What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Plaid Suit ကို အထာကျကျ ဝတ်ရအောင်

Plaid Suit ကို အထာကျကျ ဝတ်ရအောင် google

မင်္ဂလာပါ ချစ်တို့ရေ။ Plaid Suit လို့ ဆိုလိုက် ရင် ဟိုးအရင်ကတော့ ရုံးသွားတဲ့အခါ၊ ကုမ္ပဏီသွားတဲ့အခါ ဒါမှမဟုတ် ပွဲတက်နဲ့ ဒင်နာမျိုးတွေအတွက်သာ

ရွေးချယ်လေ့ ရှိခဲ့ကြတဲ့ ဝတ်စုံလို့ သိထားကြပေမယ့် ဒီနေ့ ခေတ်မှာတော့ ထသွားထလာအတွက်တင် မကတော့ပဲ ဒိတ်လုပ်တဲ့အခါ သူငယ်ချင်းတွေ နဲ့ အပြင်သွား ရှော့ပင်ထွက်တဲ့အခါတွေမှာ တောင် suit လေးတွေကို အထာကျကျ ဆင်မြန်းလာကြပါပြီ။

ဒါပေမယ့် plaid suitလေးတွေကို တွဲဖက် ဆင်မြန်းလာတဲ့ တစ်ချို့အရာလေးတွေက တော့ အပြောင်းအလဲ ရှိလာပါတယ်။ အဲ့ဒီ အကြောင်းလေး ပြောပြရင်းနဲ့ ကိုယ့်မှာသာ suit လေးတစ်စုံရှိရင် သူ့ကို ဘယ်နှစ်မျိုး လောက် ဝတ်လို့ရသလဲ ဆိုတာပါ ပြောပြပေး သွားမှာပါ။

ပထမဆုံး ပြောချင်တာက ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းကို ကြည့် လိုက်ရင် အရင်လို အပေါ်ကဘာဆို အောက် ကဘာနဲ့တွဲမှ၊ ဘာကာလာဆို ဘာနဲ့မှ စတဲ့ သတ်မှတ်ချက်တွေ စည်းမျဉ်းတွေ နည်းပါး သွားခဲ့ပြီး ကိုယ့်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ရယ် ကိုယ့်စိတ်ကြိုက် ကိုယ့်ဖီလင် ကိုယ့်စတိုင် ပေါ်လွင်စေမယ့် ဒီဇိုင်းတွဲဖက်မှု ပိုများလာခဲ့ပါတယ်။ ဒီအချက်ကပဲ ဖက်ရှင် ရေစီးကြောင်းကို ပိုမိုပြောင်းလဲသွားစေ ခဲ့တယ်လို့ ဆိုချင်ပါတယ်။

Plaid Suit လေးတွေကို အရင်နဲ့ကွဲပြားစွာ ဆင်မြန်းလာပုံကတော့ Suit နဲ့ ရှပ်၊ ရှုးဖိနပ်/ဒေါက်ဖိနပ် တွေအစား suitနဲ့ တီရှပ် (ကိုယ်နှစ်သက်ရာ စတစ်ကာ စာတန်း ဒါမှမဟုတ် band ရှပ်) ၊ sneaker/ankle boot တွေ ပြောင်းပြီးဝတ်လာကြတာ မျိုးပေါ့။ ဒါကို ရုံးဝန်ထမ်း company ဝန်ထမ်း တွေကပါ သဘောကျဝတ်ဆင်လာတာ တွေ့ရ ပါတယ်။ ဒါဟာ ဝတ်ဆင်သူကို ပိုသက်တောင့် သက်သာဖြစ်စေတာကို ဘယ်သူမှ မငြင်းနိုင် ပါဘူး။

ဒီလောက်ဆိုရင် Plaid Suitတွေအကြောင်း သိသင့် သလောက်သိပြီ ဆိုတော့ ကိုယ့်ဆီမှာ သာ plaid suitလေး တစ်စုံရှိမယ်ဆိုရင် သူ့ကို ဘယ်နှစ်မျိုးလောက် ဝတ်နိုင်သလဲ ကြည့် ရ အောင်။

