What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘရာဝတ်ပုံဝတ်နည်းနဲ့ ပင်ကိုစရိုက် (၄) မျိုး ဘရာ၀တ္ပုံ၀တ္နည္းနဲ႔ ပင္ကုိစ႐ုိက္ (၄) မ်ဳိး

မနက်ခင်းမှာ အဝတ်အစားလဲကြတဲ့အခါ ဘရာကို ဘယ်လို ဝတ်ဆင်သလဲ။ ဝတ်ပုံဝတ်နည်း အမျိုးမျိုးအရ

သင်ဟာ ဘယ်လို လူစားမျိုးလဲဆိုတာ ယေဘုယျအားဖြင့် ပြောပြလို့ရတယ်လု့ိ လူအပြုအမူနဲ့ ခန္ဓာဘာသာစကား ကျွမ်းကျင်သူ Patti Wood က ပြောပြထားပါတယ်။
သူက ဘရာဝတ်ဆင်ပုံ ၄ မျိုးအရ ပိုင်းခြားပြီး ပင်ကိုစရိုက်လက္ခဏာတွေ တင်ပြပေးထားတာကို အခု ပြန်ပြောပြပေးထားပါတယ်။

သြော် ဒီလိုလားလို့ ဖြစ်သွားနိုင်တဲ့ အကြောင်းအရာကလေးတွေကို ပြောမပြခင် တစ်စက္ကန့်လောက် ခဏရပ်ပြီး အင်မတန် အရေးကြီးတဲ့ မေးခွန်းကို စိတ်ထဲမှာ အဖြေပေးလိုက်ပါ။
ဘရာကို သင် ဘယ်လိုဝတ်သလဲ???

အများသူငါ ဝတ်နေကျအတိုင်းပဲပေါ့လို့ အဖြေပေးမယ့်အစား နည်းနည်းလေး စဉ်းစားကြည့်လိုက်ပါ။ မနက်တိုင်း အဝတ်အစားလဲရင်း ဘရာကိုလည်း လဲတယ်။ အဲဒီအခါ ဘယ်လို ဝတ်သလဲ။
သေချာတာက ဘရာဝတ်ရင် ချိတ်တပ်ရတယ်။

၁။ ဘရာကို အတည့်အတိုင်းဝတ်ပြီး ကျောဘက်မှာ ရှိနေတဲ့ ချိတ်ကို လက်နောက်ပြန်ပစ်ပြီး တပ်သလား။

bra back

 

၂။ ဘရာကို ရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ချိတ်ကို ရင်ဘတ်ရှေ့မှာ အရင်တပ်တယ်။ ပြီးမှ ဘရာကို လှည့်ပေးပြီး ချိတ်ကို ကျောဘက်ရောက်အောင် လုပ်ပြီး ဝတ်သလား။

bra rotate

 

 

၃။ ကျောဘက်မှာ ချိတ်တပ်ရတာ လက်ဝင်တယ်။ အလုပ်ရှုပ်တယ်။ ဒီတော့ ရှေ့ဘက်မှ ခွက်နှစ်ခုကြားမှာ ချိတ်တပ်ရတဲ့ ဘရာကို ဝတ်ဆင်သလား။

bra front clip

 

၄။ ဘရာချိတ်ကို တပ်ပြီးတော့မှ ဘရာကို ခေါင်းကနေ စွပ်ချပြီး လက်ပေါက်တွေထဲ လက်လျှိုသွင်း၊ ဘရာကို နေသားတကျဖြစ်အောင် ထားပြီး ဝတ်ဆင်သလား။

bra 4

ကဲ အခု စဉ်းစားကြည့်။ နေ့တိုင်း ဘရာဝတ်နေတာ ဘယ်နည်းကို သုံးသလဲ။

အခြေအနေအရ ကိုယ့်စိတ်ကြိုက် နည်းလမ်းကို သုံးဖို့ အခွင့်မသာလို့ လက်ရှိနည်းကို သုံးနေတယ်ဆိုရင် တကယ်လို့များ ကိုယ်စိတ်ကြိုက်သာ လုပ်လု့ိရမယ်ဆိုရင် ဘယ်နည်းကို သုံးမလဲ။

