What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက်(၃၀) ဝန်းကျင်မှာ ပျိုမေတို့ရဲ့ ရှိသင့်တဲ့အဝတ်ဗီဒိုအခြေအနေ

အသက်(၃၀) ဝန်းကျင်မှာ ပျိုမေတို့ရဲ့ ရှိသင့်တဲ့အဝတ်ဗီဒိုအခြေအနေ google

အသက်(၃၀)ဝန်းကျင်ဆိုတာ ငယ်တော့တဲ့ အသက်အရွယ်မဟုတ်တော့သလို့ အရမ်းကြီး အသက်ကြီးတဲ့အရွယ်လည်းမဟုတ်ပါဘူး။

ငယ်တဲ့အရွယ်မှာလို ကိုယ်ရဲ့ အဝတ်ဗီဒိုဟာ အရမ်းကြီးရူပ်ပွနေဖို့ မသင့်တော်ပါဘူးနော်။ textileပရိသတ်ကြီးအတွက် ကိုယ်ရဲ့ အဝတ်ဗီဒိုကို ဘယ်လိုထားသင့်လဲဆိုတာပြောပြပေးချင်ပါတယ်။

၁။ ဗီဒိုဖွင့်လိုက်တာနဲ့ သင့်စိတ်ဟာ သက်တောင့်သက်သာ အဆင်ပြေပြေရှိနေစေဖို့ အ၀တ်ဗီရိုကို ရှင်းလင်းထားပါ။

အသက်နည်းနည်းရလာပြီဆိုရင် သင့်အ၀တ်ဗီဒိုကလည်း ဖွင့်လိုက်တာနဲ့ ရှုပ်ပွနေတာမျိုးတွေ မဖြစ်သင့်တော့ပါဘူး။

ကိုယ့်ဝတ်မယ့် အ၀တ်အစားတွေကို အလုပ်အတွက် သပ်သပ်၊ ထသွားထလာ၊ အိမ်နေရင်း ၀တ်ဖို့နဲ့ ပါတီ၊ ဒင်နာ စတာတွေအတွက် သီးသန့်ခွဲထားနိုင်ဖို့ လိုပါတယ်။

 

၂။သင့်အ၀တ်ဗီဒိုဟာ အလင်းရောင် ကောင်းကောင်းရနေဖို့ လိုပါတယ်။

ဖြစ်နိုင်မယ်ဆိုရင်တော့ အ၀တ်ဗီဒိုဟာ ဖွင့်လိုက်တာနဲ့ မမြင်မစမ်း ကုန်းရုန်းရှာနေရတာမျိုး မဖြစ်သင့်ပါဘူး။ ဗီဒိုတစ်ခုလုံးက သေချာ အလင်းရောင်ရတဲ့နေရာမှာ ထားဖို့ လိုပါတယ်။

ဒါဟာ အ၀တ်ရွေးချယ်ရာမှာ အရောင်မမှားစေဖို့လည်း အထောက်အကူ ပြုပါတယ်။


၃။ဖိနပ်တွေကို ဖြစ်သလိုမထားပါနဲ့။

အရင်တုန်းကလို ဖိနပ်တွေက ဗီဒိုအောက်မှာ လေး၊ ငါးရံ၊ ကုတင်အောက်မှာ လေး၊ ငါးရံ၊ စသဖြင့် ဖြစ်သလို ထားတာမျိုးတွေ မလုပ်ပါနဲ့တော့။

တတ်နိုင်ရင် ဖိနပ်စင်လေး သီးသန့်ဖန်တီးထားလိုက်ပါ။ ပြီးတဲ့အခါ ဖိနပ်အမျိုးအစားတွေ အလိုက် သီးခြား ခွဲပြီး တင်ထားလိုက်ပါ။

 

<<< Freight Forwarder ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ၇၆၃ ခုကိုရှာရန်နှိပ်ပါ။ >>>


၎။တန်ဖိုးကြီးပစ္စည်းတွေကို သီးသန့်ထားနိုင်အောင်လုပ်ပါ။

လက်ဝတ်ရတနာ၊ လက်ကိုင်အိတ်အကောင်းစားတွေဆိုရင် သေသေချာချာ သပ်သပ်ရပ်ရပ်လေး ထားဖို့ လိုပါတယ်။

ထားတဲ့နေရာက ဈေးကြီးပေးရတဲ့ ဗူးမျိုး၊ သေတ္တာမျိုးဖြစ်ဖို့ဆိုတာထက် သပ်သပ်ရပ်ရပ်နဲ့ သေချာလေး စီစဉ်ထားတဲ့ ပစ္စည်းမျိုးထဲမှာ ထည့်သိမ်းနိုင်ဖို့ လိုပါတယ်။

လက်ဝတ်လက်စားအတွက်ဆိုရင်တော့ အံဆွဲထဲက လက်ဝတ်လက်စားထည့်တဲ့ ဗူးထဲမှာ ထည့်ပါ။ အိပ်တွေကိုတော့ အ၀တ်အစားဗီဒိုထဲ အကန့်ခွဲထည့်ထားလို့ရအောင်လုပ်ပါ။

တစ်ခုသတိထားရမှာက အိပ်ခန်းစီလင်နဲ့ ကပ်နေအောင် ထားတာမျိုးတွေ မလုပ်ပါဘူး။

 


၅။ကိုယ်လုံးပေါ်မှန်ကို အ၀တ်ဗီရိုနား ထားပါ။

ဖြစ်နိုင်ရင် ကိုယ်အင်္ကျီအ၀တ်အစား ၀တ်မယ့်နေရာမှာတင် မှန်ကို ထားရှိဖို့ လိုပါတယ်။ အ၀တ်ဗီဒိုနားဖြစ်ရင် ပိုအဆင်ပြေပါတယ်။

 


၆။အရေးတကြီး ၀တ်မယ့် အ၀တ်အစားတွေကို ချိတ်နဲ့သီးသန့်ချိတ်ထားပါ။

သင့်ဗီဒိုထဲမှာ ချိတ်ပါ ချိတ်ထားလို့ရတယ်ဆိုရင်တော့ ခေါက်ထားလို့ အဆင်မပြေတဲ့ အ၀တ်အစားတွေ၊ အ၀တ်များတဲ့ အ၀တ်အစားတွေကို ရွေးချိတ်ထားလိုက်ပါ။

 

Credit : Trend Myanmar

 
Read 2517 times
Rate this item
(0 votes)
Tagged under