What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner ရဲ့ ဖက်ရှင်

ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner ရဲ့ ဖက်ရှင် google

အနောက်တိုင်း အနုပညာလောကရဲ့ နာမည်ကျော်တဦးဖြစ်တဲ့ Kylie Jenner ဟာ အသက် ၂၁ နှစ်အရွယ်မှာ ကမ္ဘာ့ အသက်အငယ်ဆုံး ကိုယ်ပိုင်လုပ်ငန်း

လုပ်ကိုင်ပြီး ချမ်းသာလာတဲ့ ဘီလီယံနာ တစ်ဦး ဖြစ်လာခဲ့ပါပြီ။

သူမဟာ ဒေါ်လာ တစ်ဘီလီယံ ပိုင်ဆိုင်တယ်လို့လဲ သိရပါတယ်။ သူမရဲ့ Kylie Cosmetic ကုမ္ပဏီကနေ ရရှိတဲ့ ဝင်ငွေတွေကို ပိုင်ဆိုင်ထားတဲ့ Kylie ဟာ အသက် ၂၃ နှစ်မှာ ဘီလီယံနာ ဖြစ်လာတဲ့ Mark Zuckerberg ကို ကျော်ပြီး ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

kj21

Related Article:  Plaid Suit ကို အထာကျကျ ဝတ်ရအောင်

Mark Zuckerberg က ယခုချိန်မှာ ဒေါ်လာ ၆၂.၃ ဘီလီယံပိုင်ဆိုင်ထာပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး(၈) ဦးထဲမှာပါဝင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ချမ်းသာလာတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ သုံးယောက်ကတော့ Kylie , Evan Spiegel နဲ့ John Collins တို့ပဲ ဖြစ်ပါတယ်။

kj31

လက်ရှိမှာတော့ Jeff Bezos ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသားတွေထဲကမှ အချမ်းသာဆုံး ဆိုတဲ့ နေရာကို ထိန်းသိမ်းထားနိုင်ဆဲပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက ခုနှစ်ယောက်ဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ပြီး အကုန်လုံးက အမျိုးသားတွေပဲ ဖြစ်ပါတယ်။

kj41

ကမ္ဘာပေါ်က အမျိုးသမီးထဲမှာ အချမ်းသာဆုံးကတော့ L'Oreal ကုမ္ပဏီရဲ့ အမွေဆက်ခံသူ တစ်ဦးဖြစ်တဲ့ Francoise Bettencourt Meyers ဖြစ်ပါတယ်။ Donal Trump ဟာ ၇၁၅ ယောက်မြောက်ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်ပြီး သူရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၃.၁ ဘီလီယံပိုင်ဆိုင်တာပဲဖြစ်ပါတယ်။

kj51

 

အသက် ၂၁ သာရှိသေးတဲ့ Kylie ဟာ အမေရိကန်နိုင်ငံထုတ် Forbes magazine မှာဖော်ပြခဲ့တဲ့ အသက်အငယ်ဆုံးကိုယ်ပိုင်လုပ်ငန်းဖြင့် ချမ်းသာလာတဲ့ ဘီလီယံနာထဲကမှ အသက်အငယ်ဆုံးသူတစ်ဦး အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ သူမရဲ့ Kylie Comestics ကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှာစ၍ တည်ထောင်ခဲ့ပြီးတော့  အောင်မြင်လာတဲ့ အခုအချိန်မှာဆိုရင် ဒေါ်လာ ၉၀၀ မီလီယံခန့်တန်ဖိုးရှိနေပြီဖြစ်ပါတယ်။

kj 11

သူမက ကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကိုပိုင်ဆိုင်ပြီး ကြော်ငြာလုပ်ငန်းနှင့်  Family's reality TV Show က ရရှိတဲ့ ၀င်ငွေတွေက သီးခြားရှိနေပါတယ်။ သူမဟာ နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Read 1321 times
Rate this item
(1 Vote)
Tagged under