အဲဒီနည်းက သင့်ပင်ကိုစရိုက်ကို ဖော်ပြပေးနေတဲ့ ဝတ်ပုံဝတ်နည်း ဖြစ်ပါလိမ့်မယ်။

သင် ဘရာဝတ်ပုံက ငယ်ငယ်ရွယ်ရွယ်မှာ ဘရာစဝတ်တော့ အမေ့ဆီမှ သင်ခဲ့တဲ့အတိုင်း အကျင့်ဖြစ်နေပြီး အဲဒီဝတ်နည်းအတိုင်း အခုအထိ ဆက်ဝတ်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။

ဒါမှမဟုတ် သင်ကိုယ်၌က အဲဒီလိုပဲ ဝတ်ရတယ်လို့ ယူဆထားတာ ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုဆိုရင်တော့ သင့်ပင်ကိုစရိုက်ကို ဖော်ပြပေးနေတဲ့ ဝတ်ပုံဝတ်နည်း ဖြစ်ပါလိမ့်မယ်။

patti header 2014

Patti Wood က အခုလို ပြောထားတယ်။
“အဲဒီမှာ ကွဲပြားခြားနားတဲ့ ပင်ကိုစရိုက် (၄) မျိုး ရှိနေတယ်။ တွန်းအား(driver)၊ သြဇာ(influencer)၊ ထောက်ခံ(supporter)၊ ပြီးတော့ ဂရုတစိုက် တည့်မှန်သူ(corrector) အဲဒီလူစားမျိုးက အသေးအမွှား လုပ်စရာကလေးတွေကိုတောင် အင်မတန်တမူထူးတဲ့ နည်းလမ်းလေးတွေနဲ့ လုပ်ဖို့ အားသန်တဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ သင် လုပ်သမျှဟာတိုင်းမှာ သင်ရဲ့ လုပ်ပုံကိုင်ပုံ ရှိနေတယ်။ အဲဒါတွေက သင့်အကြောင်းကို ပြောပြပေးနေကြတယ်။ ဒီတော့ အတွင်းခံအဖြစ် ဝတ်ဆင်ရတဲ့ အဝတ်အစားတစ်ခု ဝတ်ဆင်ပုံကလည်း သင့်အကြောင်းကို အနည်းနဲ့ အများ ပြောပြနေတယ်။ အသံမထွက်ဘဲ အသံတိတ်နည်းလမ်းဖြင့် ပြောပြနေတယ်”


ကျောဘက်ချိတ်ပါတဲ့ ဘရာကို

ကျောဘက်မှာပဲ ချိတ်ကို တပ်တယ်

 

bra back1

သင်ဟာ ထောက်ခံအားပေးသူ။ သမားရိုးကျကို တွယ်တာသူ၊ အရင်လို လမ်းအိုလိုက်လို့ ခံယူထားသူ။ သင်ပေးထားတဲ့အတိုင်း အမြဲဆက်လုပ်နေသူ။ ဒါတွေက ဒီလို လုပ်နေကျမို့ ဒီလိုပဲ ဆက်လုပ်ဖြစ်နေသူ။ အမေလည်း ဒီလိုပဲ ချိတ်ကို တပ်တယ်။ သူငယ်ချင်းတွေလည်း အခုလိုပဲ ချိတ်ကို တပ်တယ်။ ရေလိုက်ငါးလိုက်နေတတ်သူဖြစ်ပြီး လူတွေနဲ့ အဆင်ပြေအောင် နေသူ ဖြစ်တယ်။

အပေါင်းအသင်းက တစ်ခုခု သွားဝယ်မလို့ အဖော်လိုက်ပေးဖို့ ပြောလာရင် အတူလိုက်သွားပေးဖို့ အသင့်ရှိနေတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပါတယ်။


