What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုဆိုးဝတ်ပုံကိုကြည့်ပြီး စိတ်နေသဘောထားလေးတွေ မှန်းဆကြည့်ရအောင်

ပုဆိုးဝတ်ပုံကိုကြည့်ပြီး စိတ်နေသဘောထားလေးတွေ မှန်းဆကြည့်ရအောင် facebook

ဒီတစ်ခေါက်မှာတော့ ပုဆိုးဝတ်ပုံကိုကြည့်ပြီး စိတ်နေသဘောထားလေးတွေ မှန်းဆကြည့်ပုံကို textile ပရိတ်သတ်ကြီးသိအောင် မျှဝေပေးလိုက်ပါတယ်နော်

ပုဆိုးမှာ ပါတဲ့ အမြိတ်ကို ဘယ်ဘက်မှာ ထားဝတ်လား၊ ညာဘက်ထားလား။ တချို့ကျတော့လဲ ခလယ်မှာ ထား၍အထဲထည့်ပြီး မမြင်အောင် ဝတ်တာလား။ ဒါမှမဟုတ် တင်ပါးအနောက်ဘက်မှာ ထားတာလားဆိုတဲ့ အချက်လေးတွေက ပုဆိုးဝတ်တဲ့ ယောင်္ကျားလေးတွေရဲ့ စိတ်ခံစားမူကိုမှန်းဆလို့ရတယ် ဆိုတာပါပဲ။ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပုဆိုးအမြိတ်ကို ညာဘက်မှာထားဝတ်သူတွေက အမြဲသပ်သပ်ရပ်ရပ် ပြင်ဆင်နေတတ်တဲ့သူတွေပါ။ သူတို့တွေက အရာရာကို သေချာ စီစဉ်လေ့ရှိပြီးမှ အလုပ်လုပ်တတ်ကြပါတယ်။ အသေးအဖွဲလေးတွေကို လစ်လျူမရှုတတ်တဲ့သူတွေပါ။ အများအားဖြင့် ညာသန်တွေက ဒီလိုဝတ်တတ်ကြပါတယ်။အကယ်လို့ သင်ဟာ ဘယ်သန်ဖြစ်ရင် အများနဲ့မတူတဲ့ ထူးခြားမူတစ်ခု ပိုင်ဆိုင်ထားသူပါ။ ဖန်တီးတွေးခေါ်မှုတွေမှာ အားသာပါလိမ့်မယ်။ အောင်မြင်မှုနဲ့ စီးပွားရေးအတွက် အများကြီးရင်းနှီးရတဲ့အတွက် မိသားစုနဲ့အချစ်ရေးမှာ အားပျော့လာနိုင်ပါတယ်။ တစ်ခါတရံ မပြေလည်မှုတွေရင်ဆိုင်ရပေမယ့် ဘယ်တော့မှ မဆင်းရဲပါဘူး။ ကူညီမယ့်သူတွေ ပေါများပါလိမ့်မယ်။ အချစ်ရေးမှာ ကိုယ်ပေးသလောက်ပြန်လိုချင်ပေမယ့် ကံတော့ မကောင်းပါဘူး။ ချစ်သူရဲ့ သံသယဝင်မှုတွေကို အမြဲဖြေရှင်းနေရတတ်သူပါ။

ပုဆိုးအမြိတ်ကို ဘယ်ဘက်မှာ ထားဝတ်တတ်သူတွေက လူအများနဲ့ စကားပြောရာမှာ လိုက်လျောညီတွေ နေတတ်သူတွေပါ။ အရမ်းလည်း အလိုက်သိတတ်သူပါ။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တစ်ဆင့်ချင်းစီ သေချာ ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမယ့် အားနည်းချက်က တစ်ခါတစ်လေ သင်ဖြေရှင်းလိုက်တာဟာ မှန်ကန်နေပေမယ့် သဘာဝမကျမှုတွေ လူလက်မခံမှုတွေနဲ့ ကြုံရတတ်ပါတယ်။ စီးပွားရေးလုပ်ဖို့ကိုလဲ စနှစ်တကျတွေးပြီး ချင့်ချိန်နေတဲ့အတွက် ကြန့်ကြာမူတွေဖြစ်တတ်ပါတယ်။ အသက် ၂၀ နဲ့ ၂၅ အတွင်းမှာ အပြောင်းအလဲကြီး တစ်ခုကြုံနိုင်ပါတယ်။ အတတ်ပညာတစ်ခုခုကိုရင်းပြီး အောင်မြင်မှုရနိုင်ပါတယ်။ အချစ်ရေးမှာ တခါတရံ ပြဿနာအကြီးအကျယ် တက်နိုင်ပေမယ့် အဆင်ပြေပါတယ်။

ပုဆိုးအမြိတ်ကို အတွင်းထဲမှာ ထည့်ပြီးခေါက်ဝတ်တတ်သူတွေကတော့ အရာရာကို လျှို့ဝှက်စွာနေတတ်တဲ့သူတွေပါ။ သူများ အထင်သေးမှာ သူများ အမြင်စောင်းမှာကို စိတ်ပူတတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ထူးခြားချက်ကတော့ လူတွေနဲ့အမြဲ သဟဇာတ ဖြစ်အောင်နေတတ်ပြီး သူငယ်ချင်းပေါများသူတွေဖြစ်နေတတ်ပါတယ်။ ကလေးဆန်တဲ့စိတ်ကလေးရှိနေတတ်ပြီး လူကြီးဆန်ဆန် တွေးတောဆင်ခြင်ဖို့ အမြဲကြိုးစားနေသူတွေပါ။ စီးပွားရေးမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေ အများကြီးရင်ဆိုင်ရတတ်ပါတယ်၊ ဆက်ကြိုးစားပါ တကယ်အောင်မြင်တဲ့သူဖြစ်လာမှာပါ။ သူတို့တွေဟာ အချစ်ရေးမှာ ဗျာများနေတဲ့သူတွေပါ။ အကြိုက်မတွေ့တာတွေ ကြာလာလို့မကြိုက်တော့တာတွေ ဖြစ်တတ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ပုဆိုးအမြိတ်ကို တင်ပါးအနောက်ဘက်မှာ ထားဝတ်သူတွေပါ။ သူတို့တွေက လူအများရဲ့ ချစ်ခင်မှုကို အမြဲခံယူနေရသူတွေပါ။ ဒါပေမယ့် တကယ့် သူငယ်ချင်းအဖော် စစ်စစ်တော့ ရှားပါလိမ့်မယ်။ အနုပညာမှာ စိတ်ဝင်စားတတ်ကြပါတယ်။ ရှုပ်ရှုပ်ထွေးထွေး လုပ်သော သူများကြား စိတ်သောကဖြစ်စရာများ ကြုံရနိုင်ပါသည်၊ ဥပမာ အိမ်ခြံမြေကိစ္စနဲ့ပတ်သတ်ပြီး အရှုပ်အရှင်းတွေ ရှင်းနေတတ်ရပါတယ်။ စီးပွားရေးထက် ပျော်ရွှင်မူနဲ့ မိသားစုကို ဦးစားပေးတတ်သူတွေပါ။ ခံစားလွယ်သူတစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးကို ဦးစားပေးလွန်းရင် ပြဿနာတွေကြုံလာနိုင်ပါတယ်။ ကိုယ်ချစ်ထက် သူချစ်ကို ဦးစားပေးသင့်ပါတယ်။

 

Source: Mr.Pasoe

Myanmar Textile and Garment Directory

Read 3468 times
Rate this item
(1 Vote)
Tagged under