What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Instagram မှာ Post တင်တာအတွက် ကြေးအများဆုံးရနေသူများ

ဆိုရှယ်မီဒီယာမှာ အထူးသဖြင့် Intagram မှာ သြဇာကြီးမားတဲ့ ‘influencer’သြဇာရှင်တွေဟာ တကယ်တော့ ဘလော့ဂါတွေ ဖြစ်ကြပါတယ်။

သူတို့ကို သာမန်ဘလော့ဂါတစ်ဦးလို့သဘောထားပြီး ဖက်ရှင်လုပ်ငန်းက အရေးမလုပ်လို့ မရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို ပစ်ပယ်လိုက်ရင် အရောင်းမြှင့်တင်ရေးမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
အင်စတာဂရမ်နဲ့ တခြား ဆိုရှယ်မီဒီယာတွေပေါ်မှာ သူတို့ ၀တ်စားဆင်ယင်ပုံတွေက အ၀တ်အစား ၀ယ်ယူသူတွေ အ၀တ်အစား ရွေးချယ်ဝယ်ယူပုံကို ကြီးစွာသော သက်ရောက်မှု ရှိနေတယ်။ ဒီတော့ လက်လီအရောင်းလုပ်ငန်းတွေဟာ သြဇာရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ကြတယ်။ သြဇာရှင်အနေဖြင့်လည်း သူ့ရဲ့ ဆိုရှယ်မီဒီယာအပေါ် သြဇာသက်ရောက်ပုံကို သူတို့ရဲ့ ဆိုရှယ်မီဒီယာကျွမ်းကျင်ပိုင်နိုင်မှုနဲ့ တွဲပြီး လုပ်ကိုင်ပံ့ပိုးပေးနိုင်ခဲ့ရင် နာမည်ကြီး ထမင်းငတ် မဖြစ်တော့တာမို့ post တစ်ခု တင်ရင် ဘယ်ရွေ့ဘယ်မျှဆိုပြီး ကြေးကောင်းကောင်း ရကြတယ်။
ဆိုရှယ်မီဒီယာတွေကို စောင့်ကြည့်လေ့လာတဲ့အလုပ်ကို စူးစိုက်လုပ်ကိုင်တဲ့ ကုမ္ပဏီ Blogmeter က အချက်အလက် ဆန်းစစ်သုံးသပ်ခြင်း၊ အချက်အလက်များ ထုတ်ပြန်ပေးခြင်းတို့ကို ကြော်ငြာအေဂျင်စီတွေအတွက် အခကြေးငွေဖြင့် လုပ်ကိုင်ပေးတယ်။ သူ့ရဲ့ လေ့လာတွေ့ရှိချက်တို့ကိုလည်း အခါအားလျော်စွာ ထုတ်ပြန်ကြေညာပေးလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အကုန် ဒီဇင်ဘာလ ၁၂ ရက်မှ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၁ရက်အထိ ဖက်ရှင်လောကရဲ့ နာမည်ကြီး social media influencers တွေကို စစ်တမ်းကောက်ယူခဲ့ပြီ Instagram မှာ post တစ်ခု တင်ပေးတာအတွက် ဘယ်သူတွေ အများဆုံး ရကြသလဲဆိုတဲ့ Top 10 စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

blog header


TOP10 ရဲ့ ပထမနေရာကို ရောက်ရှိနေသူကတော့ အမေရိကန်ရောက် အီရန်မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ Huda Katten ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ခင်ပွန်းသည်နဲ့အတူလိုက်ပါပြီး ဒူဘိုင်းမြို့မှာ နေထိုင်ခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာ သူရဲ့ ဘလော့ Huda Beauty ကို စတင်ခဲ့တယ်။ အရမ်းရေပန်းစားတဲ့ ဘလော့ ဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကိုယ်ပိုင်အမည်ဖြင့် မိတ်ကပ်ထုတ်လုပ်ရောင်းချနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

01 hudabeauty


သူ့ရဲ့ အချက်အလက်တွေကတော့ အင်စတာဂရမ်မှာ followers ၂၅ ဒဿမ ၆ သန်း ရှိတယ်။ ပျမ်းမျှအားဖြင့် တစ်နေ့ကို post ၉ ခုတင်တယ်။ ထိတွေ့မှု engagement တစ်လကို ၅၄ သန်း ရှိတယ်။ စပွန်ဆာလုပ်တဲ့ post တစ်ခုကို ပျမ်းမျှအားဖြင့် ကန်ဒေါ်လာ တစ်သောင်း ရှစ်ထောင် ရပါတယ်။

ဒုတိယနေရာမှာ ရှိနေသူက အမျိုးသား မော်ဒယ် Cameron Dallas ဖြစ်ပါတယ်။

2 camrorn


သူ့ရဲ့ Post တစ်ခုအတွက် စပွန်ဆာကြေးက ကန်ဒေါ်လာ တစ်သောင်း ခုနစ်ထောင် ဖြစ်ပါတယ်။ သူက လူငယ်တစ်ဦး ဖြစ်ပြီး D&G ambassador လည်း ဖြစ်ပါတယ်။ follower ၂၀ ဒဿမ ၇ သန်း ရှိပြီး တစ်လတာ ထိတွေ့မှု engagement က ၂၄ သန်း ဖြစ်ပါတယ်။

