What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝလဲ လှတယ်ဆိုတာ သက်သေပြခဲ့တဲ့ မော်ဒယ်များ

ဝလဲ လှတယ်ဆိုတာ သက်သေပြခဲ့တဲ့ မော်ဒယ်များ google

မိန်းကလေးတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ပိန်မှ လှတယ်ဆိုတဲ့ စကားဟာ လုံးဝကို မှားပါတယ်။ ၀၀ပိန်ပိန် ကိုယ်နဲ့ လိုက်ဖက်တာကို ၀တ်တတ် စားတတ်မယ်၊ နေ တတ်

ထိုင်တတ်မယ် ဆိုရင်တော့ မလှတဲ့ သူလုံးဝမရှိပါဘူး။ ပိန်မှ လှမယ် ဆိုပြီး အထင်မှား အမြင်မှားနေကြတဲ့ သူတွေ အတွက် ပြည့်ပြည့်၀၀လေးတွေနဲ့ အရမ်းကိုလှနေကြတဲ့ Plus Size မော်ဒယ် (၁၀)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

10. La’Tecia Thomas

La’Tecia  ကတော့ သြစတြေးလျရဲ့ နာမည်အကြီးဆုံး plus-size model တွေထဲက တစ်ယောက်ပါ။သူမဟာ အစပိုင်းတုန်းက size 10 နဲ့ fitness modelling  ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။အခုဆိုရင်တော့ သူမဟာ size 16 ဖြစ်နေပါပြီ။

model1

 

9. Clementine Desseaux

(၂၀၁၆)မှာ body positive model ၊ blogger တစ်ယောက် အဖြစ်နဲ့ ရပ်တည်ခဲ့သူပါ။သူမဟာ Charli Howard နဲ့ အတူလက်တွဲပြီး All Women Project ကို လုပ်ဆောင်နေသူပါ။ဒီအဖွဲ့အစည်းကတော့ ကိုယ်ပိုင် ယုံကြည်မှု ကို တည်ဆောက်တာကို စိတ်ဓါတ်ခွန်အားပေးတဲ့ ပွဲတွေ၊workshop တွေကို ကျင်းပပြလုပ်ပေးနေတာပါ။

model2

 Read: Over 20 ရောက်လာတဲ့ ကောင်လေးတွေ ဘယ်လို ဝတ်စား ဆင်ယင် သင့်သလဲ

8. Robyn Lawley

Robyn Lawley  ကတော့ ပိန်မှမော်ဒယ်ဖြစ်မယ်ဆိုတဲ့ အယူအဆကို ရိုက်ချိုးပြနိုင်ခဲ့တဲ့ Australian Cosmo politan နဲ့  Australian Vogue တို့ရဲ့ ကာဗာမှာ ဖော်ပြခံခဲ့ရတဲ့ ပထမဆုံးသော သြစတြေးလျ မော်ဒယ် ပါ။ပိန် ပိန် ပါးပါးမော်ဒယ်မလေးတွေပဲ နေရာယူနေတဲ့ အဲ့ဒီလို နာမည်ကြီးမဂ္ဂဇင်းတွေရဲ့ ကာဗာကို ၀င်ပြီးနေရာယူနိုင်ခဲ့ သူပါ။ ‘plus size.’ ဆိုတဲ့ ၀တဲ့ မိန်းကလေးတွေ အပေါ်ခွဲခြားတဲ့ အသုံးအနှုန်းမျိုးကို မနှစ်သက်သူပါ။plus size ဆိုတဲ့ အသုံး အနှုန်းမျိုး သုံးတာကို လုံးဝလုံးဝ မကြိုက်သူပါ။

model31

 

7. Precious Lee

Precious Lee ကတော့ အမေရိကန် Vogue နဲ့ Sports Illustrated တို့မှာ ဖော်ပြခြင်းခံရတဲ့ ပထမဆုံးလူမည်း plus size model  ပါ။#IAmNoAngel and This Body ဆိုတဲ့ Campaigns တွေကို လုပ်ဆောင် နေသူပါ။ ခန္ဓာကိုယ်ကို ကောင်းတဲ့ အမြင်နဲ့ပဲ ကြည့်ဖို့ body positive Campaign တွေကိုလုပ်ဆောင်နေသူပါ။လူငယ် အမျိုးသမီးတွေကိုကိုယ့်ကိုယ်ကို ချစ်ဖို့၊ကိုယ့်ရဲ့ Body ကို ချစ်ဖို့ အမြဲတိုက်တွန်းအားပေးနေသူပါ။

model4

 