ကျောဘက်ချိတ်ပါတဲ့ ဘရာကို ရှေ့ဘက်မှ ချိတ်ကို ထားပြီး အရင်တပ်တယ်။

bra rotate

ရင်ဘတ်ရှေ့မှာ ချိတ်ကို တပ်ပြီးမှ ဘရာကို လှည့်ပေးပြီး ချိတ်ကို ကျောဘက်မှာ ရောက်အောင်လုပ်ပြီး ဘရာကို ဝတ်တဲ့သူဆိုရင် သူက သြဇာရှင်။

တခြားသူတွေကို သြဇာညောင်းတဲ့သူ။ သူ့ကို တလေးတစားရှိအောင် နေတတ်သူဖြစ်ပြီး တလေးတစား ရှိကြတာကို လိုလားသူလည်း ဖြစ်ပါတယ်။

ကိုယ့်ဘက်မှာ လူတွေ ရှိနေစေလိုတယ်။ ဘရာပုံတုံးတုံးတွေထက် လှတပတ ဘရာတွေကို ရွေးချယ်တယ်။ အဖြူရောင်ဘရာက ငြီးငွေ့စရာ ဖြစ်နေတယ်။ အရောင်ပါတဲ့ဘရာမျိုးကို ပိုကြိုက်တယ်။ ပြီးတော့ ဘရာပုံစံ အမျိုးမျိုး အပြောင်းအလဲ ဝတ်ဆင်တယ်။ ဇာနားကွပ် အလန်းစားဘရာမျိုးတွေကို ခုံမင်တယ်။
ဘရာကို ချိတ် ရှေ့မှာတပ်ပြီးမှ နောက်ဘက်လှည့်ပေးပြီး ဝတ်တတ်တဲ့သူ ဖြစ်ပေမဲ့ ဖြစ်ကတတ်ဆန်း အလွယ်လုပ်တတ်တဲ့သူတော့ မဟုတ်ဘူး။

bra position

ကြိုးတွေကို နေရာကျအောင် ဂရုတစိုက်ဖြင့် အချိန်ပေးပြီး နေရာချတယ်။ ခွက်ထဲကို ရင်သား နေသားတကျဖြစ်အောင်လည်း ခွက်ထဲ လက်ကို အသာလျှိုထည့်ပြီး ရင်သားနဲ့ ဘရာတို့ကို နေရာချတယ်။

ကျကျနန ဖြစ်အောင် မလုပ်ဘဲနဲ့ ဘရာဝတ်တာ ပြီးဆုံးသွားသူမျိုး မဟုတ်ဘူး။

bra front clip1

ရှေ့ဘက်မှာ ချိတ်ရှိတဲ့ ဘရာမျိုးကို ဝတ်တယ်

***********
တွန်းအားရှင်တစ်ဦး ဖြစ်ပါတယ်။ အချိန်မဖြုန်းလိုသူ။ စမ်းတဝါးဝါးဖြင့် လုပ်ကိုင်ရတာမျိုးကို ရှောင်ရှားလိုသူ။ ဒီတော့ ကျောဘက်မှာ မမြင်ရလို့ ချိတ်ကို လက်ဖြင့် စမ်းပြီး တပ်ရတာကို ရှောင်ရှားလိုလို့ ရှေ့မှာ ချိတ်ပါတဲ့ဘရာကို ရွေးချယ်သုံးစွဲတယ်။ လူတွေရှေ့မှာ လုပ်စရာတစ်ခုခုကို လုပ်ရတဲ့အခါ စမ်းတဝါးဝါးဖြင့် မလုပ်လိုဘူး။ မျက်မြင်ဒိဋ္ဌဖြစ်တဲ့ နည်းလမ်းကို ရွေးသုံးတယ်။ သေသေချာချာ မမြင်ရလို့ လုပ်ကိုင်ရတာ အချိန်ပိုပေးရမှာကို မလိုလားဘူး။ သေသေချာချာ မြင်ရလို့ အချိန်ကုန်သက်သာစေမယ့်ဟာကို ရွေးချယ်တယ်။
စိတ်ချလက်ချ ဖြစ်ဖို့အတွက် အရည်အသွေးကောင်းတာမျိုးကို ဝယ်သုံးမယ်။ ငွေပိုပေးရပေမဲ့ တန်တယ်လို့ တွက်တယ်။
မရေမရာ ဖြစ်နေတာကြောင့် ဟိုစမ်းစမ်း ဒီစမ်းစမ်း လုပ်ရတာမျိုးကို ရှောင်ရှားတယ်။
စမတ်ကျတယ်။ သေသေချာချာ သိထားအောင် အရင်လုပ်တယ်။ ပြီးမှ ဆုံးဖြတ်ချက်တွေ ချတယ်။ ဒီတော့ နောက်တော့မှ နောက်ထပ်အတွေးတစ်မျိုးပေါ်တာ မရှိဘူး။

