Pairs Fashion Week အကြောင်းပြောရမယ်ဆိုရင် Bella Hadid ကပါမဖြစ်ပါပဲ။ ပြီးခဲ့တဲ့ Paris Fashion Week အတွက် Naked Heart France Gala Dinner ကို ကျင်းပခဲ့ပါတယ်။ Bella Hadid ကတော့ ငါးမြှီးပုံစံပန်းရောင်ဂါဝန်နဲ့ ပိုဟော့တဲ့ဖက်ရှင် အပြင်အဆင်ဖြစ်အောင်ဝတ်ဆင်ပြခဲ့ပါတယ်။
catwalk queen လို့တင်စားရမည့် သူမအသုံးပြုထားတဲ့ accessory ကတော့ ငွေရောင်တောက်ပြောင်နေတဲ့နားဆွဲတစ်ခုတည်းသာဖြစ်ပါတယ်။ Bella ကို ငေးကြည့်စရာဖြစ်သွားစေတဲ့ ခါးနဲ့အပေါ်ပိုင်းကိုကျပ်ထားပြီး အောက်ပိုင်း ဂါဝန်နေရာကို သေသပ်တဲ့အတွန့်အပြားတွေနဲ့ဖန်တီးထားတဲ့ဂါဝန်လေးဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ အရမ်းဟော့တဲ့ဖက်ရှင်တွေနဲ့ Bella ဟာ အနီရောင်ကော်ဇောခင်း ပွဲတက်တိုင်းကို သိမ်းပိုက်နေသူဖြစ်ပါတယ်။
Bella Hadid က Pop မဂ္ဂဇင်းအတွက် လှောင်ကန်ထဲက ရွှေငါးပုံစံ ပိုစ့်ပေးရိုက်ကူးခဲ့
Source:mingalarbar