What's new

×

Warning

JUser: :_load: Unable to load user with ID: 845


“ ရုပ်ရှင်မင်းသမီးရှုံးလောက်မယ့်ဒီဇိုင်းရွေးချယ်နည်း ”

ရုပ်ရှင်မင်းသမီးအဆိုတော်သရုပ်ဆောင်တွေကိုဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက်အမြဲလန်းနေဆန်းနေတာသတိထားမိမှာပေါ့။

သူတို့တွေကဖက်ရှင်ကိုကောင်းကောင်းနားလည်ပြီးလိုက်ဖက် ညီအောင်ဝတ်စားတတ်လို့ပေါ့။ကိုယ်တွေလည်းသူတို့လိုပဲအမိုက်စားတွေလိုက်ဝတ်လို့ရပါတယ်။ ဈေးကြီးပေးပြီးဝယ်တဲ့အဝတ်အစားတွေကမှအမိုက်စားဒီဇိုင်းပေးနိုင်တာမဟုတ်ပါဘူး။တွဲဖက်ဝတ် ဆင်တတ်ရင်ဘယ်အဝတ်အစားနဲ့မဆိုမင်းသမီးရှုံးအောင်ဝတ်လို့ရပါတယ်။
- မျှမျှတတဝတ်စားခြင်း
အပေါ်ကဝတ်မယ့်အဝတ်အစားနဲ့အောက်ကဝတ်မယ့်အဝတ်အစားမျှမျှတတဖြစ်ဖို့လိုပါတယ်။မင်းသမီး မော်ဒယ်တွေကိုသတိထားကြည့်ကြည့်ပါ။အကျီင်္လက်အတိုအရှည်တွေဘောင်းဘီစကပ်အတိုအရှည်တွေကိုမျှမျှတတဝတ်စားလေ့ရှိပါတယ်။ဥပမာစကပ်အတိုလေးဝတ်မယ်ဆိုရင်အပေါ်က အကျီင်္လက်ရှည်နဲ့တွဲဝတ်လိုက်တာမျိုးပေါ့။
- တစ်ရောင်ထည်းရွေးခြင်း
အဆင့်တန်းမြင့်ပြီးဈေးကြီးသယောင်ထင်ရစေတဲ့အဝတ်အစားဒီဇိုင်းမျိုးဝတ်မယ်ဆိုရင်တော့တစ်ရောင် ထည်းကိုရွေးဝတ်ပါ။အနက်ရောင်ဂျာကင်ကိုအနက်ရောင်ဘောင်းဘီနဲ့တွဲဝတ်ပြီးဖိနပ်ကောအိတ်ကိုပါ အနက်ရောင်ရွေးချယ်ဝတ်ဆင်လိုက်တာမျိုးကိုဆိုလိုတာပါ။အဖြူရောင်ကကျော့ရှင်းပြီးအဖိုးတန်တဲ့အသွင်ကိုပေးနိုင်တာကြောင့်အဖြူရောင်ဂါဝန်တစ်ထည်ကိုဒေါက်အဖြူလေးနဲ့တွဲဝတ်ပေးလည်း အဆင်ပြေပါတယ်။
-  ဂါဝန်နဲ့ကုတ်အရှည်
ဂါဝန်ဝတ်မယ်ဆိုရင်အခုခေတ်စားနေတာကအပေါ်ကနေဂါဝန်ထက်ပိုရှည်တဲ့ကုတ်အင်္ကျီတစ်ထည်ထပ်ဝတ်တာမျိုးပါ။ဒူးဖုံးဂါဝန်ဝတ်မယ်ဆိုရင်အပေါ်ကနေခြေမျက်စိလောက်အထိရှည်တဲ့ကုတ်အကျီင်္ အရှည်ထပ်ဝတ်ပေးတာမျိုးပေါ့။
- နေကာမျက်မှန်
နေကာမျက်မှန်ကလန်းပြီးမိုက်တဲ့ဒီဇိုင်းလိုချင်သူတွေအတွက်မရှိမဖြစ်ပါ။တွေ့ကရာနေကာမျက်မှန် လိုက်ဝယ်တပ်လို့တော့မရပါဘူး။မျက်မှန်ကိုင်းဒီဇိုင်းဆန်းတာကိုရွေးတပ်ပါ။ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့အရောင်ဆိုပိုကောင်းပါတယ်။
- အရောင်ထင်းထင်းတစ်ခုထည့်ပေါင်းခြင်း
တစ်ကိုယ်လုံးဝတ်ထားတဲ့အဝတ်အစားတွေကအရောင်ဖျော့ဖျော့တွေဖြစ်နေတယ်ဆိုရင်အရောင် တောက်တောက်ထင်းထင်းတစ်ခုကိုထည့်ပေါင်းလိုက်ပါ။ဖိနပ်အနီရဲရဲတစ်ရံစီးလိုက် တာမျိုး ဒါမှမဟုတ်ပိုက်ဆံအိတ်အရောင်တောက်တောက်ကိုင်လိုက်တာမျိုးပေါ့။ဒါဆိုရင်အများကြားမှာ ထင်ရှားပြီးအများသတိထားမိစေမှာပါ။

Read 1364 times
Rate this item
(1 Vote)