ဘရာ ချိတ်ကို တပ်ပြီးမှ ခေါင်းကနေ စွပ်ပြီး ဝတ်တယ်
**********

bra 4 1

ဂရုတစိုက် တည့်မှန်သူ ဖြစ်ပါတယ်။ ချိတ်ကို ဘရာဝတ်ပြီးမှ တပ်ရင် မဝတ်ခင်တပ်တာလောက် မလွယ်ဘူး။ ပိုလွယ်ပိုကောင်းတဲ့နည်းက မဝတ်ခင် တပ်မယ်။ ပြီးမှ ခေါင်းကနေ စွပ်ချမယ်။ ဒီတော့ ချိတ်တပ်ရခက်နေတာမျိုး မဖြစ်မှာ သေချာသွားစေတယ်။
ဘယ်လိုဘရာမျိုး အကြိုက်ဆုံးလဲဆိုရင် sports bra မျိုးကို နှစ်သက်တယ်။
သူများတွေက အာရုံစိုက်ခံရတာကို မလိုလားဘူး။ အဝတ်အစားတွေ ဝတ်တဲ့အခါ ကိုယ်တစ်ယောက်တည်း ဖြစ်နေမယ့်နေရာမျိုးကို နှစ်သက်တယ်။
shopping ထွက်ရင်လည်း တစ်ကိုယ်တော်ပဲ သွားချင်တယ်။ ကျွမ်းကျင်သူတွေ အကြံပေးထားတဲ့အတိုင်းဖြစ်တဲ့ဟာမျိုးကို ရွေးချယ်ဝယ်ယူတယ်။ အရွယ်အစားကလည်း ကိုယ့် အတိုင်းအတာနဲ့ ဖြစ်နိုင်သရွေ့ အတိအကျ ဖြစ်တာကို ရွေးမယ်။ ကိုယ်က ဘယ်လိုဟာကို ရွေးရမလဲဆိုတာ သိထားတယ်။

ချက္ကဝါ

 

 

Zawgyi

 

မနက္ခင္းမွာ အ၀တ္အစားလဲၾကတဲ့အခါ ဘရာကုိ ဘယ္လုိ ၀တ္ဆင္သလဲ။ ၀တ္ပုံ၀တ္နည္း အမ်ဳိးမ်ဳိးအရ သင္ဟာ ဘယ္လုိ လူစားမ်ဳိးလဲဆုိတာ ေယဘုယ်အားျဖင့္ ေျပာျပလုိ႔ရတယ္လု႔ိ လူအျပဳအမူနဲ႔ ခႏၶာဘာသာစကား ကၽြမ္းက်င္သူ Patti Wood က ေျပာျပထားပါတယ္။
သူက ဘရာ၀တ္ဆင္ပုံ ၄ မ်ဳိးအရ ပုိင္းျခားၿပီး ပင္ကုိစ႐ုိက္လကၡဏာေတြ တင္ျပေပးထားတာကုိ အခု ျပန္ေျပာျပေပးထားပါတယ္။


