What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဆန်းဆန်းတွေ ၀တ်ရင် ပျော်တဲ့ မြန်မာပြည်သိန်းတန်

ဖက်ရှင်ဆန်းဆန်းတွေ ၀တ်ရင် ပျော်တဲ့ မြန်မာပြည်သိန်းတန် google

မကြာမီရုံတင်ပြသတော့မည့် ဖက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသည့် တေးသံရှင်၊သရုပ်ဆောသ်မြန်မာပြည်သိန်းတန်ကို ဖက်ရှင်နှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့ …..

-ဖက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးကလည်းမကြာခင်ရုံတင်တော့မှာ ဆိုတော့ ဖက်ရှင် ဇာတ်ကားကြီးမှာပါဝင်ထားတဲ့ ကာရိုက်တာပိုင်းနဲ့ ပတ်သတ်ပြီးတော့ပြောပေးပါဦး။

အဲ့ဒီဇာတ်ကားကြီးထဲမှာအန်ကယ်ကဂီတ ၀ါသနာပါတဲ့ သူတယောက်အနေနဲ့ဘဲပါဝင်ထားတာပေါ့နော်။ဇေရဲထက်ရဲ့အဖေနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။မောင်ဇေရဲထက်ကိုအန်ကယ်တို့လိုလားတဲ့ပုံစံအတိုင်းဝတ်စားဆင်ယင်ချင်လို့ဝတ်ပေးတယ်။နောက်ပြီးတော့သူရဲ့ကောင်မလေးကအလိုအင်ဆန္ဒကလည်းတမျိုးပေါ့နော်။မောင်ဇေရဲထက်ကမိဘရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းရ ချစ်သူရဲ့ ဆန္ဒကိုလည်းမဆန်နိုင်တဲ့ပုံစံမျိုးလေးရိုက်ထားတာပေါ့။

-ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင်အမြဲတမ်းပရိသတ်ရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ အနုပညာရှင်တယောက်ဆိုတော့ ဖက်ရှင်နဲ့ပတ်သတ်ပြီးဘယ်လိုမြင်မိလဲ။

ဖက်ရှင်ကတော့ အင်မတန်လိုအပ်တယ်။ အန်ကယ့်အတွက်တော့ဂီတလုပ်ငန်းမှာဖက်ရှင်ပိုင်းက ရာခိုင်နှုန်းတော်တော်များများအထောက်အကူပေးတယ်။ ဥပမာ-အန်ကယ်စင်ပေါ်မှာ သီချင်းဆိုတဲ့အချိန်တွေမှာအန်ကယ်အိမ်မှာနေရင်း ရိုးရိုးတီရှပ်အင်္ကျီပုံစံမျိုးနဲ့သီချင်း ဆိုမယ်ဆိုလည်းရတယ်။ ဒါပေမယ့် ဖက်ရှင် ခပ်ဆန်းဆန်းတွေဝတ်ဆင်ပြီးတော့ သီချင်းဆိုတဲ့ အခါကျတော့ အန်ကယ်ကိုယ်တိုင်ကစိတ်ကပျော်နေတယ်။ ကြည်နူးနေတဲ့ အခါကျတော့ ပျော်ပျော်ရွှင်ရွှင်ဆိုတဲ့အခါပရိသတ်တွေကလည်း ပျော်ကြတယ်။ အပျင်းပြေတယ်။ ကလေးတယောက်သူလိုချင်တဲ့ အရုပ်တခုကိုရသလိုပျော်နေတာ။ 

16664993 629894160533189 3934096170916353873 oU Thein Than 1

1.myanmar pyi theindan fashion video

source:democracy today

Read 2071 times
Rate this item
(0 votes)