What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထက်ထက်မိုးဦးဘယ်လိုဖက်ရှင်တွေနဲ့ ပြန်လာမှာလဲ

ရာစုနှစ်တခုတိုင်အောင်မြင်လာခဲ့တဲ့ နိုင်ငံကျော်မင်းသမီးလေး ထက်ထက်မိုးဦးဟာ အနုပညာလုပ်ငန်းများလုပ်ကိုင်ရာမှ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီး ယခု အခါ လူ့ဘောင်လောကသို့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။၎လကြာပရိသတ်နဲ့ဝေးကွာခဲ့တဲ့ 

 

ထက်ထက်မိုးဦးဟာ အနုပညာလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်တော့မှာဖြစ်ပြီးဖက်ရှင်နဲ့ ပတ်သတ်ပြီးလည်း ပြောင်းလဲမှုတွေ လုပ်သွားမှာဖြစ်ကြောင်းနဲ့ ပတ်သတ်ပြီး “ဒီနေ့ဝတ်တဲ့ အနီရောင် ဆိုရင် ကိုစိန်လင်းတို့ ကိုအောင်မြတ်သူတို့ aroma က ချုပ်ပေးပြီးဆင်ပေးထားတယ်။ နောက်ပိုင်းဖက်ရှင်တွေလဲပြောင်းလဲသွားဖို့ တော့ရှိပါတယ်။ ကိုယ်ကအသက်ကြီးနေပီဆိုတော့ ဇာတ်လမ်းဇာတ်ကွက်နဲ့ လိုက်ပြီးပြင်ဆင်သွားမှာပါ။ကိုယ့်ကို ကြိုက်တဲ့ ပရိသတ်တွေ အတွက် လဲ ကြိုးစားပြီးတော့ မှစဉ်းစားပြီးတော့မှ ထက်လဲ လုပ်သွားမှာပါ။ထက်ဘယ်လိုလေးဘဲ ၀တ်ဝတ် ဘယ်လိုလေးဘဲနေနေအားပေးတဲ့ ပရိသတ်ကိုလဲ ကျေးဇူးတင်တယ်။ တခါတလေ ကိုယ်နဲ့ လိုက်ချင်မှလိုက်မယ်အခြေအနေအရ ကိုယ်နဲ့ လိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ ၀တ်ပေးရတာမျိုးတွေလဲရှိတာပေါ့။

1bc7bec4bfea63faa1975bf02d8bd8c01fe602a5 622x445IMG 20180419 142154

ဖက်ရှင်လေးတွေလဲပြောင်းမယ်။ ဒီဇိုင်နာကလဲ ကိုယ့်နားမှာ တယောက်ထဲ ထားလို့ မရဘူးလေ။တယောက်ထဲ ဆိုတော့ အလုပ်တွေ များပြီးသူလဲ နိုင်ချင်မှ နိုင်မှာပေါ့။အဲ့ တာကြောင့် နှစ်ယောက်သုံးယောက်လောက်ကို ခွဲပြီး ဒီဇိုင်းဆန်းလေးတွေ ကို ကိုယ်နဲ့ လိုက်မယ့် ဖက်ရှင် လေးတွေ လုပ်သွားမယ်။ခေတ်ကြီးကတိုးတက်နေတော့ ဒီဇိုင်းတွေကလဲ ဆန်းသစ်လာသလို ဖက်ရှင်တွေကလဲ တပတ်ပြန်လည်လာတယ်။ ထက်ကိုယ်တိုင်က ဖေ့ဘုတ်တွေ ဘာတွေ မသုံးဘူး အလုပ်ရှုပ်တယ်။အမှန်တော့ သုံးချင်တာပေါ့။ဒါပေမယ့် လုပ်ကတွေများတော့ အလုပ်ရှုပ်တာနဲ့ မသုံးဖြစ်ပြီး။အဲ့ တော့ အဲ့ ကနေလဲဖက်ရှင်တွေကိုလဲမလေ့လာဖြစ်ဘူး။’’လို့ပြောပါတယ်။

15016368 10154721072093988 9161851842119616267 oHtet Htet Moe Oo 1

 

ထက်ထက်ဟာ ၁၉၉၂ခုနှစ်ကအနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီးခိုင်မာလာနှင်းဆီကို စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာဘုရင်မလို့ လူသိများတဲ့ ထက်ထက်မိုးဦးက ကြော်ငြာပေါင်း ၁၀၀၀ကျော်နဲ့ ရုပ်ရှင် နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၃၀၀ကျော်ကိုလဲရိုက်ကူးခဲ့ပါတယ်။ပန်းသခင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီရရှိခဲ့ပြီး ဒုတိယဇာတ်ကားကတော့ သမီးမိုက်ဇာတ်ကားပါ။ များမကြာမီမှာလဲ ရှယ်ချွေးမှဇာတ်ကားကို ရုံကြီးများတွက် စတင်ပြသတော့မှာဖြစ်ပါတယ်။

ffc638a490f54fc72dcf65f22dfde04557ac7c08

Read 2556 times
Rate this item
(0 votes)