What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Plus Size အမျိုးသမီးများအတွက် ဖက်ရှင်လမ်းညွှန်များ

လှပခြင်းရဲ့ အဓိပ္ပာယ်ဟာ ပိန်သွယ်ခြင်းဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ လူအများစုဟာ အမြဲတမ်း မြင်တွေ့နေ၊ ဖတ်နေရတဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေထဲက သွယ်သွယ်လျလျ အမျိုးသမီးလေးတွေကိုပဲ

မြင်ပါများလာတော့ တစ်ခြားကိုယ်ခန္ဓ္ဓ္ဓာ အချိုးအစားတွေကို မလှဘူးလို့ ယုံကြည်လာကြပါတယ်။ ဖက်ရှင်လောကကြီးတစ်ခုလုံးကလည်း ၀တဲ့အမျိုးသမီးတွေကို လျစ်လျူရှုထားကြတဲ့အတွက် plus size အမျိုးသမီး အများစုဟာ သူတို့နဲ့ လိုက်ဖက်မယ့် အ၀တ်အစားကောင်းကောင်းကို ရှာရ ခက်ခဲလေ့ရှိကြပါတယ်။ ဒါကြောင့် ဖက်တီးလေးတွေအတွက် အလှဆုံးဖြစ်အောင် ၀တ်ဆင်နိုင်မယ့် အကြံပေးချက် လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျော့ပျောင်းတဲ့ အသားလေးတွေကို ရွေးဝတ်ပါ။

မာမာတောင့်တောင့်အသားတွေဟာ ပိုအလုံးအထည်ကြီးသယောင် ထင်ရစေတဲ့အတွက် သင့်ကို ပိုပြီးဝသွားစေပါတယ်။ ပျော့ပျောင်းတဲ့အသားလေးတွေ ရွေးချယ်ရာမှာလည်း ခန္ဓ္ဓ္ဓာကိုယ်နဲ့ အလိုက်သင့်ဖြစ်တာမျိုးကို ရွေးချယ်ဖို့လိုအပ်ပြီး ခန္ဓ္ဓ္ဓာကိုယ်အလယ်ပိုင်းကို အာရုံစူးစိုက်သွားစေမယ့် အသားမျိုး ဖြစ်မနေဖို့ အထူးဂရုစိုက်သင့်ပါတယ်။

plus size fashion

မှန်ကန်တဲ့အရောင်ကို ရွေးချယ်ပါ။

အ၀တ်ဗီရိုထဲမှာ အနက်ရောင်တွေ ရှိခြင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပေမယ့်လည်း အရောင်လွင်လွင် တောက်တောက်လေးတွေကိုလည်း ၀တ်ဆင်ကြည့်သင့်ပါတယ်။ သင့်ကို ပိုကြီးသွားသယောင် ထင်ရစေတဲ့ အရောင်ဖျော့၊ အရောင်နုတွေ ၀တ်ဆင်ခြင်းကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။

torrid

အဆင်အကွက်ကြီးကြီးတွေက ရှောင်ကျဉ်ပါ။

အဆင်အကွက်အကြီးကြီးတွေနဲ့ သင့်ဝတ်စုံရဲ့ အကုန်လုံးနီးပါးကို အပြည့်နေရာယူထားတဲ့ အဆင်ကြီးတွေကို အထူး ရှောင်ရှားရပါမယ်။ သင့်ကို ပိုပြီးဝစေနိုင်တဲ့အတွက် အဆင်တွေ၊ အကွက်တွေ ကြိုက်လွန်းတဲ့သူဆိုရင်လည်း ခပ်နုတ်နုတ်၊ သေးသေးကိုသာ ရွေးချယ်သင့်ပါတယ်။

plus size outfits for winter 5 best

သင့်ခန္ဓ္ဓ္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းကို ထင်ရှားစေတဲ့အ၀တ်မျိုးကို ရှောင်ကျဉ်ပါ။

တစ်ယောက်နဲ့တစ်ယောက် ကြီးမားထင်ပေါ်တဲ့ အစိတ်အပိုင်းချင်း မတူကြပါဘူး။ ၀တဲ့သူချင်းအတူတူ တစ်ချို့က လက်မောင်းကြီးသလို တစ်ချို့က ရင်ကြီးတာ၊ ပုခုံးကျယ်တာ စသည်ဖြင့် ရှိကြပါတယ်။ ဒီအခါမှာ ထိုအစိတ်အပိုင်းတွေကို ဇောင်းပေးပြီး ထင်ရှားစေမယ့် အ၀တ်အထည်ဒီဇိုင်းမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

CiiDlAnUgAAARdF

သက်သောင့်သက်သာရှိမှုဟာ အဓိကသော့ချက်ပါ။

သင့်ခန္ဓ္ဓ္ဓာကိုယ်နဲ့ သက်သောင့်သက်သာရှိမယ့်၊ ခန္ဓ္ဓ္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်မယ့် အ၀တ်အစားမျိုးကိုသာ ၀တ်ဆင်ပါ။ ကျပ်ထုတ်နေတဲ့ ဘယ်အရာကိုမဆို ရှောင်ကျဉ်ပါ။ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့ အ၀တ်အစားမျိုးကို ၀တ်ဆင်မှသာ မိမိကိုယ်ကို ယုံကြည်မှု ရှိစေပြီး နေရထိုင်ရ ကောင်းမွန်စေနိုင်ပါတယ်။

badb5315b52e93db34cc3ab9f366be94 trendy plus size dresses plus size skirts

source:AM

Read 1328 times
Rate this item
(0 votes)