ေၾသာ္ ဒီလုိလားလု႔ိ ျဖစ္သြားႏုိင္တဲ့ အေၾကာင္းအရာကေလးေတြကုိ ေျပာမျပခင္ တစ္စကၠန္႔ေလာက္ ခဏရပ္ၿပီး အင္မတန္ အေရးႀကီးတဲ့ ေမးခြန္းကုိ စိတ္ထဲမွာ အေျဖေပးလုိက္ပါ။
ဘရာကုိ သင္ ဘယ္လုိ၀တ္သလဲ???

အမ်ားသူငါ ၀တ္ေနက်အတုိင္းပဲေပါ့လုိ႔ အေျဖေပးမယ့္အစား နည္းနည္းေလး စဥ္းစားၾကည့္လုိက္ပါ။ မနက္တုိင္း အ၀တ္အစားလဲရင္း ဘရာကုိလည္း လဲတယ္။ အဲဒီအခါ ဘယ္လုိ ၀တ္သလဲ။
ေသခ်ာတာက ဘရာ၀တ္ရင္ ခ်ိတ္တပ္ရတယ္။

 

၁။ ဘရာကုိ အတည့္အတုိင္း၀တ္ၿပီး ေက်ာဘက္မွာ ရွိေနတဲ့ ခ်ိတ္ကုိ လက္ေနာက္ျပန္ပစ္ၿပီး တပ္သလား။

 

bra back

 

 

၂။ ဘရာကုိ ေရွ႕ေနာက္ ေျပာင္းျပန္၀တ္ၿပီး ခ်ိတ္ကုိ ရင္ဘတ္ေရွ႕မွာ အရင္တပ္တယ္။ ၿပီးမွ ဘရာကုိ လွည့္ေပးၿပီး ခ်ိတ္ကုိ ေက်ာဘက္ေရာက္ေအာင္ လုပ္ၿပီး ၀တ္သလား။

 

bra rotate

 

၃။ ေက်ာဘက္မွာ ခ်ိတ္တပ္ရတာ လက္၀င္တယ္။ အလုပ္႐ႈပ္တယ္။ ဒီေတာ့ ေရွ႕ဘက္မွ ခြက္ႏွစ္ခုၾကားမွာ ခ်ိတ္တပ္ရတဲ့ ဘရာကုိ ၀တ္ဆင္သလား။

 

bra front clip

 

၄။ ဘရာခ်ိတ္ကုိ တပ္ၿပီးေတာ့မွ ဘရာကုိ ေခါင္းကေန စြပ္ခ်ၿပီး လက္ေပါက္ေတြထဲ လက္လွ်ဳိသြင္း၊ ဘရာကုိ ေနသားတက်ျဖစ္ေအာင္ ထားၿပီး ၀တ္ဆင္သလား။

 

bra 4

ကဲ အခု စဥ္းစားၾကည့္။ ေန႔တုိင္း ဘရာ၀တ္ေနတာ ဘယ္နည္းကုိ သုံးသလဲ။

အေျခအေနအရ ကုိယ့္စိတ္ႀကိဳက္ နည္းလမ္းကုိ သုံးဖုိ႔ အခြင့္မသာလုိ႔ လက္ရွိနည္းကုိ သုံးေနတယ္ဆုိရင္ တကယ္လုိ႔မ်ား ကုိယ္စိတ္ႀကိဳက္သာ လုပ္လု႔ိရမယ္ဆုိရင္ ဘယ္နည္းကုိ သုံးမလဲ။

အဲဒီနည္းက သင့္ပင္ကုိစရုိက္ကုိ ေဖာ္ျပေပးေနတဲ့ ၀တ္ပုံ၀တ္နည္း ျဖစ္ပါလိမ့္မယ္။


သင္ ဘရာ၀တ္ပုံက ငယ္ငယ္ရြယ္ရြယ္မွာ ဘရာစ၀တ္ေတာ့ အေမ့ဆီမွ သင္ခဲ့တဲ့အတုိင္း အက်င့္ျဖစ္ေနၿပီး အဲဒီ၀တ္နည္းအတုိင္း အခုအထိ ဆက္၀တ္ေနတာလည္း ျဖစ္ခ်င္ျဖစ္မယ္။

