What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပေါ့ပေါ့ပါးပါး free style ဖက်ရှင်များ

လွတ်လပ်ပေါ့ပါးတဲ့ free style ကိုပဲ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ T shirt နဲ့ ဂျင်းဘောင်းဘီကိုပဲ မြင်တတ်ကြတယ်ဆို မငြင်းလောက်ပါဘူးနော်။ ဒီလိုပုံစံမျိုး ဘယ်အချိန်ပဲ ကြည့်ကြည့် အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်လည်း ကျနေတတ်တဲ့ Lisa ရဲ့ဖက်ရှင်တွေထဲက ကိုယ်တိုင်လိုက်ဝတ်လို့ အဆင်ပြေမယ့် free style လေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်နော်..။

 

Trip skater jean နဲ့ T shirt

9 Mix and Match Jeans Ala Lisa Blackpink, Bikin Gak Mati Gaya

ပွပွယောင်းယောင်း ဘောင်းဘီအရှည် trip skater jean ကို ရိုးရိုးရှင်းရှင်းပဲ t shirt အဖြူလေးနဲ့ တွဲဝတ်ထားခြင်းဖြစ်ပါတယ်။ တီရှပ်ကို ဘောင်းဘီထဲကို ထည့်ဝတ်ထားတဲ့ ပုံစံက ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှု ရှိနေပါတယ်နော်။ ဒီလိုဝတ်ဆင်မှုက sneaker ဖိနပ်လေးနဲ့ဆို လုံးဝ perfect ဖြစ်သွားစေတဲ့ ဖက်ရှင်ပါ။ ထူးထူးခြားခြား ဘာမှပြင်ဆင်စရာမလိုပဲကို စတိုင်လ်ကျနေစေမှာ ဖြစ်ပါတယ်။

 

Blazer coat နဲ့ ဘောင်းဘီရှည်

Queen Of Style: BLACKPINK's Lisa's Off-Duty Outfits To Inspire Your  Wardrobe – KDrama Fandom

ရာသီဥတုက အအေးဓာတ်လေး မပြယ်သေးတဲ့ ခုလိုအချိန်မျိုးမှာ ဝတ်ဖို့အဆင်ပြေတဲ့ ဖက်ရှင်ဖြစ်ပြီးတော့ ခရီးတွေဘာတွေ သွားတဲ့အခါမှာလည်း ဖက်ရှင်ကျကျနဲ့ ဝတ်လို့ရတဲ့ စတိုင်လ်မျိုး ဖြစ်ပါတယ်။ တီရှပ်အနက်ရောင်နဲ့ ဂျင်းဘောင်းဘီရှည်ကိုမှ အပေါ်ကနေ blazer coat လေးထပ်ဝတ်ထားတဲ့ ပုံစံလေးက ဘာမှကို အပိုအလိုမရှိတဲ့ စတိုလ်ဖြစ်ပါတယ်။ ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာမလိုတဲ့ ဖက်ရှင်အပြင်အဆင်ဖြစ်ပြီး ပေါ့ပါးစတိုလ်ကျစေပါတယ်နော်။

 

Hoddies နဲ့ ဂျင်းဘောင်းဘီအရှည်

Blackpink Hoodie Outfit - blackpink reborn 2020

Hoddies ဆိုတာကတော့ ပေါ့ပါးမှုနဲ့ လူငယ်ဆန်မှုကို ပေါင်းစပ်ထားတဲ့ အင်္ကျီ ဖြစ်ပြီး ဂျင်းဘောင်းဘီရှည်ကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရုံနဲ့ ဘာမှထပ်ပြင်ဆင်နေစရာမလိုအောင်ကို လိုက်ဖက်နေပါပြီနော်။ ဒီထက်ပိုမိုက်သွားချင်ရင်တော့ sneaker လေးစီးလိုက်ရုံပါပဲ။

 

T shirt အဖြူနဲ့ ဘောင်းဘီရှည်

Sung Hoon Splits His Legs to 180 Degrees and Attempts the Bottle Cap  Challenge - Koreaboo

T shirt အဖြူလေးတစ်ထည်ကတော့ မိန်းကလေးတိုင်းမှာ ရှိသင့်ပြီး ဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေပါတယ်။ တီရှပ်အဖြူလေးကို အပျော့သား ဘောင်းဘီရှည်လေးနဲ့ တွဲဝတ်လိုက်တဲ့အခါ ခန္ဓာကိုယ်နဲ့ fitting ကျပြီးတော့ တကယ့်ကို မိုက်တဲ့ ဖက်ရှင်လေး ဖြစ်သွားစေပါတယ်။

 

Myanmar Textile & Garment Guide

Source:AM

Read 2362 times
Rate this item
(1 Vote)