ဖက်ရှင်လောကမှာ အလေးထားရတဲ့ နောက်ထပ် သြဇာရှင်က Jennifer Selter ဖြစ်ပြီး Top 10 စာရင်းရဲ့ တတိယနေရာမှာ ရှိနေပါတယ်။

 

3 jeniffer

 

followers ၁၂ သန်း ရှိတယ်။ တစ်လတာ ထိတွ့မှု engagement က ၆ ဒဿမ ၃ သန်း ရှိတယ်။ ဖက်ရှင်ကို ၀တ်စားဆင်ယင်ထားတဲ့ သူ့ပုံကို တစ်ခါတင်ပေးရရင် စပွန်ဆာကြေးက ကန်ဒေါ်လာ တစ်သောင်းခွဲ ဖြစ်ပါတယ်။

စတုတ္ထနေရာမှာ post တစ်ခုတင်ပေးတာအတွက် စပွန်ဆာကြေး ကန်ဒေါ်လာ တစ်သောင်းသုံးထောင်ဖြင့် ကြေးတူနေသူ နှစ်ဦး ရှိပါတယ်။
တစ်ဦးက Nash Grier ဖြစ်ပြီး YouTube မှာ ဟာသမြောက်တဲ့ ဗီဒီယိုတွေ တင်တာအတွက် လူသိများသူ ဖြစ်ပါတယ်။

 

4 nash

 

Instagram မှာ followers ၁၀ သန်း ရှိတယ်။ YouTube မှာ subscribers ၅ သန်း ရှိပါတယ်။
ကျန်တစ်ဦးက Zoe Sugg ဖြစ်ပြီး သူ့ကို Zoella လို့ သိကြပါတယ်။

 

4zolla

 

သူတင်တဲ့ fashion videos တွေကြောင့် လူသိများလာခဲ့ပြီး သူ့ရဲ့ YouTube channel မှာ subscribers ၁၂ သန်း ရှိတယ်။ Instagram မှတော့ followers ၁ ဒဿမ ၂ သန်း ရှိပါတယ်။
ဆဋ္ဌမနေရာမှာတော့ အီတလီ ဖက်ရှင် ဘလော့ဂါ Chiara Ferragni ဖြစ်ပါတယ်။ post တစ်ခုအတွက် စပွန်ဆာကြေးက ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ဖြစ်ပါတယ်။ followers ၁၁ သန်းခွဲ ရှိတယ်။

သတ္တမနေရာမှာ post တစ်ခု ကန်ဒေါ်လာ တစ်သောင်း ရတဲ့ အမေရိကန် ဖက်ရှင်ဘလော့ဂါ Julie Sariñana ရှိတယ်။

 

7 juliy

 

သူ့ကို SincerelyJules ဆိုတဲ့ အမည်ဖြင့် လုသိများတယ်။

အဋ္ဌမနေရာမှာတော့ SongOfStyle ဆိုတဲ့အမည်ဖြင့် ကျော်ကြားသူ Aimee Song ရှိနေတယ်။

 

8 song style

သူ့ post တစ်ခုအတွက် စပွန်ဆာကြေးက ကန်ဒေါ်လာ ကိုးသောင်း ဖြစ်ပါတယ်။
Instagram မှာ သူတို့နှစ်ဦးစလုံးက followers ၄ ဒဿမ ၇ သန်းစီ အသီးသီး ရှိကြပါတယ်။
TOP10 စာရင်းရဲ့ နောက်ဆုံးနားမှာ ရှိနေသူကတော့ Danielle Bernstein ဖြစ်ပါတယ်။

9 who wore what

သူရဲ့ Instagramဖြစ်တဲ့ WeWoreWhat ကို လူသိများပါတယ်။ followers ၁ ဒဿမ ၄ သန်း ရှိတယ်။
Post တစ်ခုအတွက် သူ့ရဲ့ စပွန်ဆာကြေးက ကန်ဒေါ်လာ ခုနစ်ထောင် ဖြစ်ပါတယ်။
TOP 10 ရဲ့ နံပါတ် ၁၀ နေရာမှာ ရှိနေသူကတော့ နယူးယောက်မြို့မှ ဓာတ်ပုံဆရာ Liz Eswein ဖြစ်ပါတယ်။

10 dLiz Eswein

 

followers ၁ ဒဿမ ၄ သန်း ရှိပြီး Post တစ်ခုအတွက် စပွန်ဆာကြေး ကန်ဒေါ်လာ ခြောက်ထောင် ဖြစ်ပါတယ်။

MTZ

 

 

Read 939 times
Rate this item
(1 Vote)