What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုပုသေးသေး ချစ်စရာ ပျိုမေလေး တွေ ရှောင်ရမယ့် အရာ (၆) မျိုး

ပုပုသေးသေး ချစ်စရာ ပျိုမေလေး တွေ  ရှောင်ရမယ့် အရာ (၆) မျိုး google

ခုတစ်ခေါက်ကကျတော့ ကိုယ် ကလူကောင်သေးတယ်၊ အရပ်က ၅ပေ ၃ လောက် ဒါမှမဟုတ် ၅ပေ ၂လောက်ပဲ ရှိပြီး ခန္ဓာကိုယ်အချိုးအစားက

အပေါ် နဲ့အောက် မညီဘူး ခြေတံက တိုတယ်လို့ ခံစားနေရ တဲ့သူတွေအတွက် ရှောင်ရမယ့် အရာ (၆) မျိုး အကြောင်း ရေးပေးချင်တာပါ။

 ကဲ အရပ်ပုပြီးသေးတဲ့ ကောင်မလေးတွေထဲ ခြေတံပါ တိုတယ်လို့ခံစားရသူတွေ ရှိရင် ဖတ်ကြည့်လိုက်တော့နော်။

(၁) ပွပွချောင်ချောင် ဘောင်းဘီရှည် မျိုးတွေ ရှောင်ပါ။
ခြေတံတိုပါတယ်ဆိုမှ ပိုပြီး ပုကွသလို ဖြစ်သွားစေတတ်တဲ့ ပွယောင်းယောင်း ဘောင်းဘီ ရှည်မျိုးတွေ ရှောင်ရမယ်ဆိုတာ ပြောစရာမလို တော့ပါဘူးနော်။

Read More: ဒီဇိုင်နာ ပြည်စိုးအောင် ဖန်တီး ချုပ်လုပ်ထားသော ဝတ်စုံများ

(၂) ဒူးမရောက်တရောက် Gladiator Sandal တွေလည်း ဖြစ်နိုင် ရင် မဝတ်ပါနဲ့။
Gladiator Sandal တွေကလည်း ခြေတံတို တဲ့ ပျိုမေတွေ ဝတ်လိုက်ရင် ပိုတို ပိုပုသလို ဖြစ်သွားစေတာမို့ ရှောင်ရန်စာရင်းထဲ ခုပဲ ထည့်လိုက်ပါတော့။

(၃) ဒူးကျော်ကျော် ခြေမျက်စိ မရောက် တရောက် Midi Dress / Skirt တွေ ရှောင်ပါ။
ဟိုမရောက် ဒီမရောက်အရှည် Midi Dress တွေ Skirt တွေက အကောင်သေးပြီး ခြေတံတိုတဲ့ ပျိုမေတွေရဲ့ ရန်သူပါနော်။

(၄) အပေါ်အောက် ကာလာတွေ အများကြီး ဝတ်တာမျိုး ရှောင်ပါ။
အရောင်တစ်ရောင်တည်း အပေါ်အောက် မဝတ်နိုင်ရင်တောင် ကာလာတွေအများကြီး ရော ဝတ်တာဟာ လူကောင်သေးအရပ်ပုတဲ့ ချစ်တို့ အတွက် အဆင်မပြေနိုင်ပါဘူး။ ကိုယ်ဝတ်မယ့် အကျီ ဒါမှမဟုတ် dress က အပွင့်အနွယ် pattern တွေမို့လို့ ဆိုရင် သိပ်အရေးမကြီးပေမယ့် အကျီ စကတ် အပေါ်ဝတ် cardigan ဒါမှမဟုတ် jacket / stocking စသဖြင့် အထပ်ထပ် တွေက ကာလာတွေအစုံဆိုရင်တော့ ဘယ်လိုမှအဆင်မပြေပါဘူးနော်။

(၅) Cropped Wide Pant လို ခြေမျက်စိနား အရှည်ကိုမှ အောက်အကားဘောင်းဘီမျိုး တွေ မဝတ်ပါနဲ့။
Cropped pant တွေက လူကောင်သေးတဲ့ ပျိုမေတွေအတွက် ရွေးချယ်နိုင်ပေမယ့် wide pant တွေတော့ မဟုတ်ပါဘူး။ ခြေတံတိုတဲ့သူကို ပိုတို သလို ဖြစ်စေတဲ့ အရာတွေထဲ ဟိုမရောက် ဒီမရောက် cropped လုပ်ထားတဲ့ ဘောင်းဘီတွေ ထိပ်ဆုံးကပါပါတယ်။ အဲ့ဒါကိုမှ အောက်အကား ကြီးဆိုရင်တော့ စဉ်းစားသာကြည့်ပါတော့။

(၆) Mid Calf Boot မျိုးတွေလည်း ရှောင်ပါ။
 boot တွေ ကြိုက်တယ်ဆိုရင် ဒူးကျော်ကျော် လည်ရှည်bootတွေပဲ ခြေတံတိုတဲ့သူတွေနဲ့ အဆင်ပြေပါလိမ့်မယ်နော်။ ဒီလို Mid Calf Bootတွေကိုတော့ မေ့ထားတာ အကောင်းဆုံးပါပဲနော်။

Source: I am Fasion

Myanmar Textile and Garment Directory

Read 1687 times
Rate this item
(0 votes)