What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အားကစားလုပ်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်သလဲ

အားကစားလုပ်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်သလဲ google

အားကစားလုပ်တော့မယ်ဆိုရင် ကိုယ်ရွေးချယ်ရာ အားကစားနည်းရှိရာနေရာ ရွေးချယ်မှု ပြီးရင်တော့ ဒါလေးတွေလုပ်ပါနော်။

အရေးမကြီးဘူးလို့ထင်တဲ့ အရာလေးတွေက အနှောင့်အယှက် ဖြစ်စရာလေးတွေ မဖြစ်လာစေဖို့  လမ်းညွှန်ချက်အချို့ကို ပေါ့ပေါ့ပါးပါးလေးဖော်ပြလိုက်ပါတယ်။

(၁) အတွင်းခံ ကိုသေချာရွေးချယ်ဝတ်ဆင်ပါ။
လွတ်လပ်ပေါ့ပါးတဲ့ အ၀တ်အစားဖြစ်ဖို့ အရေးကြီးတာမို့ အများအမြင်လှဖို့ထက် လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်ပြေစေဖို့ အရေးကြီးပါတယ်။  သင် နေ့တိုင်းဝတ်နေတဲ့ အတွင်းခံ (Bras) ထက် ပိုပြီး သတိထားရမှာပါ Sport Bras က Sexy ကျဖို့ ထက် သက်တောင့်    သက်သာရှိပြီး ယုံကြည်မှု ရှိရပါမယ်။ Sports bras  ကို ရွေးချယ်ဝတ်ဆင်တော့မယ်ဆိုရင် အပြင်လုံခြုံမှုတစ်ခုတည်းသာကြည့်ပြီးမရွေးချယ်သင့်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန် မနာမကျင်စေဖို့လိုပါတယ်။ ချွေးတွေထွက်တဲ့အခါ လျင်မြန်ခြောက်သွေ့ ဖို့ အထောက်အပံ့ဖြစ်မယ့် (Bra) ဖြစ်ရပါမယ်။ ဒါကြောင့် အတွင်းခံဘရာ ရွေးချယ်မှုကို ဂရုစိုက်သင့်ပါတယ်။

(၂) အားကစားဘောင်းဘီကလည်း ဂရုတစိုက်ကို ရွေးချယ်သင့်ဆုံးပါ။
ထူလွန်းရင်လည်း ပူသလို ပါးလွန်းရင်လည်း ကစားတဲ့အချိန် သက်သာမှုဖြစ်မနေတတ်လို့ မထူမပါး ဘောင်းဘီများကို ရွေးချယ်ပါနော်။ ကိုယ်ဝတ်တဲ့အ၀တ်အစားအပေါ်မှာ ယုံကြည်မှုရှိနေခြင်းက ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပိုသက်ရောက်စေနိုင်ပါတယ်။

Read More>>>> ပျိုမေလေးတွေကို အရပ်ရှည်သယောင် ထင်ရစေမယ့် ဝတ်စားနည်းလေးတွေ

(၃) ခြေအိပ်နှင့်ဖိနပ် ကလည်း သင့်ရဲ့ GYM ဆော့နေချိန် နာရီပိုင်းအတွက် ခြေထောက်ကို မနာမကျင် သက်တောင့်သက်သာဖြစ်စေဖို့ အထောက်ပံ့ပေးမယ့်အရာပါ။
GYM ဆော့တဲ့အခါ ပုံမှန် နေ့စဉ်လှုပ်ရှားမှုထက် ပိုပြီးချွေးထွက်များပါတယ်။ ခြေထောက်က ထွက်တဲ့ခြေဆီအနံ့ကို ထိန်းနိုင်တဲ့ ခြေအိပ်၊ ခြေထောက်အနာသက်သာစေမယ့် Sports Shoes ကိုရွေးချယ်ပါ။ ပိတ်လှောင်မှု အချိန်ပမာဏများရင် ဘက်တီးရီးယားကြောင့် အနံ့ဆိုးထွက်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

(၄) ဘယ်လို လေ့ကျင့်ခန်းပဲ လုပ်လုပ်အရေးအကြီးဆုံးသတိထားသင့်တဲ့အချက်ကတော့ sun−cream လိမ်းပါ။
သင့်အသားအရေအတွက်အားဖြည့်ရန်ဖြစ်ပြီးကစားနေချိန်မှာ ရေသောက်တာကို နည်းနိုင်သမျှနည်းနည်းပဲ သောက်ပြီးတော့ ကစားပြီးသွားချိန်မှာတော့ ရေ(ωατερ)များများသောက်ပေးဖို့ တော့လိုအပ်ပါတယ် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေပြန်လည်ဖြည့်တင်းဖို့ဖြစ်ပါတယ်။

Source: myanmarpeoplemagazine

Myanmar Textile and Garment Directory

Read 1218 times
Rate this item
(1 Vote)
Tagged under