What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချောကလက်နက်ရောင် အသားအရေကို ပိုင်ဆိုင်ထားတာတဲ့ ဆူဒန်နိုင်ငံသူ မော်ဒယ် Nyakim Gatwech

Nyakim Gatwech ကဆူဒန်နိုင်ငံသူ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ လှရက်လွန်းတဲ့ ချောကလက်နက်ရောင် အသားရေပိုင်ရှင်ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာ အာဖရိကရှိ ဒုက္ခသည်စခန်းတစ်ခုကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ဒီလိုပြောင်းလာခဲ့ပေမယ့်လည်း သူမရဲ့ပြဿနာတွေက ပြီးမသွားပါဘူး။

Nyakim Gatwech min

သူမရဲ့နက်လွန်းတဲ့အသားအရေကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် မော်ဒယ်ဖြစ်ချင်တဲ့ သူမရဲ့စိတ်ကူးကိုတောင် လက်လျှော့ချင်စိတ်တွေ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူမဟာဆက်ပြီး အားတင်းထားခဲ့ပြီး သန်မာတဲ့မိန်းကလေးတစ်ယောက် ၊ မိမိကိုယ်ကိုချစ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူမရဲ့စိတ်ကူးအိမ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီဖြစ်ပြီး လှရက်လွန်းတဲ့ သူမရဲ့ချောကလက်အနက်ရောင် အသားအရေကြောင့်လည်း ပိုပြီးလူသိများလာပါပြီ။

nyakim gatwech blue dress min

တခြားသူတွေ ဝေဖန်ကဲ့ရဲ့တဲ့ အားနည်းချက်တစ်ခုကို အားသာချက်တစ်ခု၊ မတူညီကွဲပြားမှုတစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး မော်ဒယ်လောကမှာ အောင်မြင်မှုရနေသူဖြစ်ပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိပြီဖြစ်ပြီး အင်စတာဂရမ်မှာလည်း Follower အများကြီး ရထားသူပါ။

nyakim gatwech orange dress min

နာမည်ကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Calvin Klein, Fashion Nova, Aldo နဲ့ Cosmopolitan တို့နဲ့အတူ အလုပ်တွဲလုပ်နေသူလည်းဖြစ်ပါတယ်။ လျှောက်ခဲ့တဲ့ခရီးလမ်းက ချောမွေ့ခဲ့တာမဟုတ်ပေမယ့် တကယ်သာကြိုးစားရင် ဇွဲမလျှော့ရင် အောင်မြင်မှုကို မလွှဲမသေ ရောက်မှာဘဲဆိုတာကို Nyakim Gatwech ကသက်သေပြလိုက်တာပါပဲ။

nyakim gatwech purple dress min

Bella Hadid ရဲ့ငါးမြှီးပုံစံ ပွဲတက်ဂါဝန်

nyakim gatwech sequence dress min

nyakim gatwech sport wear min

 

Source:my style

Read 1071 times
Rate this item
(1 Vote)