What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတွေအနေနဲ့ စိတ်ခံစားချက်အခြေအနေပေါ် လိုက်ပြီး ရွေးချယ်ဝတ်ဆင်သင့်တဲ့ အင်္ကျီအရောင်များ

မိန်းကလေးတွေအနေနဲ့ စိတ်ခံစားချက်အခြေအနေပေါ် လိုက်ပြီး ရွေးချယ်ဝတ်ဆင်သင့်တဲ့ အင်္ကျီအရောင်များ google

ဖက်ရှင်ဆိုတာ မိန်းကလေးတွေအားလုံးအတွက် မရှိမဖြစ် အဓိကကျတဲ့ နေရာမှာ ပါဝင်ပါတယ်။ မိန်းကလေးတွေအများစုအနေနဲ့ စိတ်ခံစားချက်က အမြဲတမ်း ပြောင်းလဲနေတတ်ပါတယ်။

 

ထို့ကြောင့် Fashion အမြင်အရ အင်္ကျီအရောင်ကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်၊ သွားမယ့်နေရာ၊ ဖြစ်လာမယ့် အခြေအနေနဲ့ အချိန်အခါ စတာတွေကိုပါ ကြည့်သင့်ပါတယ်နော်။

 

ဒီတော့ ကိုယ့်အနေနဲ့ရော ဘယ်လိုအခြေအနေ အချိန်အခါမျိုးတွေမှာ ဘယ်လို အင်္ကျီအရောင်တွေကို ရွေးချယ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) လိုက်လျောညီထွေဖြစ်စေမယ့် မီးခိုးနဲ့ အနက်

Patchwork O-Neck အနက်ရောင်အသေးစားဂါ ၀ န်ကို ၀ ယ်ပါ။  အခမဲ့ပို့ဆောင်ခြင်းနှင့်အခွန်မဆောင်ပါ WoopShop ®

 

မီးခိုးနဲ့ အနက်ရောင်တို့ကတော့ ဘယ်တော့မှ ရိုးမသွားမယ့် ခေတ်မီတဲ့ အရောင်နှစ်ရောင်ပဲဖြစ်ပါတယ်။ အဖြူတောင် ခေတ်မစားတဲ့ အချိန်ဆိုတာ ရှိဦးမယ်။ နောက်ပြီး မီးခိုးနဲ့ အနက်ရောင်ဟာ ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေဖြစ်စေတယ်၊ ကိုယ့်ကိုလည်း ပိုပြီး ပေါ်လွင်စေနိုင်တယ်။ ဒါကြောင့် အလုပ်နဲ့ပတ်သက်တဲ့ ပွဲတွေ သွားတဲ့အခါမျိုး၊ ဟောပြောပွဲတွေ တက်တဲ့အခါမျိုးမှာ အရမ်းလည်း မထင်ပေါ်ချင်ဘူး၊ အရမ်းလည်း ကိုယ်ရောင်မပျောက်ချင်ဘူးဆိုရင် မီးခိုးဝမ်းဆက် ဒါမှမဟုတ် အမည်းဝမ်းစက်ကိုသာ ဝတ်သွားလိုက်ပါ။

 

(၂) ဖန်တီးမှုစွမ်းရည်ကို ပေါ်လွင်စေတဲ့ အစိမ်းရောင်

 

အစိမ်းရောင်ဆိုရင် အရမ်းမတောက်တဲ့ အစိမ်းရောင်နဲ့ အရောင်ပုတ်ပုတ်တွေဟာ သဘာဝအဆန်ဆုံး ဖြစ်တာကြောင့် စိတ်တည်ငြိမ်မှုကို ဖြစ်စေတယ်၊ ကိုယ့်ရဲ့ ဖန်တီးနိုင်မှုစွမ်းအားတွေကို ပိုပေါ်လွင်စေပါတယ်။ ဒါကြောင့် စာမေးပွဲစစ်တဲ့အခါမျိုးတွေမှာ၊ လူအများရှေ့မှာ စကားထွက်ပြောရတာမျိုးတွေမှာဆိုရင် အစိမ်းရောင်ကို ဝတ်ပေးသင့်ပါတယ်။

 

(၃) နွေးထွေးမှုကို ကိုယ်စားပြုတဲ့ အဝါရောင်

အဝါရောင်ဟာဆိုရင် နေရောင်ခြည်ခပ်နွေးနွေးလေးကို ထိတွေ့လိုက်သလိုပဲ တစ်ဖက်လူဟာ ကိုယ့်ကို ခံစားမိမှာပါ။ အဝါရောင်ဟာ ပျော်ရွှင်ခြင်း၊ နွေးထွေးမှု၊ အနုပညာဆန်မှုတို့ကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ အဝါရောင်ကို သိပ်မကြိုက်တတ်ကြပါဘူး။ အဝါရောင်ကြိုက်တဲ့လူတွေဟာ တခြားလူတွေထက်စာရင် အကောင်းမြင်စိတ် ပိုများတယ်လို့လည်း ပြောကြပါတယ်။

