What's new

×

Warning

JUser: :_load: Unable to load user with ID: 846


၂၀၁၅ မယ်စကြာဝဠာ Pia Wurtzbach ၏ Fashion အကြံပြုချက်များ

၂၀၁၅ မယ်စကြာဝဠာ Pia Wurtzbach ၏ Fashion အကြံပြုချက်များ Google

၂၀၁၅ မယ်စကြာဝဠာဟု ဆိုလိုက်တာနဲ့ အသားညိုညို ညှို့အားပြင်းပြင်းနှင့် ဖိလစ်ပိုင်သူလေး Pia ကို စမြင်မိမှာဖြစ်ပါတယ်။

Pia ဟာ အံ့သြဖွယ်ကောင်းလောက်အောင် ဖက်ရှင်ကျကျနေထိုင်သူတစ်ဦးဆိုလဲ မမှားပါဘူး။ အောက်မှာတော့ Pia လေးရဲ့ အဓိကအကျဆုံး fashion အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကတ္တီပါအကျလေးတစ်ထည်တော့ရှိထားပါ

ရောင်စုံကတ္တီပါအကျတွေဟာ မည်သည့်အရာနှင့်မဆို လိုက်ဖက်ပါတယ်။ ပန်းအခင်းလေးတွေပါတယ့် စကပ်လေးနဲ့ကတော့ အလိုက်ဆုံးပါပဲဟု Pia က သူမ၏ instagan မှာ အောက်ပါပုံနှင့်တကွ တင်ပြထားခဲ့ ပါတယ်။

pia 11

၂။ အရောင်ဆန်းအတွက် ၀တ်ဆင်ဖို့ မရှက်ပါနဲ့

အရောင်ဆန်းဆန်းပြားပြားတွေဟာ သင့်ကို လူအကြားမှာ ပေါ်လွင်စေဖို့ အဓိကအကူအညီပေးတဲ့ ပစ္စည်းတွေပါပဲ။ အောက်ပုံမှာတော့ Pia တစ်ယောက် စိမ်းဝါရောင်ဂါဝန်လေးနဲ့ Las Vages မှာ လန်းနေတာ တွေ့ရမှာပဲဖြစ်ပါတယ်။

pia 22

၃။ Jumpsuit တစ်ထည်တော့ရှိဖို့လိုမယ်

Party တိုင်း dinner တိုင်းမှာ dress အရှည်ကြီးတွေပဲ ၀တ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ jumpsuit လေးများ ၀တ်ခြင်းအားဖြင့် သင့်ကိုသင် ယုံကြည်ချက်အပြည့်နဲ့ လှပစေနိုင်ပါတယ်။

pia 33

၎။ အနီရောင် shoe တစ်ရံ၏တန်ဖိုး

အနီရောင် shoe တွေဟာ သင့်ကို fashion ကျ လှပစေရန် အလိုအပ်ဆုံး ဖိနပ်တွေပါပဲဆိုတာကို Pia က အောက်ပုံမှာ သက်သေပြထားပါတယ်။

pia 44

၅။ အကျနှင့်အရောင်ဆင်တူဖိနပ်ကို ရွေးချယ်ပါ။

အရောင်ဆင်တူဖက်ရှင်ဟာ ဘယ်တော့မှ ရိုးသွားမှာမဟုတ်ဘူးဆိုတာ Pia ကထောက်ပြထားပါတယ်။

pia 55

၆။ပန်းပွင့်ပါအဆင်လေးတွေရွေးချယ်ဝတ်ဆင်ပါ

ပန်းပွင့်ပါ အဆင်လေးတွေက သင့်ကို ပို၍ မိန်းကလေးဆန်စေပြီး နူးညံ့သိမ်မွေ့တဲ့ အလှပိုင်ရှင်ဖြစ်စေမှာ အသေအချာပါပဲ။

pia 66

၇။ ကမ္ဘာကြီးကို သင့်ရဲ့ runway လို သတ်မှတ်လိုက်ပါ

မည်သို့ပင် ၀တ်ထားစေကာမူ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နေခြင်းက သင့်ကို အလှအပ ဘုရင်မအဖြစ် သရဖူ ဆောင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

pia 77

 အမျိုးသမီးများအားလုံး ဖက်ရှင်ကျကျ လှပနိုင်ပါစေ။

Source : Miss Universe

Read 5792 times
Rate this item
(2 votes)