုတ်အင်္ကျီ

green coat min

ဒုတိယတစ်ခေါက်ဝတ်ဆင်တဲ့အခါ လည်ပင်းစွပ်ဆွယ်တာအနက်ရောင်လေးရယ်၊ လက်အိတ်ရယ်။ အသားကပ်ခြေအိတ်ကို ထပ်မံဖြည့်စွက်ထားတာကို တွေ့ရမှာပါ။ ဦးထုပ်ကတော့ ထုံးစုံအတိုင်း မရိုးရအောင် ပြောင်းလဲထားတာပေါ့။

Gigi နဲ့ Bella တို့ ညီအစ်အမနှစ်ယောက်ရဲ့ ဖက်ရှင်များ

အဝါရောင် ဝတ်စုံ

yellow dress min

၂၀၁၂ တုန်းက ဝတ်ခဲ့တဲ့ အင်္ကျီကို ၂၀၁၆ မှာ ဘူတန်နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်သွားတဲ့အခါ ပြန်လည်ဝတ်ဆင်ထားတာကို တွေ့ရမှာပါ။

ညနေခင်းပွဲတက်ဝတ်စုံ

evening dress min

လူအများစုက ညနေခင်းပွဲတက်ဝတ်စုံဆို တစ်ကြိမ်ပဲ ဝတ်ကြတာပါ။ Kate ကတော့ ဝတ်စုံတွေ ထည်လဲပြောင်းဝတ်လို့ရပေမဲ့လည်း ၂၀၁၄ ဖေဖော်ဝါရီမှာ ဝတ်ခဲ့တဲ့ ဝတ်စုံလေးကိုပဲ ၂၀၁၄ ဒီဇင်ဘာလမှာ ပြန်လည်ဝတ်ဆင်ခဲ့ပါတယ်။

 

Source:my news

Read 2749 times
Rate this item
(1 Vote)