What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာကျော်စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Cara Delevingne ရဲ့ ဖက်ရှင်

ဒီနေ့တော့ ကမ္ဘာကျော်စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Cara Delevingne ရဲ့ ဖက်ရှင်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

 

သူမရဲ့ စတိုင်လ်ကတော့ ကြည့်လိုက်တိုင်း ပေါ့ပါးပြီး အရမ်းကို လူငယ်ဆန်ပါတယ်။ အထူးသဖြင့် သူ့ကို ပါတီစတိုင်လ်အတွက် ပျိုမေတွေ အမြဲတစေ စောင့်ကြည့်နေရသူလို့ ဆိုရင်လည်း မမှားပါဘူး။

 21

Cara Delevingne ဟာ ဒီဇိုင်နာတွေထုတ်တဲ့ အ၀တ်အစားတွေကို လူငယ်တွေ သဘောတကျကို ၀တ်ဆင်ရတဲ့ အခြားအရာတွေနဲ့ အမြဲတွဲစပ်ဝတ်ဆင်တတ်သူဖြစ်ပြီး မဂ္ဂဇင်းကာဗာတွေ၊ catwalk လျှောက်ချိန်နဲ့ ပွဲတက်တွေအတွက်ကလွဲရင် သူဟာ ဂါဝန်တွေ ၀တ်တာရှားပါးလွန်းပါတယ်။

41

သူအများဆုံးဝတ်တာတွေကတော့ ပုံမှာမြင်ကြရတဲ့အတိုင်း skiny jeans တွေ၊ လည်သာဘောင်းဘီတွေ၊ တီရှပ်၊ Graphic Tee လေးတွေ၊ BootSneaker ဖိနပ်တွေ၊ waist length jacket တွေနဲ့၊ လည်သာ ဂျက်ကတ်တွေကိုသာ လှည့်ပတ်ဝတ်ဆင်တတ်သူပါ။

51

အရင်က သူနဲ့ Selena Gomez နဲ့ တွဲဖူးတယ်လို့ အသံတွေကြားခဲ့ရသလို သူဟာ Lesbian တစ်ယောက်လို့လည်း သိထားရပါတယ်။ သူမရဲ့ထူးခြားချက်က ဘယ်တော့မှ ရုပ်တည်နဲ့မနေတတ်သလို ထသွားထလာ အချိန်တွေမှာဆိုရင်လည်း မိတ်ကပ်မလိမ်းပဲ မျက်နှာပြောင်နဲ့သာ သွားလာတတ်သူပါ။

 6

 သူမကို အခြားမော်ဒယ်တွေနဲ့မတူ တမူထူးခြားစေသွားတဲ့အရာကတော့ အပေါ်အောက်တွဲစပ်မှုတွေဟာ အားလုံးထင်ထားသလို မဟုတ်ပဲ အမြဲကွဲထွက်နေတတ်တာကြောင့် ဖြစ်ပြီး သူများတွေ တွဲမ၀တ်တဲ့အရာတွေကိုလည်း သူမက အလွယ်တကူ ၀တ်ဆင်ပြသွားတတ်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

71

သူမဟာ fashion risk ယူဖို့ ဘယ်တော့မှ တွန့်ဆုတ်နေတတ်သူ မဟုတ်ပါဘူး။ သူမ မိုက်မယ်၊ အထာကျမယ်ထင်ရင် ဘယ်သူဘာပြောပြော ၀တ်တတ်သူတစ်ယောက်ပါ။ ကဲ... ဒါဆိုရင် ပျိုမေလေးတွေလည်း Cara ရဲ့အတွဲအစပ်လေးတွေကို တစ်ချက်ကြည့်ပြီး သုံးသပ်လိုက်ပါဦးနော်။

Source: I am Fashion

Myanmar Textile and Garment Directory

Read 1330 times
Rate this item
(0 votes)