What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခိုင်မြတ်သဇင်နဲ့ ဖက်ရှင်စတိုင်လ်

ချစ်ဖို့ကောင်းတဲ့အပြုံးကို ပိုင်ဆိုင်ထားတဲ့

အသက် ၁၇ နှစ်အရွယ် သရုပ်ဆောင် ခိုင်မြတ်သဇင်ရဲ့ ဖက်ရှင် စကားအချို့နဲ့ ဖက်ရှင် အသွင် ၂ မျိုးကို ဒီတစ်ပတ်မှာ မြင်တွေ့ရမှာပါ။ ခိုင်မြတ် သဇင်ဟာ ၂၀၁၄ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေကို လုပ်ခဲ့ပြီး ပညာရေးဘက်ကို အချိန်ပေးဖို့အတွက် ခေတ္တ ပျောက်သွားရာကနေ အခု အနု ပညာအလုပ်တွေ ပြန်လုပ်နေသူပါ။ လာမယ့် မတ်လထဲမှာ ရုပ်ရှင်ရိုက်ဖို့ရှိပြီး Photo Shoot တွေလည်း ဆက်တိုက်ရိုက်ဖြစ်နေတဲ့ သူမရဲ့ မိန်းကလေး ဆန်ဆန်ဖက်ရှင်နဲ့ ခပ်မိုက်မိုကှ်အမနနအ ဖက်ရှင်နှစ်မျိုးကို ခံစားရင်း ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမရဲ့ အကြိုက်တွေက ဘယ်လို ဖြစ်မလဲဆိုတာ ...။

နေရာဒေသပေါ် မူတည်ပြီး လိုက်ဖက် မယ်ထင်တာတွေဝတ်ဖြစ်တယ်

==================================

အများဆုံး ဝတ်ဖြစ်တာက တီရှပ်ပါ။ တီရှပ်က ညီမအတွက်တော့ အဆင်ပြေ ဆုံးပဲ။ Crop Top တွေဘာတွေက လူကြားထဲ သွားရင် ခါးပေါ်တာမျိုး ရှိတော့ ညီမအတွက်က သိပ်အဆင်မ ပြေဘူး။ တီရှပ်အကြီးကြီးတွေ ကြိုက် တယ်။ သူက လွတ်လွတ်လပ်လပ်လည်း ဖြစ်တယ်၊ နေရထိုင်ရတာ ပေါ့ပေါ့ပါးပါး လည်း ရှိတယ်လို့ ခံစားရတယ်။ မိန်းက လေးလို စကတ်အတိုတို့ ဘာတို့ကျတော့ ညီမအတွက် သိပ်အဆင်မပြေဘူး။ ဘာပဲဖြစ်ဖြစ် ဘောင်းဘီနဲ့တီရှပ်ဆို ဥပမာ ဘုရားသွားရင်တောင် အဆင်ပြေ တယ် လေ။ လူကြားထဲ သွားလည်း အဆင်ပြေ တယ်။ ညီမ စကတ်အတိုတွေဘာတွေ ဝတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ မှပါ။ ဂျင်းန်ဘောင်းဘီတွေကတော့ ပိုဝတ်ဖြစ်တယ်။ နေရာဒေသပေါ် မူတည် ပြီး လိုက်ဖက်မယ်ထင်တာလေးတွေကို ရွေးချယ်ဖြစ်ပါတယ်။

ဂျင်းန်က မရှိမဖြစ်ပဲ

======================

အပေါ်ထပ်ဆို ညီမက ဂျက်ကက် အရမ်းကြိုက်တယ်။ ဂျင်းန်တွေကို ညီမ အရမ်းကြိုက်တယ်။ ညီမအတွက် ဂျင်းန် တွေက ဘောင်းဘီ ဒါမှမဟုတ် ဂျက်ကက်အနေနဲ့ဖြစ်ဖြစ် အမြဲပါတယ်။ ညီမရဲ့နေ့စဉ်ဖက်ရှင်ထဲမှာ ဂျင်းန်က အမြဲပါပါတယ်။ ဂျင်းန်ဘောင်းဘီတွေဆို စုလည်း စုဖြစ်တယ်။ ညီမနဲ့ကိုက်တဲ့ ဂျင်းန်ဘောင်းဘီက ရှားတယ်။ အဲဒီတော့ ဘယ်နေရာရောက်ရောက် ကိုယ်နဲ့ ကိုက်တဲ့ဂျင်းန်ကို ဝယ်ဖြစ်တယ်။

26991879 1967568089937243 837930277148052334 n

ဖက်ရှင်မှာ စံထားရတဲ့သူက အိန္ဒြာကျော် ဇင်

===========================

ညီမ မအိန္ဒြာကျော်ဇင် ဝတ်တဲ့ပုံစံ လေးတွေအရမ်းသဘောကျတယ်။ လုံလုံခြုံခြုံနဲ့ သူဝတ်လိုက်ရင် အရမ်း ကျက်သရေရှိတယ်။ Street Wear အတွက်ဆိုရင်တော့ နိုင်ငံခြားက မော်ဒယ်တွေကိုပဲ အဓိက လိုက်ကြည့် ဖြစ်ပါတယ်။

ဂါဝန်ဝတ်ရတာ သိပ်မကြိုက်ဘူး

======================

ညီမအတွက် ဂါဝန်နဲ့ဆို ထိုင်ရ ထရတာမျိုးတွေမှာ အဆင်မပြေဘူး။ ပွဲတက်တွေရှိရင်တော့ မဖြစ်မနေ ဝတ်ရ တာပေါ့နော်။ အဲဒီလိုအချိန်မျိုးဆို ကိုယ်ကျပ်ဂါဝန်လေးတွေ ပိုဝတ်ဖြစ် တယ်။ အောက်ပိုင်းအရမ်းတိုတာတွေ မကြိုက်ဘူး။ ဒူးလောက်အထိ ရှည်ပြီး လည်ပင်းဖော်တဲ့ ဂါဝန်မျိုးလေးတွေဆို ဝတ်ပါတယ်။

လူတိုင်းအတွက် ဖက်ရှင်က အရေးကြီး တယ်

=============================

ဖက်ရှင်ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လူတစ်ယောက်က ရုပ်မလှရင်တောင် သူ့ရဲ့ ဝတ်ပုံစားပုံက လှနေမယ်ဆိုရင် ကြည့်မိမှာပဲလေ။ အခု နောက်ပိုင်းမှာ လူတော်တော်များများ ဖက်ရှင်ကျကျ ဝတ်လာကြပါတယ်။ ဖိုသီဖတ်သီနေတဲ့လူတွေ သိပ်မရှိတော့ သလိုပါပဲ။

source:now

Read 1486 times
Rate this item
(0 votes)