What's new

×

Warning

JUser: :_load: Unable to load user with ID: 845


red carpetပွဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်ကို stylist ဖြိုးသီဟက ပြင်ဆင်ပေးထားတာ ဆိုးဝါးလှတဲ့ ဖက်ရှင်တွေဆိုပြီးလူမှုကွန်ယက်ပေါ်မှာ ဂယက်ထခဲ့တာနဲ့ ပတ်သက် ပြီး

Reflection ဇာတ်ကားအထူးပွဲပြသတဲ့ နေ့က red carpet ကို ဇာတ်ကားထဲမှအနုပညာရှင် အမျိုးသမီးများကလျှောက်လှမ်းခဲ့ပါတယ်။ အဲ့ ပွဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်ကို stylist ဖြိုးသီဟက ပြင်ဆင်ပေးထားတာ ဆိုးဝါးလှတဲ့ ဖက်ရှင်တွေဆိုပြီးလူမှုကွန်ယက်ပေါ်မှာ ဂယက်ထခဲ့တာနဲ့ ပတ်သတ်ပြီး ဖြိုးသီဟက............

Red Carpet မှာတွေ့ရတဲ့ အ၀တ်အစားတွေနဲ့ ပတ်သတ်ပြီးဝေဖန်မှုတွေအပေါ် ဘာပြောချင်လဲ။

မအူဝဲက သူဘယ်လိုအိုင်ဒီယာလေးရှိတယ်ဆိုတာကိုပြောတာပေါ့နော်။ ဒီပွဲကို တခြားstylist တွေနဲ့ လုပ်မယ်။တခြားဒီဇိုင်နာတွေရဲ့ management အောက်ကို ရောက်မယ်ဆိုတာ မသိဘူး။စပွန်ဆာယူထားတဲ့ maybellin ဘက်ကနေပါလာတယ်ဆိုပြီးတော့တော့ပြောတယ်။အဲ့လိုဆိုတော့ အိုကေပေါ့။ကျွန်တော်ကမတက်မလို့ဘဲ ကိုယ်တိုင်က သူများရဲ့management အောက်ကို မ၀င်ဘူးဘူးလေ။ဝင်ဖို့လဲ အစီအစဉ်မရှိဘူး။အဲ့ တော့ မသွားချင်ဘူး။ မအူဝဲကလဲ တွဲဆင်းဖို့ လူမရှိမှာစိုးတာနဲ့ သွားတယ်။တကယ်တမ်းကျွန်တော် ကဘာမှမသိဘူး အဲ့ နေ့မှကျွန်တော်ကမြင်ဘူးတာပေါ့။ ကျွန်တော်ကိုယ်ကျွန်တော်ဘဲ စီစဉ်ပြီးဝတ်ဖြစ်တယ်ပေါ့။အဲ့ ပွဲကို ကျွန်တော်စီစဉ်တယ်ထင်ကြတာ။ကံဆိုးချင်တော့ မီဒီယာထဲမှာတော်တော်လေးကို ပြောစရာဖြစ်နေတယ်။ အပြင်မှာလဲ မင်းသမီးတွေက သူတို့ဝတ်ထားတာ လှကြပါတယ်။ ဒါကို ပရီသတ်တော်တော် များများက ဖြိုးသီဟ ဘယ်လိုစီစဉ်တာလဲ ဘယ်ဖက်ရှင်တွေ ဆင်ပေးထားတာလဲပေါ့။မင်းသမီးတွေကလဲ ပြောကြတယ်။ အဲ့မှာ ကျွန်တော် ပြန်ဖြေပေးယူရတယ်။ ကျွန်တော် စီစဉ်တာ မဟုတ်ပါဘူး။ maybellin ဘက်ကနေပါလာတယ်ဆိုပြီးတော့တော့ပြောရတယ်။ ကျွန်တော်အတွက် တော့ တော်တော်နစ်နာတယ်။ မင်းသမီးတွေကဘာမှမဖြစ်ပေမယ့် ကျွန်တော်တို့တွေကျတော့ နစ်နာတယ်။ အဲ့ ပွဲတက်ဖက်ရှင်တွေကလဲ ဖြစ်ချင်တာများသွားတယ်လို့ ထင်တယ်။ အခုခေတ်မှာ ဘာလုပ်လုပ်သတိလေးတွေထားသင့်တာပေါ့။ဘာလို့လဲဆို အခုခေတ်လူငယ်တွေ ကမြင့်လာတယ်။ ဖက်ရှင်ပိုင်းရော အကုန်လုံးက မြင့်လာတယ်။ အဲ့ တော့သတိထားပြီးလုပ်စေချင်တယ်။

29790751 1907900299241472 3974139256237981696 n29793860 1908437362521099 768073171956924416 n

 

အခုခေတ် ကဖက်ရှင် ခေတ်စားလာတဲ့ အပေါ်အမြင်လေးပြောပေးပါဦး။

အခုခေတ်ကဖက်ရှင်ကို အရမ်းကိုဂရုစိုက်လာကြတယ်။ကိုယ်တွေတောင်ငေးကြည့်နေရတယ်။ နောက်သူတို့က brand တွေကိုပိုသိကြတယ်။ငါးနှစ်မှာ တဆက်လားမသိဘူး generation က ။ အဲ့တော့ generation တဆက်တဆက်ကို သူတို့တွေရဲ့ LEVEL တွေ အရမ်းကို မြင့်လာတယ်။ သူတို့တွေကို လိုက်လို့မမှီပါဘူး။ အရမ်းလဲလေ့လာမှုကောင်းတယ်။ အနုပညာသမားတွေ အထူးသတိထားရမယ့်အရာက ငါတို့က အနူတောမှာလူချောဖြစ်ခဲ့တာကခေတ်တခေတ်ဘဲရမယ်လေ။ အခုခေတ်က အနုတောလဲ မဟုတ်တော့ လူတော်ကြားထဲရောက်လာပီ။အစစအရာ အကုန်လုံးကိုသတိထားရတော့မယ်။ မျက်လုံးတွေကအကုန်လုံးကပွင့်နေပီ။ဖက်ရှင်ကားဘဲရိုက်ရိုက်ဘာကားဘဲရိုက်ရိုက် ကျွန်တော်ပြောချင်တာကဖက်ရှင်ဆိုရင် လဲ ဖက်ရှင်ဘက်ကိုဘဲ ဦးစားပေးပြီးရိုက်သင့်တယ်။ အက်ရှင်ဆိုရင် အက်ရှင်ဘက်ဦးစားပေးရိုက်သင့်တယ်။ သွားရောသွားရင် ပရိသတ်တွေရဲ့ မျက်လုံးတွေက အရမ်းကို ခေတ်မှီနေပီ အရမ်းကို သိနေပီပေါ့။ အဲ့တော့ ကွာလတီပြည့်မှီဖို့ပြောချင်တယ်။

ဖက်ရှင်အသားပေးတဲ့ ရုပ်ရှင်အတွက် မင်းသမီး ၂ ဦးကိုStylistလုပ်ပေးသူ ဖြိုးသီဟနှင့် အင်တာဗျူး

http://www.textiledirectory.com.mm/articles/item/969-stylist-phyo-thi-ha.html

 

 

 

 

Read 7883 times
Rate this item
(2 votes)