အလှမယ်တယောက်မှတဆင့် သရုပ်ဆောင်လောကသို့ရောက်ရှိလာတဲ့ ထားထက်ထက်ကို ဖက်ရှင်အကြောင်းများမေးမြန်းထားပါတယ်။
-ဖက်ရှင်ကလူတယောက်အတွက်ဘယ်လောက်အရေးပါတယ်လို့ထင်လဲပြောပါဦး။
ထားထက်တို့ Missသရုပ်ဆောင်တွေအတွက် ဖက်ရှင်ကအရမ်းကို အရေးပါပါတယ်။ လူတိုင်းအတွက် အရေးပါတဲ့ အရာတခုလို့ပြောလို့ရပါတယ်။ ဒါပေမယ့်နံပါတ်တစ်နေရာမှာတော့မဟုတ်ပါဘူး။အပြင်ပိုင်းကို အရင် ကြည့်ကြတယ်။ အရမ်းကြီးလှပဖို့မလိုပေမယ့် သပ်သပ်ရပ်ရပ်ဝတ်ဆင်နိုင်ရင် အကောင်းဆုံးပေါ့။
-ထားထက်အနုပညာလောကထဲဝင်ရောက်ချိန်ဖက်ရှင်နဲ့ အခုနောက်ပိုင်းဖက်ရှင်ရေစီးကြောင်းကွာခြားမှုကရော။
ထားထက်အနုပညာလောကထဲရောက်ချိန်ကအတိုအပြတ်တွေအရမ်းခေတ်စားကြတယ်။အခုနောက်ပိုင်းမှာတော့အတိုအပြတ်တွေထက်လုံလုံခြုံခြုံလေးတွေနဲ့မြန်မာဝတ်စုံတွေဝတ်ဆင်လာတာတွေ့ရတယ်။ကြည့်ရသူတွေအတွက်လည်းကြော့ရှင်းပြီး လှပတယ်လို့ခံစားရတယ်။ မြန်မာဝတ်စုံကိုစမတ်ကျကျဝတ်ဆင်သူတွေလည်းများ လာတယ်။
-အခုလက်ရှိကြိုက်နှစ်သက်နေတဲ့ဖက်ရှင်ဒီဇိုင်းကဘယ်လိုဖြစ်မလဲပြောပါဦး။
ထားထက် ဇာတ်ကားရိုက်ရင် ကာရိုက်တာနဲ့ လိုက်ဖက်အောင်ဝတ်ဆင်ပြီး တော့လိုအပ်တာတွေပြင်ဆင်ဖြစ်ပါတယ်။ ထားထက်အရောင်တွေဒီဇိုင်းတွေကိုသီးသန့်ခွဲတာရယ်တော့ မရှိပါဘူး။ကိုယ့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အရောင်ဝတ်ဆင်ဖြစ်တာများပါတယ်။ဖက်ရှင်နဲ့ပတ်သတ်ပြီးကတ်တလောက်တွေ၊အွန်လိုင်းတွေပေါ်ကကြည့်ပြီးတော့လေ့လာဝတ်ဖြစ်ပါတယ်။ ထားထက်ကအရောင်နုတာလေးတွေဝတ်ဆင်ရတာကြိုက်ပါတယ်။ ကိုယ့်အတွက်လင်းမယ့်အရောင်လေးတွေပိုကြိုက်ပါတယ်။
-ထားထက်အနေနဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီးပရိသတ်ကို စကားလက်ဆောင်လေးပြောပေးပါဦး။
လူတိုင်းကကိုယ်ကကြည့်လိုက်ရင် ဖက်ရှင်ကို မြင်ကြတာဖြစ်တယ်။ ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်တဲ့ဖက်ရှင်လေးတွေဝတ်ဆင်ပါလို့ပြောချင်ပါတယ်။ သူများရဲ့အကြံဥာဏ်ကိုလက်ခံသင့်သလောက်ဘဲ လက်ခံပြီးတော့ ကိုယ်တိုင်ယုံကြည်မှုရှိတဲ့ဖက်ရှင်မျိုးကို ၀တ်ဆင်ပါလို့ အကြံပေးချင်ပါတယ်။ ကိုယ့်အတွက် သက်သောင့် သက်သာဖြစ်စေမယ့်ဖက်ရှင်မျိုးကို ၀တ်ဆင်ပါလို့ပြောချင်ပါတယ်။