ကိုရီးယားဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက် မင်းသားလီမင်ဟိုကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုလောက်ပါဘူးနော်။ အရပ်မြင်ြ့မင့်၊ အပြုံးချိုချို၊ သရုပ်ဆောင်ကောင်းမူတွေနဲ့ ပရိတ်သတ်ရဲ့ အားပေးမူကို ရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။
သူဟာ F4ဇာတ်ကားမှ ဂူဂျွန်ဖြိုးဇာတ်ရုပ်နဲ့ ပရိသတ်အမြောက်အမြားရရှိခဲ့သူပါ။ အဲ့ဇာတ်ကားထဲက လီမင်ဟိုရဲ့ စတိုင်လ်ဟာဆိုရင် မိန်းကလေးတွေရဲ့အသဲစွဲဖြစ်ခဲ့ပါတယ်နော်။
သူရဲ့ fan တွေဟာဆိုရင် အဲ့ဇာတ်ကားက လီမင်ဟိုရဲ့ ခရုခွေလို ကွေးကောက်ထားသော ဆံပင်စတိုင်လ်ဟာဆိုရင် လီမင်ဟိုနဲ့မို့ လိုက်ဖက်တာဖြစ်ပြီး တခြားသူတွေနဲ့ဆိုရင် ဘယ်လိုမှ မလိုက်ဖက်နိုင်ဘူးလို့ပြောခဲ့ကြတာပါ။
သူရဲ့ပွဲတတ်ဖက်ရှင်၊ လေဆိပ်ဖက်ရှင်တို့ဟာဆိုရင်လည်း ပရိသတ်တွေကို အမြဲတမ်း amazing ဖြစ်စေခဲ့ပါတယ်။
သူရဲ့ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားများဖြစ်တဲ့ city hunter, Legend of the Blue Sea အစရှိတဲ့ ဇာတ်ကားတွေမှာဆိုရင် သူရဲ့စတိုင်လ်တွေဟာ အလန်းစားဖြစ်နေခဲ့ပါတယ်။
သူဟာမကြာသေးခင်ကမှ စစ်ထဲကထွက်လာပြီး မင်းသမီး Kim Go-eunနှင့် အတူ ဇာတ်ကားရိုက်ဖို လက်ခံထားတယ်လို သိရပါတယ်။
ဒီနေ့မှာတော့ Textileပရိတ်သတ်ကြီးအတွက် လီမင်ဟိုရဲ့ဖက်ရှင်စတိုင်လ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Myanmar Textile and Garment Directory
အဝတ်အစားဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်