What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေလေးတွေကို အရပ်ရှည်သယောင် ထင်ရစေမယ့် ဝတ်စားနည်းလေးတွေ

ပျိုမေလေးတွေကို အရပ်ရှည်သယောင် ထင်ရစေမယ့် ဝတ်စားနည်းလေးတွေ google

ကိုယ့်ကိုယ်ကို အရပ်ပုလို့ဆိုပြီး စိတ်ညစ်တယ်လို့ ပြောနေကြတဲ့ မိန်းကလေးတွေ အတွက် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

တကယ်တော့ အရပ်ပုတာက စိတ်ညစ်စရာမဟုတ်ပါဘူးလို့ ။ပုလို့နုတယ်ဆိုတဲ့ စကားတောင်ရှိသေးတာပဲမလား? ကဲ ..ဒီတော့ အပြင်သွားတဲ့အခါတွေမှာ အရပ်ရှည်သယောင်ထင်သွားစေမယ့် ဝတ်စားနည်းလေးတွေ ဝေမျှပေးမယ်နော်။

(၁) V shape
T shirt တွေ blouse တွေ ဝတ်တဲ့အခါမှာ လည်ပင်းအပိတ် ပုံစံ ၊အဝိုင်းပုံစံ၊ လေးထောင့် ပုံစံတွေထက်စာရင် ဗွီ ပုံသဏ္ဍန်ရှိတဲ့ လည်ပင်းပေါက်တွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှည်သယောင် ဖြစ်စေပါတယ်။

(၂) ခါးအမြင့် ဂျင်းဘောင်းဘီ
မိမိက အရပ်ပုတဲ့အတွက်ကြောင့် ချက်ပြုတ် ဘောင်းဘီတွေ အစား ခါးမြင့် တဲ့ ဘောင်းဘီ ကိုဝတ်သင့်ပါတယ်။နောက်တစ်ချက်က အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ခြင်းဖြင့်မိမိခါးကိုပေါ်လွင်စေပြီး ခြေတံရှည်တယ် လို့ ထင်စေမှာပါ။

Read More: ပုပုသေးသေး ချစ်စရာ ပျိုမေလေး တွေ ရှောင်ရမယ့် အရာ (၆) မျိုး

(၃) ဖိနပ်
များသောအားဖြင့်က ဖိနပ်ရွေးတဲ့အခါမှာ တွေ့နေရတဲ့အမှားလေးတွေက ဒူးခေါင်းနားထိရှိတဲ့ ကြိုးသိုင်းဖိနပ်တွေ၊နောက်တခါ ဒေါက်ဖိနပ်တော့စီးပါရဲ့ ဒါပင်မယ့် သတိမထားမိတာက ခုံထူ အပိတ်တွေကို စီးကြတာတွေ၊ ဒါတွေကိုေ ရှောင်သင့်ပါတယ်နော်။ မဟုတ်ရင်တော့ ကိုယ့်ခြေတံကို ပုပုတုတ်တုတ် လေး ပိုဖြစ်စေမှာပါ။

ဖိနပ်အရောင်ရွေးတဲ့အခါမှာအရာင်နု လေးတွေ ဝတ်မယ်၊ ဒေါက်အမျိုး အစားကလည်း pencil heel လေးတွေဝတ်မယ် ဒါဆိုရင်တော့ ကိုယ့် ခြေတံကိုသွယ်သွယ်လေး ဖြစ်စေနိုင်တယ်။

(၄) ဘွတ်ဖိနပ်
ဘွတ်ဖိနပ်လေးတွေစီးတဲ့အခါ ကိုယ့်ခြေထောက်လုံးပတ်အတိုင်း ချပ်ရပ်နေတာမျိုး၊ခြေချင်းဝတ်လောက်ပဲရှိတဲ့ ankle boot မျိုးကိုရွေးခြယ်ပါ။ခပ်ပွပွ boot မျိုးက ခြေတံကို တုတ်သွားစေတယ်။ ခြေသလုံးအလယ်ထိရှည်တဲ့ boot မျိုးကလည်း ခြေတံတိုသယောင်ထင်ရစေပါတယ်။

(၅) စကပ်အတို
အရပ်ပုတဲ့သူတွေဟာ စကပ်ကို ဒူးအတိ သို့မဟုတ် ဒူးအပေါ်လောက်တိုတို ဝတ်သင့်ပါတယ်။ စကောစက စကပ် ,ဂါဝန်မျိုးတွေကိုရှောင်ပါ။ဒါတွေက ခြေတံတိုတာကို ပိုပြီးပေါ်လွင်စေပါတယ်။

(၆) ဒေါင်လိုက်အစင်း
ဘောင်းဘီ၊စကပ်၊ဂါဝန်(သို့) အင်္ကျီ ဝတ်တဲ့အခါမှာ ကန့်လန့်အစင်းကိုရွေးချယ်တာထက်စာရင် ဒေါင်လိုက်ပါတဲ့အစင်းလေးတွေကို ဝတ်စားခြင်းက ကိုယ်လုံးကို ပိန်သွယ်ပြီး အရပ်ရှည်စေပါတယ် ။

(၇) အင်္ကျီအရောင်
အဝတ်အစားအရောင်ရွေးတဲ့အခါမှာလည်း အရောင်မျိုးစုံ ပါနေတာထက် မှောင်တဲ့ အရောင်တမျိုးထဲကို အပေါ်အောက် ဝတ်တာက လူတွေအမြင်မှာပိန်သွယ်စေပါတယ်။

(၈) ခါးပတ်အသေး
ခပ်ပွပွ dress တွေဝတ်တဲ့အခါမှာပဲ ဖြစ်ဖြစ် ခါးပတ်အကြီးတွေနဲ့ ဝတ်တာက လူကို ပုပြီး ဝစေပါတယ် ။ဒါကြောင့် ခါးပတ်သေးသေးလေးတွေနဲ့တွဲပြီး ဝတ်တာက ခါးကိုသေးစေပြီးတော့ခန္ဓာအောက်ပိုင်းကိုရှည်စေပါတယ်။

Source: San Thit

Read 1361 times
Rate this item
(1 Vote)