What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိန္ဒိယမင်းသမီး Anushka Sharma ရဲ့ဖက်ရှင်စတိုင်

အိန္ဒိယ ရုပ်ရှင်ချစ်သူတွေကတော့ မင်းသမီးလေး Anushka Sharma ကို ရင်းနှီးကြမယ်လို့ထင်ပါတယ်။

အရမ်းကိုခေတ်စားခဲ့တဲ့ သဲထိပ်ရင်ဖို ရုပ်ရှင်ဇာတ်ကား Pari ဆိုတဲ့ ကားလေးထွက်ရှိထားခဲ့ပြီး သဲထိပ်ရင်ဖို ဇာတ်ကားတွေကြိုက်တဲ့ ပရိသတ်တွေကြားထဲမှာ အရမ်းကိုရေပန်းစားခဲ့တာပါနော်။

anushka2 min
ကြောက်စရာကောင်းတဲ့ အမိုက်စားမိတ်ကပ်တွေ၊ Video Effect တွေနဲ့ သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေက အဲဒီဇာတ်ကားကို ပိုပြီးအသက်ဝင်သွားစေပြီး သဲထိပ်ရင်ဖို ကြိုက်သူတွေတောင်မကြည့်ရဲတဲ့ ဇာတ်ကားရယ်လို့ တင်စားပြောဆိုခဲ့ကြပါတယ်။

anushka3 min
Anushka Sharma ကို ၁၉၈၈ ခုနှစ် မေလ ၁ ရက်နေ့က အိန္ဒိယနိုင်ငံ Ayodhya မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

anushka6 min
အရပ်အမြင့် ၁.၇၅ မီတာ (၅ပေ ၈.၈၉ လက်မ) ရှိပြီး အရပ်မြင့်မြင့်နဲ့ ချစ်စရာကောင်းသူတစ်ဦးဖြစ်ပါတယ်နော်။

နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Priyanka Chopra ရဲ့ ဖက်ရှင်ပုံရိပ်များ

anushka sharma1 min
Rab Ne Bana Di Jodi ဆိုတဲ့ ၂၀၀၈ ခုနှစ်မှာထွက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားမှာမင်းသားကြီး Shah Rukh Khan နဲ့ ပွဲဦးထွက်ရိုက်ကူးခဲ့ညပီး အနုပညာလောကကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

anushka7 min
သူမရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေကတော့ အများကြီးပါပဲ။ ဒီထဲမှာတော့ ပရိသတ်တွေပိုပြီးအားပေးတဲ့ ဇာတ်ကားတွေက PK, Phillauri, Sultan, Ae Dil Hai Mushkil, Jab Harry Met Sejal, Pari စတဲ့ ဇာတ်ကားတွေပါ။
၂၀၁၇ ခုနှစ်မှာ အိန္ဒိယ ခရစ်ကတ်ကစာသမား Virat Kohli နဲ့ လက်ထပ်ခဲ့ပါတယ်။

Virat Kohli Anushka Sharma Wedding min

လက်ရှိ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ ကြေးအမြင့်ဆုံး သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လူကြိုက်များတဲ့ မင်းသမီး တစ်ဦးအဖြစ်ရပ်တည်နေသူပါ။

anushka11 min

 


သူမရဲ့ ဖက်ရှင်တွေက အမြဲတမ်း သူမကို စမတ်ကျနေပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေး Anushka Sharma ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။

anushka4 min

anushka5 min

anushka8 min

Anushka13 min

anushka15 min

Anushka12 min

anushka18 min

anushka14 min

anushka16 min

 

 Source:my style

Read 2534 times
Rate this item
(1 Vote)