ဒါမွမဟုတ္ သင္ကုိယ္၌က အဲဒီလုိပဲ ၀တ္ရတယ္လုိ႔ ယူဆထားတာ ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီလုိဆုိရင္ေတာ့ သင့္ပင္ကုိစရုိက္ကုိ ေဖာ္ျပေပးေနတဲ့ ၀တ္ပုံ၀တ္နည္း ျဖစ္ပါလိမ့္မယ္။

 

patti header 2014

 

Patti Wood က အခုလုိ ေျပာထားတယ္။
“အဲဒီမွာ ကြဲျပားျခားနားတဲ့ ပင္ကုိစ႐ုိက္ (၄) မ်ဳိး ရွိေနတယ္။ တြန္းအား(driver)၊ ၾသဇာ(influencer)၊ ေထာက္ခံ(supporter)၊ ၿပီးေတာ့ ဂ႐ုတစိုက္ တည့္မွန္သူ(corrector) အဲဒီလူစားမ်ဳိးက အေသးအမႊား လုပ္စရာကေလးေတြကုိေတာင္ အင္မတန္တမူထူးတဲ့ နည္းလမ္းေလးေတြနဲ႔ လုပ္ဖုိ႔ အားသန္တဲ့သူ ျဖစ္ပါတယ္။ တကယ္ေတာ့ သင္ လုပ္သမွ်ဟာတုိင္းမွာ သင္ရဲ႕ လုပ္ပုံကုိင္ပုံ ရွိေနတယ္။ အဲဒါေတြက သင့္အေၾကာင္းကုိ ေျပာျပေပးေနၾကတယ္။ ဒီေတာ့ အတြင္းခံအျဖစ္ ၀တ္ဆင္ရတဲ့ အ၀တ္အစားတစ္ခု ၀တ္ဆင္ပုံကလည္း သင့္အေၾကာင္းကုိ အနည္းနဲ႔ အမ်ား ေျပာျပေနတယ္။ အသံမထြက္ဘဲ အသံတိတ္နည္းလမ္းျဖင့္ ေျပာျပေနတယ္”


ေက်ာဘက္ခ်ိတ္ပါတဲ့ ဘရာကုိ

ေက်ာဘက္မွာပဲ ခ်ိတ္ကုိ တပ္တယ္

***********

bra back1
သင္ဟာ ေထာက္ခံအားေပးသူ။ သမား႐ုိးက်ကုိ တြယ္တာသူ၊ အရင္လုိ လမ္းအုိလုိက္လုိ႔ ခံယူထားသူ။ သင္ေပးထားတဲ့အတုိင္း အၿမဲဆက္လုပ္ေနသူ။ ဒါေတြက ဒီလုိ လုပ္ေနက်မုိ႔ ဒီလုိပဲ ဆက္လုပ္ျဖစ္ေနသူ။ အေမလည္း ဒီလုိပဲ ခ်ိတ္ကုိ တပ္တယ္။ သူငယ္ခ်င္းေတြလည္း အခုလုိပဲ ခ်ိတ္ကုိ တပ္တယ္။ ေရလုိက္ငါးလုိက္ေနတတ္သူျဖစ္ၿပီး လူေတြနဲ႔ အဆင္ေျပေအာင္ ေနသူ ျဖစ္တယ္။

အေပါင္းအသင္းက တစ္ခုခု သြား၀ယ္မလုိ႔ အေဖာ္လုိက္ေပးဖုိ႔ ေျပာလာရင္ အတူလုိက္သြားေပးဖုိ႔ အသင့္ရွိေနတဲ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။

 

 