6. Candice Huffine

သူမရဲ့ Career အစကတော့ အလှမယ်ပါ။Candice Huffine ကမော်ဒယ်လောကို ရောက်တော့ အေဂျင့်တွေ က သူမကို ၀ိတ်ချပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ရဲရဲဝံ့ဝံ့ငြင်းဆိုခဲ့သူပါ။အမေရိကန် မော်ဒယ် Tara Lynn နဲ့ အတူတွဲ ပြီး နောက်နာမည်ကြီးခဲ့တာပါ။ogue Italia မှာ ဖော်ပြခြင်းခံခဲ့ရသူပါ။

model51

 

5. Tara Lynn

Tara Lynn ကတော့ အီတလီ Vogue မှာ ဖော်ပြခံခဲ့ရပြီးနောက် (၂၀၁၁)မှာ နာမည်ကြီးလာခဲ့ သူပါ။Tara Lynn ကတော့  ကိုယ့်ရဲ့ ပင်ကိုယ်အလှ၊ပင်ကိုယ် Body ကို ချစ်ကြဖို့ အမျိုးသမီးတွေကို အမြဲတိုက်တွန်း အားပေး နေသူပါ။

model6

 

4. Crystal Renn

အသက် (၁၄)နှစ်မှာတော့အေဂျင့်တွေက သူမကို ၀ိတ်ချဖို့ အတင်းတိုက်တွန်းခဲ့ကြပါတယ်။မော်ဒယ်ဖြစ်ချင်ရင် နင် ၀ိတ် ချ မှ ရမယ်ဆိုပြီး ပြောခံခဲ့ရတာပါ။အဖက်ဖက်ကနေ ဒီလို တွန်းအားပေးမှုတွေ ကြောင့် ငယ်ရွယ် တဲ့ မိန်းကလေး ငယ်တွေ မှာဖြစ်တတ်တဲ့ ပိန်ချင်လွန်းပြီး အစားအသောက်ပျက်ကာကိုယ်အလေးချိန်ကျဆင်းတဲ့ ရောဂါကို ခံစား ခဲ့ ရပါတယ်။ကောက်ကြောင်းအတွက် ဒုက္ခခံရတဲ့ မော်ဒယ်တစ်ယောက် ရဲ့ ဘ၀ အကြောင်းကို သရုပ်ဖော်ထားတဲ့ သူမရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ရေးသားထားတဲ့ ၀တ္ထုတစ်ပုဒ်ကို ရေးခဲ့ပါတယ်။

model71

 

3. Chloe Marshall

Marshallဟာ Miss England Tiara ရဲ့ နောက်ဆုံးဖိုင်နယ်ကို ရောက်ခဲ့တဲ့ ပထမဆုံး သော size 16 model  ပါ။သူမရဲ့ motivation ကြောင့်ပဲ ပိန်ပိန်သွယ်သွယ်လေးတွေပဲ Miss England  ဖိုင်နယ်ပွဲကို ရောက် နိုင်တယ် ဆိုတဲ့ သတ်မှတ်ချက်ကြီးကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်ခဲ့တာပါ။

model81

 

2. Jennie Runk

Jennie Runk  ကတော့ US Vogue’s 2005  မှာ ဖော်ပြခံရပြီးနောက် နာမည်ကြီးခဲ့သူပါ။မော်ဒယ် လောကရဲ့ Body အချိုးအစားအပေါ် ခွဲခြားဆက်ဆံမှုတွေ၊တန်းတူညီမျှမရှိမှုတွေကို တွန်းလှန်တိုက်ခိုက်ခဲ့သူပါ။မော်ဒယ် လောကရဲ့ ခွဲခြားဆက်ဆံမှုတွေ အကြောင်းကို BBC မှာ shape diversity ဆိုပြီး ရေးသား ခဲ့ ဖူးပါတယ်။

model91

 

1. Ashley Graham

Ashley Graham ကတော့ အမေရိကန်သူပါ။ Sports Illustrated မှာ (၂၀၁၆)က ဖော်ပြခံခဲ့ရတဲ့ ပထမဆုံး plus size model ပါ။Sports Illustrated  ကတော့ လူတော်တော်များများက လှတယ်ဆိုပြီး စံနှုန်းသတ်မှတ် ထားတဲ့ Body အချိုး အစား ပိုင်ရှင် မော်ဒယ်တွေကိုပဲ ဖော်ပြတတ်တဲ့ မဂ္ဂဇင်းပါ။ Graham  ကတော့ သူမရဲ့ ကိုယ်ပိုင်အမျိုးသမီး အတွင်း ၀တ် ၊အ၀တ်အစားနဲ့ ရေကူးဝတ်စုံတွေ အတွက် Brand တွေ နဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်နေသူပါ။

model101

 

ဝလဲ လှနိုင်တယ်ဆိုတာ သိပြီမို့ ချစ်စရာ ဝဝကစ်ကစ် ပျိုမေလေးတွေ အားမငယ်တော့နဲ့နော်။

 Source: Shwe Mom

Myanmar Textile and Garment Directory

Read 2303 times
Rate this item
(1 Vote)