What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗစ်တိုးရီးယားဘက်ခမ်းက catwalk show ကို မသင့်လျော်ဟု ပယ်ဖျက်

တခမ်းတနား အကြီးအကျယ် ကျင်းပနေကျ ဖြစ်တဲ့ London fashion week ဖက်ရှင်ပွဲတော် မတိုင်ခင်မှာ ဗစ်တိုးရီးယားဘက်ခမ်းက သူ စီစဉ်ထားပြီးသားဖြစ်တဲ့ “salon-style” catwalk show ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဒီဇိုင်နာသည် ဗစ်တိုးရီးယားဘက်ခမ်းက သူ စီစဉ်ထားတဲ့ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်စုစည်းမှုကို ကြည့်ရှုအားပေးလိုကြသူတွေကို လူ ၃ ဦးသာ ပါဝင်တဲ့ အဖွဲ့များ ဖွဲ့ပေးပြီး လာရောက်ကြည့်ရှုစေခဲ့ပါတယ်။

 

နဂိုတုန်းက ပွဲပြသဖို့ စီစဉ်ထားတဲ့ Hoxton art gallery ကို ဖိတ်ကြားပြီးပြသခဲ့တာမှာ သူ့အမည်အတိုကောက် အလှစာလုံးဖော်ပေးထားတဲ့ မတ်စ်ကို လာရောက်တဲ့ ဧည့်သည်တိုင်းကို တစ်ခုစီ အခမဲ့ပေးအပ်ပြီး မတ်စ် တပ်ဆင်စေတဲ့အပြင် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ အချိန်ပြည့် ဖြစ်နေစေဖို့ကို လည်း အထူးဂရုစိုက်ပါတယ်။

 

နဂိုမူလ ရည်ရွယ်ထားတာ ပရိသတ် ၁၅ ဦးကိုသာ ဖိတ်ကြားပြီး မတ်စ် တပ်ဆင်ကာ ရှိုးပွဲကို ကြည့်ရှုစေမယ်။ ထိုင်ခုံတွေကိုတော့ ၂ မီတာစီ ခြားထားမယ်။ ၁၅ ဦးစီ အလှည့်ကျ ဖိတ်ကြားပြီး တစ်ပွဲပြီး တစ်ပြွ အချိန်ခြားပြီး ပြသသွားဖို့ ဖြစ်ပါတယ်။ ဗြိတိန်မှာ ကိုဗစ်ကူးစက်မှု ပြန်ဆိုးဝါးလာတာကြောင့် ပွဲကျင်းပဖို့ မသင့်လို့ သူက ဆုံးဖြတ်ပြီး ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။


"နောက်တစ်ချိန်ကျရင်တော့ ကျမတို့ ပုံမှန်နည်းနည်း ပိုဖြစ်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ဝိုင်တစ်ခွက် ကမ်းပေးပြီး ဧည့်ခံဖို့ ဖြစ်နိုင်လိမ့်မယ် ထင်ပါတယ်" လို့ ဘက်ခမ်းက ပြောကြားပါတယ်။

Ref: theguardian.com

Read 1273 times
Rate this item
(0 votes)