 

(၄) အကောင်းမြင်စိတ်ကို ကိုယ်စားပြုတဲ့ ပန်းနုရောင်

 

Womens Crepe wide-leg pants Pink, Brandon Maxwell Pants | Sojournalpix

ပန်းရောင်ဆိုတာ မိန်းကလေးတွေတော်တော်များများရဲ့ အကြိုက်ဆုံးအရောင်လို့ ဆိုရမှာပါပဲ။ နောက် ပန်းရောင်ဟာ ရင်းနှီးမှုကို ပိုဖြစ်စေတယ်၊ communication ကောင်းစေတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ impression ကို မြှင့်တင်ပေးတဲ့ အရောင်၊ အကောင်းမြင်စိတ်ရှိကြောင်း ပြသနိုင်တဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် တွေ့ဆုံပွဲတွေပဲဖြစ်ဖြစ်၊ မိတ်ဆွေအသစ်တွေနဲ့ တွေ့ရမယ့်နေရာမျိုးမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ပဲဖြစ်ဖြစ်ဆိုရင်တော့ ပန်းနုရောင်ကို ဝတ်ဆင်သင့်ပါတယ်။

 

(၅) အဓိပ္ပာယ်များစွာရှိတဲ့ အဖြူရောင်

Line & Dot Synthetic Royale Sequin Maxi Dress in White - Lyst

အဖြူရောင်ဟာ မြင်လိုက်သူတိုင်း စိတ်ကို ငြိမ်းချမ်းစေတယ်၊ သန့်ရှင်းတဲ့ ခံစားချက်ကို ပေးတဲ့အပြင်ကိုမှ ကိုယ်ဟာ စည်းစနစ်ကျတဲ့ လူတစ်
ယောက်ဆိုတာလည်း ပေါ်လွင်စေပါတယ်။ အဖြူရောင်ကို ဝတ်ဆင်သင့်တဲ့အချိန်တွေကတော့ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ခံစားနေရချိန်၊ မိသားစုတွေ့ဆုံပွဲတွေနဲ့ ဖန်တီးမှုစွမ်းအားတွေကို အခြေခံထားတဲ့ အလုပ်အင်တာဗျူးတွေ၊ ထိပ်တန်းအစည်းအဝေးပွဲတွေမှာ ဝတ်ဆင်နိုင်ပါတယ်။

 

(၆) အလုပ်အကိုင်အတွက် အပြာရောင်

An entry from Mini Lemon | Work fashion, Work outfits women, Spring work  outfits

၂၀၁၃ ခုနှစ်တုန်းက CareerBuilder ရဲ့ စစ်တမ်းကောက်ချက်အရ မန်နေဂျာ ခန့်ဖို့ အင်တာဗျူးတွေခေါ်တဲ့အခါမှာ အပြာရောင်ဝတ်ထားတဲ့လူတွေကို အများဆုံး အလုပ်ခန့်လေ့ရှိတယ်လို့ သိခဲ့ရပါတယ်။ အပြာရောင်ဟာ ယုံကြည်ကိုးစားမှုကို ရစေတယ်၊ အထင်ကြီးလေးစားစေတယ်၊ နောက်ပြီးပြည့်စုံခြင်းကို ကိုယ်စားပြုပါတယ်နော်.။

 

(၇) အနီရောင်နဲ့ ရိုမန့်တစ်ဆန်ခြင်း

Red Dress || Outfit Ideas || Wedding Guest Dress || Holiday Outfit Ideas ||  Falling for Beige | Party dress classy, Women dresses classy, Red dress  outfit

 

ချစ်သူနဲ့တွေ့တော့မယ်ဆိုရင် မိန်းကလေးတွေအနေနဲ့ တော်တော်များများ ပန်းရောင်လေးတွေကို ရွေးတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း ရိုမန့်တစ်ဆန်စေတဲ့ စိတ်ခံစားချက်ကို ပေးနိုင်တာကတော့ အနီရောင်ပါတဲ့။ အနီရောင်တောက်တောက်နဲ့ ကြက်သွေးရောင်တို့ဟာ ကောင်လေးတွေရဲ့ စိတ်ခံစားချက်ကို ပိုလေးနက်စေပြီး ဆွဲဆောင်မှု အားပြင်းတယ်လို့လည်း ထင်စေပါတယ်။ ဒါကြောင့် ဒိတ်လုပ်တဲ့အခါ အနီရောင်လေးကို ရွေးဝတ်ကြည့်ပါနော်။

 

Source:auntymay.com

Read 712 times
Rate this item
(0 votes)