ေက်ာဘက္ခ်ိတ္ပါတဲ့ ဘရာကုိ ေရွ႕ဘက္မွ ခ်ိတ္ကုိ ထားၿပီး အရင္တပ္တယ္။

***********

bra rotate
ရင္ဘတ္ေရွ႕မွာ ခ်ိတ္ကုိ တပ္ၿပီးမွ ဘရာကုိ လွည့္ေပးၿပီး ခ်ိတ္ကုိ ေက်ာဘက္မွာ ေရာက္ေအာင္လုပ္ၿပီး ဘရာကုိ ၀တ္တဲ့သူဆုိရင္ သူက ၾသဇာရွင္။

တျခားသူေတြကုိ ၾသဇာေညာင္းတဲ့သူ။ သူ႔ကုိ တေလးတစားရွိေအာင္ ေနတတ္သူျဖစ္ၿပီး တေလးတစား ရွိၾကတာကုိ လုိလားသူလည္း ျဖစ္ပါတယ္။

ကုိယ့္ဘက္မွာ လူေတြ ရွိေနေစလုိတယ္။ ဘရာပုံတုံးတုံးေတြထက္ လွတပတ ဘရာေတြကုိ ေရြးခ်ယ္တယ္။ အျဖဴေရာင္ဘရာက ၿငီးေငြ႕စရာ ျဖစ္ေနတယ္။ အေရာင္ပါတဲ့ဘရာမ်ဳိးကုိ ပုိႀကိဳက္တယ္။ ၿပီးေတာ့ ဘရာပုံစံ အမ်ဳိးမ်ဳိး အေျပာင္းအလဲ ၀တ္ဆင္တယ္။ ဇာနားကြပ္ အလန္းစားဘရာမ်ဳိးေတြကုိ ခုံမင္တယ္။
ဘရာကုိ ခ်ိတ္ ေရွ႕မွာတပ္ၿပီးမွ ေနာက္ဘက္လွည့္ေပးၿပီး ၀တ္တတ္တဲ့သူ ျဖစ္ေပမဲ့ ျဖစ္ကတတ္ဆန္း အလြယ္လုပ္တတ္တဲ့သူေတာ့ မဟုတ္ဘူး။

bra position

 

ႀကိဳးေတြကုိ ေနရာက်ေအာင္ ဂ႐ုတစုိက္ျဖင့္ အခ်ိန္ေပးၿပီး ေနရာခ်တယ္။ ခြက္ထဲကုိ ရင္သား ေနသားတက်ျဖစ္ေအာင္လည္း ခြက္ထဲ လက္ကုိ အသာလွ်ဳိထည့္ၿပီး ရင္သားနဲ႔ ဘရာတုိ႔ကုိ ေနရာခ်တယ္။

က်က်နန ျဖစ္ေအာင္ မလုပ္ဘဲနဲ႔ ဘရာ၀တ္တာ ၿပီးဆုံးသြားသူမ်ဳိး မဟုတ္ဘူး။

 

