What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ပတ်သတ်ပြီး ယုံကြည်မှုရှိလာအောင် ပြောင်းလဲသင့်တဲ့အချက်တွေ

မိန်းကလေးတစ်ယောက်အတွက် အလှဆုံးအချိန်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့အချိန်ပါပဲ။ လူတစ်ယောက်ရဲ့မျက်နာကိုကြည့်လိုက်တာနဲ့ ယုံကြည်မူရှိတဲ့သူလား မရှိတဲ့သူလားဆိုတာ ပေါ်လွင်ပါတယ်။

ဒီနေ့ခေတ်မှာတော့ အဝတ်အစားတွေနဲ့ပတ်သတ်ပီး Fashion show, Magazine တွေ အနပညာရှင်တွေနဲ့ Social Mediaတွေကိုကြည့်ပြီး ယုံကြည်မူတွေပျောက်ဆုံးနေတာ တွေ့ရပါတယ်။ ပိန်တဲ့သူကလည်းပိန်လို့၊ ဝတဲ့သူကလည်းဝလို့၊ ဖြူတဲ့သူတွေကလည်းဖြူလို့၊ မဲတဲ့သူကလည်းမဲလို့၊ ပုတဲ့သူကလည်း ပုလို့ဆိုပြီး ယုံကြည်မူမရှိဖြစ်နေကြပါတယ်။ ဒီလိုလူတွေအတွက် ကိုယ်ရဲ့ဝတ်စားပုံစံမူအပေါ် ယုံကြည်မူရှိအောင် ပြောင်းလဲသင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အဝတ်အစားရွေးချယ်တဲ့အခါပျော်ပျော်ကြီးရွေးချယ်ဝတ်ဆင်ပါ

1 min


အပြင်သွားဖို့အတွက် အဝတ်အစားရွေးချယ်တဲ့အခါ စိတ်ညစ်လိုက်တာ ငါနဲ့ဘာမှအဆင်မပြေပါလားဆိုပြီး အခက်အခဲတစ်ခုလိုတွေးနေမဲ့အစား စိတ်ကြည်ကြည်လင်လင်နဲ့ ရွေးမယ်ဆိုရင်တော ဘာပဲဖြစ်ဖြစ်လိုက်တယ်ဆိုပီး ပျော်ရတယ်၊ အဓိကစိတ်ချမ်းသာရတယ်လေ၊ ကိုယ့်ဘဝမို့လို့ ကိုယ့်စိတ်တိုင်းကျဝတ်ဆင်လိုက်ပါ။

သူများတွေနဲ့မတူပဲထူးခြားနေမှာ၊ ခွဲထွက်နေမှာဝန်လေးမနေပါနဲ့

2 min


အခုခေတ်လူမူကွန်ယက်ကြီးမှာ စက်ရုပ်တွေနဲ့ဖွဲ့စည်းထားသလိုပါပဲ လူတိုင်းက ဒီအဝတ်အစားဆင်တူယိုးမှားတွေကို ဝတ်ဆင်နေကြတာပါ။ တစ်ခုခုနာမည်ကြီးလိုက်တာနဲ့ အားလုံးနီးပါးမှာရှိနေကြတာပါ၊။ သူများတွေနဲ့တူအောင် ကိုယ့်ကိုကို့မပြောင်းလဲပစ်ပါနဲ့။

Style နဲ့Trendခွဲခြားပါ

3 min


Trend ဆိုတာက ခေတ်နဲ့အညီ အချိန်တိုင်းအသစ်တွေ ထွက်နေတာပါ။ အသစ်တွေကအမြဲထွက်နေတာပါ။ လိုက်ဝယ်နေရင်ပိုက်ဆံတွေ ကုန်တာပဲရှိပါတယ်။ နာမည်ကြီးတိုင်း ကိုယ့်ရှဲ့ Style လို့သတ်မှတ်လို့မရပါဖူး။ လိုက်ဖက်မဲ့ Style ကိုရှာတွေ့ရင်Trend ဟုတ်ဟုတ်မဟုတ်ဟုတ် သဘောကျရင်ဝယ်လိုက်ပါ။

Lilly Colins ဆီကနေ သင်ယူသင့်တဲ့ Fashion Lessons

ကိုယ်ပိုင် Style ရှိပါစေ

4 min


လူတိုင်းမှာကိုယ်ပိုင် style ရှိရင်အကောင်းဆုံးပါပဲ။ ကိုယ်နဲ့လိုက်ဖက်မယ့်ပုံစံကိုရှာရတာ တကယ်တော့ခက်ခဲပါတယ်။ ဒါကြောင့် ရှာနေတဲ့အချိန်အတွင်းမှာ style အမျိုးမျိုးကိုစမ်းဝတ်ဆင်ကြည့်ပါ။ ကိုယ့်ရဲ့ signature ပုံစံရှိမှ ဝတ်စားဆင်ယင်တဲ့နေရာမှာ သက်တောင့်သက်သာနဲ့ ယုံကြည်ချက်ရှိရှိနေနိုင်မှာပါ။ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေက သူတစ်ပါးရဲ့ဖန်တီးနိုင်စွမ်းကို မနာလိုအားကျကြတဲ့လူတွေရဲ့ ပြောဆိုခြင်းကိုခံရမှာဓမ္မတာပါပဲ။

ကဲ့ရဲ့လှောင်ပြောင်ခြင်းခံရတာကိုဂရုမစိုက်ပါနဲ့

5 min


ကိုယ့်ရဲ့ဝတ်စားမှု၊ နေထိုင်မှုပုံစံတွေကို လာကဲ့ရဲ့လည်း အေးအေးဆေးဆေးသာ ပြန်လည်တုံ့ပြန်လိုက်ပါ။ ပြန်ချေပရင်ဂရုစိုက်ရာ အလေးထားရာရောက်ပါတယ်။ အင်္ကျီပုံမကျလို့၊ ဘောင်းဘီတိုလွန်းလို့၊ အနွေးထည်ဝတ်လို့၊ ဒေါက်ဖိနပ်ကြီးစီးလို့၊ ပဲများလို့၊ မိတ်ကပ်ထူလို့၊ နှုတ်ခမ်းနီအရောင်တောက်လို့ဆိုပြီး အမျိုးမျိုး မရိုးနိုင်အောင်လာပြောနေရင်လည်း ဂရုမစိုက်ပါနဲ့။

 

Source:we media

Read 2212 times
Rate this item
(1 Vote)