(၁) suit တစ်စုံနဲ့ ရှပ်အကျီကို တွဲဝတ်ပြီး အောက်က ကြိုက်နှစ်သက်ရာ sneaker/ankle boot/flat shoe/ ဒေါက်အမြင့် စတာတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ဒါကတော့ အရင်က တည်းက မြင်နေကျ ဖက်ရှင်မျိုးပါ။

(၂) နောက်တစ်မျိုးကတော့ Plaid Suit မှာ အပေါ်က ဘလေဇာနဲ့ အောက်က jeans တွဲပြီး ဝတ်တာပါ။ ဒီဖက်ရှင်ကတော့ ၂၀၁၇ နဲ့ ၂၀၁၈မှာ တော်တော်လေး ခေတ်စားခဲ့တဲ့ ဖက်ရှင်လို့ ဆိုနိုင်ပါတယ်။ ဘလေဇာ အောက်က တီရှပ်ကို ခံဝတ်ပြီး အောက်က ကြိုက်နှစ်သက်ရာ jeans နဲ့ တွဲဝတ်တာ မျိုးပေါ့။ သူ့ကိုလည်း ကိုယ့်စိတ်ကြိုက် sneaker/shoe/boot/underground boot/ flat shoe/ high hee စတာတွေနဲ့ တွဲဆင်မြန်းပါ။ ခုနောက်ပိုင်းတော့ sneaker တွေနဲ့ ဆင်မြန်းတာ ပိုခေတ်စားနေပါတယ်။

Related Article: ယွန်းယွန်းရဲ့ ဖက်ရှင် စုစည်းမှု

(၃) ဒုတိယအချက်လိုပါပဲ။ suitတစ်စုံကို ခွဲ ဝတ်တဲ့သဘောပါ။ ဘောင်းဘီကို ကိုယ်ကြိုက်ရာ blouse နဲ့ တွဲနိုင်သလို shirt/t shirt/bodysuit/ကြိုးတစ်လုံး စတာတွေနဲ့ ခွဲဝတ်နိုင်တယ်နော်။

(၄) နောက်တစ်မျိုးက အပေါ်ဘလေဇာကို အောက်က ဂျင်းဘောင်းဘီအတို/ စကတ်တွေ နဲ့ တွဲနိုင်တာပါ။ သူက မြင်တွေ့ရ နည်းပေ မယ့် ဝတ်မယ်ဆိုလည်း အထာကျတာပါပဲ။ ဒါမျိုးဆိုရင်တော့ အပေါ်က ဘလေဇာက နည်း နည်းကြီးကြီးဆို ပိုအထာကျပါတယ်။ ဘလေဇာအောက်နားနဲ့ ဘောင်းဘီနဲ့ ကွက်တိ ဖြစ်ရင် မိုက်ပါတယ်။ စကတ်ကို လည်း ဖြစ်နိုင်ရင် pencil skirt တွေ tight skirt တွေနဲ့ တွဲနိုင်ပါတယ်။

(၅) ကိုယ်က ကွန့် ချင်တယ် လိုက်မယ် ထင်တယ်ဆိုရင် စကတ်အရှည် ဒါမှမဟုတ် maxi dress တွေ ဘာတွေပေါ် ဘလေဇာကို ထပ်ဝတ်တာမျိုးလည်း ရပါတယ်။ သူကအဝတ်နည်းပေမယ့် မလိုက်ဘူးလို့ တော့ ပြောမထားပါဘူး။ အထာကျမယ်ထင် ရင် အထူးသဖြင့် ကိုယ်က အရပ်လေးရှည် တယ်ဆိုရင် ဝတ်နိုင်ပါတယ်နော်။

Source: I am Fashion
Myanmar Textile and Garment Directory

Read 1303 times
Rate this item
(1 Vote)
Tagged under