bra front clip1

ေရွ႕ဘက္မွာ ခ်ိတ္ရွိတဲ့ ဘရာမ်ဳိးကုိ ၀တ္တယ္

***********
တြန္းအားရွင္တစ္ဦး ျဖစ္ပါတယ္။ အခ်ိန္မျဖဳန္းလုိသူ။ စမ္းတ၀ါး၀ါးျဖင့္ လုပ္ကုိင္ရတာမ်ဳိးကုိ ေရွာင္ရွားလုိသူ။ ဒီေတာ့ ေက်ာဘက္မွာ မျမင္ရလုိ႔ ခ်ိတ္ကုိ လက္ျဖင့္ စမ္းၿပီး တပ္ရတာကုိ ေရွာင္ရွားလုိလုိ႔ ေရွ႕မွာ ခ်ိတ္ပါတဲ့ဘရာကုိ ေရြးခ်ယ္သုံးစြဲတယ္။ လူေတြေရွ႕မွာ လုပ္စရာတစ္ခုခုကုိ လုပ္ရတဲ့အခါ စမ္းတ၀ါး၀ါးျဖင့္ မလုပ္လုိဘူး။ မ်က္ျမင္ဒိ႒ျဖစ္တဲ့ နည္းလမ္းကုိ ေရြးသုံးတယ္။ ေသေသခ်ာခ်ာ မျမင္ရလုိ႔ လုပ္ကုိင္ရတာ အခ်ိန္ပုိေပးရမွာကုိ မလုိလားဘူး။ ေသေသခ်ာခ်ာ ျမင္ရလုိ႔ အခ်ိန္ကုန္သက္သာေစမယ့္ဟာကုိ ေရြးခ်ယ္တယ္။
စိတ္ခ်လက္ခ် ျဖစ္ဖုိ႔အတြက္ အရည္အေသြးေကာင္းတာမ်ဳိးကုိ ၀ယ္သုံးမယ္။ ေငြပုိေပးရေပမဲ့ တန္တယ္လုိ႔ တြက္တယ္။
မေရမရာ ျဖစ္ေနတာေၾကာင့္ ဟုိစမ္းစမ္း ဒီစမ္းစမ္း လုပ္ရတာမ်ဳိးကုိ ေရွာင္ရွားတယ္။
စမတ္က်တယ္။ ေသေသခ်ာခ်ာ သိထားေအာင္ အရင္လုပ္တယ္။ ၿပီးမွ ဆုံးျဖတ္ခ်က္ေတြ ခ်တယ္။ ဒီေတာ့ ေနာက္ေတာ့မွ ေနာက္ထပ္အေတြးတစ္မ်ဳိးေပၚတာ မရွိဘူး။

ဘရာ ခ်ိတ္ကုိ တပ္ၿပီးမွ ေခါင္းကေန စြပ္ၿပီး ၀တ္တယ္
**********

bra 4 1
ဂ႐ုတစိုက္ တည့္မွန္သူ ျဖစ္ပါတယ္။ ခ်ိတ္ကုိ ဘရာ၀တ္ၿပီးမွ တပ္ရင္ မ၀တ္ခင္တပ္တာေလာက္ မလြယ္ဘူး။ ပုိလြယ္ပုိေကာင္းတဲ့နည္းက မ၀တ္ခင္ တပ္မယ္။ ၿပီးမွ ေခါင္းကေန စြပ္ခ်မယ္။ ဒီေတာ့ ခ်ိတ္တပ္ရခက္ေနတာမ်ဳိး မျဖစ္မွာ ေသခ်ာသြားေစတယ္။
ဘယ္လုိဘရာမ်ဳိး အႀကိဳက္ဆုံးလဲဆုိရင္ sports bra မ်ဳိးကုိ ႏွစ္သက္တယ္။
သူမ်ားေတြက အာ႐ုံစုိက္ခံရတာကုိ မလုိလားဘူး။ အ၀တ္အစားေတြ ၀တ္တဲ့အခါ ကုိယ္တစ္ေယာက္တည္း ျဖစ္ေနမယ့္ေနရာမ်ဳိးကုိ ႏွစ္သက္တယ္။
shopping ထြက္ရင္လည္း တစ္ကုိယ္ေတာ္ပဲ သြားခ်င္တယ္။ ကၽြမ္းက်င္သူေတြ အႀကံေပးထားတဲ့အတုိင္းျဖစ္တဲ့ဟာမ်ဳိးကုိ ေရြးခ်ယ္၀ယ္ယူတယ္။ အရြယ္အစားကလည္း ကုိယ့္ အတုိင္းအတာနဲ႔ ျဖစ္ႏုိင္သေရြ႕ အတိအက် ျဖစ္တာကုိ ေရြးမယ္။ ကုိယ္က ဘယ္လုိဟာကုိ ေရြးရမလဲဆုိတာ သိထားတယ္။

ခ်ကၠ၀ါ

Read 18898 times
Rate this item
(0 votes)